Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် အောက်လွှတ်တော်အမတ် ဖြစ်လာတော့မယ့် Generation Z

အမေရိကန် အောက်လွှတ်တော်ရဲ့ အသက်ကန့်သတ်ချက်အရ ရွေးကောက်ခံ ပုဂ္ဂိုလ်ဟာ ၁၉၉၇ ခုနှစ်မှာ မွေးဖွားပြီး အသက် ၂၅ နှစ် ပြည့်ထားသူ ဖြစ်ဖို့ လိုပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အမေရိကန် အောက်လွှတ်တော်အမတ် ဖြစ်လာတာမျိုးက ရှားပေမယ့် ဖရော့စ်က ပထမဆုံးတော့ မဟုတ်ပါဘူး။

အမေရိကန် အောက်လွှတ်တော်အမတ် ဖြစ်လာတော့မယ့် Generation Z
အမေရိကန် အောက်လွှတ်တော်အမတ် ဖြစ်လာတော့မယ့် Generation Z

အမေရိကန် ကြားကာလ ရွေးကောက်ပွဲတွေရဲ့ ရလဒ်အရ ဒီမိုကရက် ပါတီဝင် မက်စ်ဝဲလ်ဖရော့စ်ဟာ ပထမဆုံးသော Generation Z အောက်လွှတ်တော်အမတ် ဖြစ်လာတော့မှာပါ။

အသက် ၂၅ နှစ်သာ ရှိသေးတဲ့ ဖရော့စ်ဟာ မျက်မှောက်ခေတ် မျိုးဆက်သစ်တွေလို့ သတ်မှတ်ထားတဲ့ Generation Zတွေထဲမှာ အောက်လွှတ်တော် အမတ်နေရာအတွက် ရွေးကောက်ခံရတဲ့ ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာပါတယ်။ မဲရလဒ်တွေ အတည်ပြုပြီးချိန်မှာပဲ Twitterနဲ့ တခြား လူမှုကွန်ရက်တွေပေါ်မှာ ဖရော့စ်ရဲ့ အောင်ပွဲကို ကြိုဆို ဂုဏ်ပြုမှုတွေ အမြောက်အမြား ရှိလာခဲ့ပါတယ်။

ဖရော့စ်ရဲ့ အောင်မြင်မှုဟာ ကြိုတင် မျှော်လင့်မထားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ သူဟာ အောက်လွှတ်တော်မှာ လူငယ်တွေ ပိုမိုခွင့် ရရှိရေး၊ သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး၊ ကမ္ဘာ့ရာသီဥတု ထိန်းသိမ်းရေး၊ ကိုယ်ဝန်ဖျက်ချခွင့် လွတ်လပ်စွာ ဆုံးဖြတ်နိုင်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု မူဝါဒသစ်ဆိုင်ရာ မဲဆွယ်မှုတွေကို ကိုင်ဆွဲပြီး ဖလော်ရီဒါပြည်နယ်ရဲ့ အမှတ် ၁၀ ခရိုင်နယ်မြေမှာ ဝင်ရောက် ယှဉ်ပြိုင်ကတည်းက မဲဆန္ဒရှင်တွေ သဘောကျခဲ့သူ ဖြစ်ပါတယ်။

ကြားကာလ ရွေးကောက်ပွဲ မတိုင်ခင် ၄ ရက်လောက် အလိုက မဲဆွယ် မိန့်ခွန်းတစ်ခုမှာ ဖရော့စ်က သူဟာ လက်နက် ထိန်းချုပ်ရေးကို တက်တက်ကြွကြွ ဦးဆောင် လှုပ်ရှားခဲ့ကြောင်း၊ အကြောင်းကတော့ စာသင်နေရင်း ပစ်သတ်ခံရတာမျိုး မကြုံချင်လို့ဖြစ်ကြောင်း ပြောခဲ့ဖူးပါတယ်။ ၂၀၁၂ ခုနှစ်က ကွန်နက်တီကက်မှာရှိတဲ့ နယူတန်မြို့မှာ အစုလိုက် အပြုံလိုက် ပစ်ခတ်မှု ဖြစ်ပွားပြီးချိန် ကတည်းက သူဟာ သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး တက်ကြွ လှုပ်ရှားသူ ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် အောက်လွှတ်တော်ရဲ့ အသက်ကန့်သတ်ချက်အရ ရွေးကောက်ခံ ပုဂ္ဂိုလ်ဟာ ၁၉၉၇ ခုနှစ်မှာ မွေးဖွားပြီး အသက် ၂၅ နှစ် ပြည့်ထားသူ ဖြစ်ဖို့ လိုပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အမေရိကန် အောက်လွှတ်တော်အမတ် ဖြစ်လာတာမျိုးက ရှားပေမယ့် ဖရော့စ်က ပထမဆုံးတော့ မဟုတ်ပါဘူး။

၂၀၂၀ ပြည့်နှစ်တုန်းကလည်း ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု မက်ဒီဆန် ကော်သွန်ဟာ မြောက်ကာရိုလိုင်းနားကနေ အောက်လွှတ်တော် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ အရှုပ်တော်ပုံတွေကြောင့် အခုနှစ် အစောပိုင်းမှာ သူ့ရဲ့ အောက်လွှတ်တော်အမတ် နေရာကို ကော်သွန်က စွန့်လွှတ်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook