Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယ်စပ်နားမှာ ရုရှားနဲ့ တရုတ် လေယာဉ်တွေ လှုပ်ရှားနေလို့ တောင်ကိုရီးယား တိုက်လေယာဉ်တွေ စောင့်ကြည့်ခဲ့ရ

တောင်ကိုရီးယား လေပိုင်နက် အပြင်ဖက်က လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်ထားရာ ဧရိယာကို တရုတ်လေယာဉ် ၂ စီးနဲ့ ရုရှား လေယာဉ် ၆ စီးတို့ နိုဝင်ဘာ ၃၀ ရက်က ဝင်ရောက် ပျံသန်းခဲ့တာလို့ သိရပါတယ်။

နယ်စပ်နားမှာ ရုရှားနဲ့ တရုတ် လေယာဉ်တွေ လှုပ်ရှားနေလို့ တောင်ကိုရီးယား တိုက်လေယာဉ်တွေ စောင့်ကြည့်ခဲ့ရ
နယ်စပ်နားမှာ ရုရှားနဲ့ တရုတ် လေယာဉ်တွေ လှုပ်ရှားနေလို့ တောင်ကိုရီးယား တိုက်လေယာဉ်တွေ စောင့်ကြည့်ခဲ့ရ

ရုရှားနဲ့ တရုတ် စစ်လေယာဉ်တွေက နိုင်ငံရဲ့ လေကြောင်း ကာကွယ်ရေးဇုန်ထဲ ဝင်ရောက်လာလို့ တိုက်လေယာဉ်တွေ စေလွှတ်ပြီး လုံခြုံရေး စောင့်ကြပ်စေခဲ့ရကြောင်း တောင်ကိုရီးယား စစ်ဘက်က ထုတ်ပြန်ပါတယ်။

တောင်ကိုရီးယား လေပိုင်နက် အပြင်ဖက်က လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်ထားရာ ဧရိယာကို တရုတ်လေယာဉ် ၂ စီးနဲ့ ရုရှား လေယာဉ် ၆ စီးတို့ နိုဝင်ဘာ ၃၀ ရက်က ဝင်ရောက် ပျံသန်းခဲ့တာလို့ သိရပါတယ်။

လေကြောင်း ကာကွယ်ရေးဇုန် ဆိုတာက နိုင်ငံအလိုက် လေပိုင်နက်ရဲ့ အပြင်ဖက်မှာ သတ်မှတ်ထားတဲ့ နေရာဖြစ်ပါတယ်။ အဲဒီဇုန်ထဲကို နိုင်ငံရပ်ခြားက လေယာဉ်တွေ ဝင်ရောက်လာရင် ရည်ရွယ်ချက်ကို ကြိုတင်စုံစမ်း မေးမြန်းနိုင်ဖို့ သတ်မှတ်ထားလေ့ ရှိတာမျိုးပါ။

တောင်ကိုရီးယား ပူးပေါင်း စစ်ဆင်ရေး ဌာနချုပ်ရဲ့ အဆိုအရ တရုတ်ရဲ့ H-6 ဗုံးကြဲလေယာဉ် နှစ်စီးဟာ လေကြောင်း ကာကွယ်ရေးဇုန်ထဲမှာ ပျံသန်းခဲ့ပြီးတဲ့နောက် ဂျပန်ပင်လယ် အထက်မှာ ရုရှားရဲ့ SU-35 တိုက်လေယာဉ်တွေ၊ TU-95 ဗုံးကြဲလေယာဉ်တွေနဲ့ သွားရောက် ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပူးပေါင်း စစ်ရေးလေ့ကျင့်နေဟန်ရှိတဲ့ တရုတ်၊ ရုရှား စစ်လေယာဉ်တွေဟာ ၁၈ မိနစ်လောက် အကြာမှာ တောင်ကိုရီးယား လေကြောင်း ကာကွယ်ရေး ဇုန်ထဲက ပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တောင်ကိုရီးယားက တိုက်လေယာဉ်တွေ ပျံတက်ပြီး တုံ့ပြန်ခဲ့ပေမယ့် တရုတ်၊ ရုရှား လေယာဉ်တွေက တောင်ကိုရီးယား လေပိုင်နက်ကို ထိပါး ကျူးကျော်တာမျိုးတော့ မရှိခဲ့ဘူးလို့ ပူးပေါင်း စစ်ဆင်ရေး ဌာနချုပ်က အတည်ပြုပါတယ်။

ဂျပန် ပြည်စောင့်တပ်ရဲ့ လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့ကလည်း တရုတ်နဲ့ ရုရှား စစ်လေယာဉ်တွေ ဂျပန်ပင်လယ်ဖက် ရောက်လာတာကို တိုက်လေယာဉ်တွေ စေလွှတ်ပြီး စောင့်ကြည့်စေခဲ့သေးကြောင်း သိရပါတယ်။

တောင်ကိုရီးယားရဲ့ ပူးပေါင်း စစ်ဆင်ရေး ဌာနချုပ်ကတော့ လေတပ် တိုက်လေယာဉ်တွေဟာ လေပိုင်နက် လုံခြုံရေးအတွက် လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တုံ့ပြန် ဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။

ရုရှားက တောင်ကိုရီးယားရဲ့ လေကြောင်းကာကွယ်ရေးဇုန် သတ်မှတ်ချက်ကို ဘယ်တုန်းကမှ အသိအမှတ် မပြုခဲ့သလို တရုတ်ကလည်း နိုင်ငံတစ်ခုရဲ့ လေပိုင်နက် မဟုတ်တဲ့ နေရာမှာ လွတ်လပ်စွာ ပျံသန်းခွင့် ရှိတယ်လို့ ပြောပါတယ်။ တရုတ်နဲ့ ရုရှားတို့ဟာ ဂျပန်ပင်လယ် တဝိုက်မှာ လေတပ် ပူးပေါင်း စစ်ရေးမှုတွေ လုပ်ဆောင်မယ်လို့ ကြိုတင် ကြေညာထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘရိတ်စနစ်မှာ ချွတ်ယွင်းချက်တွေ ပါနိုင်တာကြောင့် တရုတ် ကားကုမ္ပဏီ BYDဟာ တရုတ်နိုင်ငံမှာ ရောင်းချထားတဲ့ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကား ၁၈၀၀၀၀ ကျော်ကို လာရောက်ပြင်ဆင်ဖို့ ဆက်သွယ်ခေါ်ယူထားပါတယ်။