Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂရိမှာ ရထားနှစ်စီး ခေါင်းချင်းဆိုက်တိုက်ပြီး ၂၉ ဦးထက်မနည်းသေ၊ အများအပြား ဒဏ်ရာရ

ရထားနှစ်စီး တိုက်မိပြီး နောက်ထပ် နာရီပေါင်း အတော်များများ ကြာတဲ့ထိ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေပြီး မီးတွေကိုတော့ ငြှိမ်းသတ်ထားပြီးပါပြီ။

ဂရိမှာ ရထားနှစ်စီး ခေါင်းချင်းဆိုက်တိုက်ပြီး ၂၉ ဦးထက်မနည်းသေ၊ အများအပြား ဒဏ်ရာရ
ဂရိမှာ ရထားနှစ်စီး ခေါင်းချင်းဆိုက်တိုက်ပြီး ၂၉ ဦးထက်မနည်းသေ၊ အများအပြား ဒဏ်ရာရ

ဂရိနိုင်ငံမှာ ရထားနှစ်စီး ခေါင်းချင်းဆိုင် တိုက်မိရာက ၂၉ ဦးထက်မနည်းသေပြီး ၈၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က လူပေါင်း ၃၅၀ လောက် လိုက်ပါလာတဲ့ ခရီးသည်တင် ရထားဟာ ကုန်တင်ရထား တစ်စီးနဲ့ ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။ တိုက်မိတဲ့ အရှိန်ကြောင့် နှစ်စီးစလုံးက ရထားတွဲတွေ သံလမ်းပေါ်ကနေ ချော်ထွက်ကုန်သလို မီးစွဲလောင်တာတွေလည်း ဖြစ်ခဲ့ပါတယ်။

ခရီးသည်တင် ရထားဟာ အေသင်မြို့တော်ကနေ မြောက်ပိုင်းမှာရှိတဲ့ နိုင်ငံရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ သက်ဆာလွန်နီကီကို ဦးတည် ခုတ်မောင်းချိန်မှာ အခုလို ဆိုးရွားလှတဲ့ မတော်တဆမှုနဲ့ ကြုံတွေ့ခဲ့တာပါ။ ကုန်တင် ရထားကတော့ သက်ဆာလွန်နီကီကနေ လာရစ်ဆာ ဒေသဆီ ဦးတည်နေခဲ့တာ ဖြစ်ပါတယ်။ ရထားနှစ်စီးလုံးရဲ့ ခေါင်းတွဲတွေကတော့ ဆိုးဆိုးရွားရွား ကြေမွပျက်စီးကုန်တဲ့အပြင် မီးပါ လောင်သွားခဲ့ကြပါတယ်။

အခင်းဖြစ်တဲ့ နေရာမှာ မီးသတ်ကားတွေ၊ လူနာတင်ယာဉ်တွေနဲ့ တခြား ကယ်ဆယ်ရေး ယာဉ်တွေ အရေအတွက် ရာနဲ့ချီ စုဝေးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ အသက်ရှင်လျက် လွတ်မြောက်လာတဲ့ ခရီးသည် တော်တော်များများဟာ ဆောက်တည်ရာမရ ထိတ်လန့်ပြီး သွေးပျက် အော်ဟစ်နေခဲ့ကြတယ်လို့ မျက်မြင်တွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရထားနှစ်စီး တိုက်မိပြီး နောက်ထပ် နာရီပေါင်း အတော်များများ ကြာတဲ့ထိ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေပြီး မီးတွေကိုတော့ ငြှိမ်းသတ်ထားပြီးပါပြီ။

ရထားနှစ်စီး ခေါင်းချင်းဆိုင် တိုက်မိရလောက်တဲ့ထိ ဘယ်လို ချွတ်ချော် လွဲမှားမှုတွေ ကြုံခဲ့သလဲ ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေပြီလို့ ဂရိ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆန်နဲ့ ဥရောပ လုံခြုံရေး အရာရှိတွေ နယ်စပ်ဖြတ်သန်းပြီး မကြာခင်မှာပဲ ယူကရိန်း-ပိုလန် နယ်စပ်မှာ ရထားတစ်စီးကို ရုရှားက တိုက်ခိုက်ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

ဂျပန်မှာ ရထားတိုက်ခံရလို့ ဘူတာရုံက အလုပ်သမား ၄ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

Facebook