Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂရိမှာ မီးလောင်ကျွမ်းနေတဲ့ ကူးတို့ ရေယာဉ်ပေါ်က လူ ၁၂ ဦး ပျောက်ဆုံးနေဆဲ

သင်္ဘောပေါ်မှာ ခရီးသည် ၂၄၁ ဦးနဲ့ အမှုထမ်း ၅၁ ဦး လိုက်ပါလာကြောင်း သတင်းတွေက ဖော်ပြပါတယ်။ အများစုကို ကယ်ဆယ်ရေး အဖွဲ့တွေက လှေပေါ်တင်ပြီး ကော်ဖူကျွန်းဖက်ကို ပို့ဆောင် ပေးပြီးပါပြီ။ ဒါပေမဲ့ စာရင်းတွေအရ နောက်ထပ် ၁၂ ဦး ပျောက်ဆုံးနေဆဲလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဂရိနိုင်ငံ ရေပိုင်နက်နားမှာ မီးစွဲလောင်နေတဲ့ ကူးတို့ ရေယာဉ်ကြီးပေါ်က လူ ၁၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဂရိ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

အီတလီအလံ လွှင့်ထူထားတဲ့ Euroferry Olympia ကူးတို့ ရေယာဉ်ကြီးဟာ ဂရိကနေ အီတလီကို ဦးတည် ခုတ်မောင်းနေတုန်း ပင်လယ်ပြင်မှာ ဖေဖော်ဝါရီ ၁၈ ရက်က စတင် မီးလောင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ၂၄ နာရီ ကြာတဲ့ထိ သင်္ဘောပေါ်က မီးတွေ မငြိမ်းသေးပါဘူး။

သင်္ဘောပေါ်မှာ ခရီးသည် ၂၄၁ ဦးနဲ့ အမှုထမ်း ၅၁ ဦး လိုက်ပါလာကြောင်း သတင်းတွေက ဖော်ပြပါတယ်။ အများစုကို ကယ်ဆယ်ရေး အဖွဲ့တွေက လှေပေါ်တင်ပြီး ကော်ဖူကျွန်းဖက်ကို ပို့ဆောင် ပေးပြီးပါပြီ။ ဒါပေမဲ့ စာရင်းတွေအရ နောက်ထပ် ၁၂ ဦး ပျောက်ဆုံးနေဆဲလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပျောက်ဆုံးနေသူ အားလုံးဟာ သင်္ဘောပေါ် ပါလာတဲ့ ထရပ်ကားတွေရဲ့ ယာဉ်မောင်းတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ထရပ်ကား ယာဉ်မောင်းတွေက လူများနေတဲ့ နေရာမှာ မနေကြဘဲ ကိုယ့်ထရပ်ကား အသီးသီးပေါ်မှာပဲ ညအိပ်ဖို့ ရွေးချယ်ခဲ့ကြတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပေ ၆၀၀ ရှည်လျားတဲ့ ရေယာဉ်ကြီးပေါ်မှာ လောလောဆယ်တော့ မီးငြှိမ်းသတ်ရေးကို ဦးစားပေး ဆောင်ရွက်နေဆဲပါ။ ပျောက်ဆုံးနေသူတွေဟာ ဘယ်လ်ဂျီယမ်၊ ဂရိ၊ တူရကီ၊ လစ်သူယေးနီးယား နိုင်ငံသားတွေ ဖြစ်ကြတယ်လို့ ဂရိ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ရေယာဉ်ပေါ်မှာ ဆက်ပြီး မီးလောင်နေဆဲ ဖြစ်တဲ့အတွက် ကယ်ဆယ်ရေးတွေက အတွင်းပိုင်းထဲ ဝင်ရောက်ဖို့ မဖြစ်နိုင်သေးဘဲ မီးကိုပဲ အသည်းအသန် ငြှိမ်းနေရတယ်လို့ ဂရိ ရေလမ်းပို့ဆောင်ရေး ဝန်ကြီး ဂီယန်နစ် ပလာကွိုင်တာကစ်က ပြောပါတယ်။

သင်္ဘောရဲ့ မော်တော်ကားတွေ ထားရှိရာ အထပ်ကနေ မီးစလောင်ခဲ့တာဖြစ်ပြီး အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ကယ်ဆယ်ထားသူ အားလုံးလိုလိုဟာ အခုဆိုရင် ကော်ဖူကျွန်းက ဟိုတယ်တွေမှာ ရောက်ရှိနေကြပါတယ်။

သင်္ဘောပေါ်က မီးတွေ ငြှိမ်းသတ်ပြီးရင် ဆိပ်ကမ်း တစ်ခုခုဆီ ဆွဲယူသွားပြီး နောက်ထပ် အသေးစိတ် စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ရည်ရွယ်ထားကြောင်းလည်း ဂရိ အာဏာပိုင်တွေက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ကူးတို့ရေယာဉ် တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၆ ဦးသေပြီး ၁၃၀ လောက် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။