Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် တောင်ကိုရီးယား သမ္မတတစ်ဦး ဂျပန်ကို အလည်အပတ်သွားရောက်

ယွန်းရဲ့ တိုကျို ခရီးစဉ်ကိုတော့ နှစ်နိုင်ငံ ဆက်ဆံရေးမှာ သမိုင်းဝင် အချိုးအကွေ့ တစ်ခုလို့ လေ့လာသူတွေက သုံးသပ်နေပြီး တစ်ချိန်တည်းမှာပဲ မြောက်ကိုရီးယားကလည်း အဲဒီနေ့ မနက်အစောပိုင်းမှာ တာဝေးပစ် တိုက်ချင်းပစ် ဒုံးကျည် ICBM တစ်စင်း ပစ်ခတ်ပြခဲ့ပါသေးတယ်။

၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် တောင်ကိုရီးယား သမ္မတတစ်ဦး ဂျပန်ကို အလည်အပတ်သွားရောက်
၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် တောင်ကိုရီးယား သမ္မတတစ်ဦး ဂျပန်ကို အလည်အပတ်သွားရောက်

၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယား သမ္မတ တစ်ဦးဟာ ဂျပန်နိုင်ငံကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ခ်ယိုလ်ဟာ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် မတ် ၁၆ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်ကို လေကြောင်းကနေ ဆိုက်ရောက်လာပါတယ်။

တောင်ကိုရီးယားနဲ့ ဂျပန် နှစ်နိုင်ငံစလုံးဟာ အမေရိကန်ရဲ့ အရှေ့အာရှ အမာခံ မဟာမိတ်တွေ ဖြစ်တဲ့တိုင် အချင်းချင်း ကြားမှာတော့ သမိုင်းကြောင်းနဲ့ချီတဲ့ အားပြိုင်မှု၊ ဆက်ဆံရေး တင်းမာမှုတွေ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားရဲ့ ရန်လို ခြိမ်းခြောက်မှုတွေကြောင့် ပြီးခဲ့တဲ့ နှစ်တွေအတွင်း တောင်ကိုရီးယားနဲ့ ဂျပန်တို့ကြား လုံခြုံရေးနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

ယွန်းရဲ့ တိုကျို ခရီးစဉ်ကိုတော့ နှစ်နိုင်ငံ ဆက်ဆံရေးမှာ သမိုင်းဝင် အချိုးအကွေ့ တစ်ခုလို့ လေ့လာသူတွေက သုံးသပ်နေပြီး တစ်ချိန်တည်းမှာပဲ မြောက်ကိုရီးယားကလည်း အဲဒီနေ့ မနက်အစောပိုင်းမှာ တာဝေးပစ် တိုက်ချင်းပစ် ဒုံးကျည် ICBM တစ်စင်း ပစ်ခတ်ပြခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

ဂျပန် အစိုးရ အတွင်းရေးမှူး ဟီရိုကာဇူ မတ်ဆူနိုက မြောက်ကိုရီးယားရဲ့ နောက်ဆုံး ICBM စမ်းသပ်မှုဟာ အဆင်ခြင် ကင်းမဲ့တဲ့ လုပ်ရပ်လို့ ဝေဖန်ပြီး ဒေသတွင်း တည်ငြိမ် အေးချမ်းမှုကို ထိခိုက် နှောင့်ယှက်နေကြောင်း ဝေဖန်သွားပါတယ်။

ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ ၁၉၆၅ ခုနှစ်မှာ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ပေမယ့် နှစ်နိုင်ငံကြား ဆက်ဆံရေးက ရိုလာကိုစတာလို အနိမ့်အမြင့် အတက်အကျပေါင်းစုံ ကြုံခဲ့ပါတယ်။ ဥပမာ အနေနဲ့ ဂျပန်ကိုလိုနီ ဘဝတုန်းက တောင်ကိုရီးယား အမျိုးသမီးတွေကို လိင်ကျွန်အဖြစ် အသုံးပြုခဲ့တဲ့ သမိုင်းမှတ်တမ်းမျိုးက နှစ်နိုင်ငံကြား ဆက်ဆံရေးကို အပြုသဘောနဲ့ တည်ဆောက်ရာမှာ အခက်အခဲတွေ ကြုံတွေ့စေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။