Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် တောင်ကိုရီးယား သမ္မတတစ်ဦး ဂျပန်ကို အလည်အပတ်သွားရောက်

ယွန်းရဲ့ တိုကျို ခရီးစဉ်ကိုတော့ နှစ်နိုင်ငံ ဆက်ဆံရေးမှာ သမိုင်းဝင် အချိုးအကွေ့ တစ်ခုလို့ လေ့လာသူတွေက သုံးသပ်နေပြီး တစ်ချိန်တည်းမှာပဲ မြောက်ကိုရီးယားကလည်း အဲဒီနေ့ မနက်အစောပိုင်းမှာ တာဝေးပစ် တိုက်ချင်းပစ် ဒုံးကျည် ICBM တစ်စင်း ပစ်ခတ်ပြခဲ့ပါသေးတယ်။

၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် တောင်ကိုရီးယား သမ္မတတစ်ဦး ဂျပန်ကို အလည်အပတ်သွားရောက်
၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် တောင်ကိုရီးယား သမ္မတတစ်ဦး ဂျပန်ကို အလည်အပတ်သွားရောက်

၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယား သမ္မတ တစ်ဦးဟာ ဂျပန်နိုင်ငံကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ခ်ယိုလ်ဟာ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် မတ် ၁၆ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်ကို လေကြောင်းကနေ ဆိုက်ရောက်လာပါတယ်။

တောင်ကိုရီးယားနဲ့ ဂျပန် နှစ်နိုင်ငံစလုံးဟာ အမေရိကန်ရဲ့ အရှေ့အာရှ အမာခံ မဟာမိတ်တွေ ဖြစ်တဲ့တိုင် အချင်းချင်း ကြားမှာတော့ သမိုင်းကြောင်းနဲ့ချီတဲ့ အားပြိုင်မှု၊ ဆက်ဆံရေး တင်းမာမှုတွေ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားရဲ့ ရန်လို ခြိမ်းခြောက်မှုတွေကြောင့် ပြီးခဲ့တဲ့ နှစ်တွေအတွင်း တောင်ကိုရီးယားနဲ့ ဂျပန်တို့ကြား လုံခြုံရေးနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

ယွန်းရဲ့ တိုကျို ခရီးစဉ်ကိုတော့ နှစ်နိုင်ငံ ဆက်ဆံရေးမှာ သမိုင်းဝင် အချိုးအကွေ့ တစ်ခုလို့ လေ့လာသူတွေက သုံးသပ်နေပြီး တစ်ချိန်တည်းမှာပဲ မြောက်ကိုရီးယားကလည်း အဲဒီနေ့ မနက်အစောပိုင်းမှာ တာဝေးပစ် တိုက်ချင်းပစ် ဒုံးကျည် ICBM တစ်စင်း ပစ်ခတ်ပြခဲ့ပါသေးတယ်။

ဂျပန် အစိုးရ အတွင်းရေးမှူး ဟီရိုကာဇူ မတ်ဆူနိုက မြောက်ကိုရီးယားရဲ့ နောက်ဆုံး ICBM စမ်းသပ်မှုဟာ အဆင်ခြင် ကင်းမဲ့တဲ့ လုပ်ရပ်လို့ ဝေဖန်ပြီး ဒေသတွင်း တည်ငြိမ် အေးချမ်းမှုကို ထိခိုက် နှောင့်ယှက်နေကြောင်း ဝေဖန်သွားပါတယ်။

ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ ၁၉၆၅ ခုနှစ်မှာ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ပေမယ့် နှစ်နိုင်ငံကြား ဆက်ဆံရေးက ရိုလာကိုစတာလို အနိမ့်အမြင့် အတက်အကျပေါင်းစုံ ကြုံခဲ့ပါတယ်။ ဥပမာ အနေနဲ့ ဂျပန်ကိုလိုနီ ဘဝတုန်းက တောင်ကိုရီးယား အမျိုးသမီးတွေကို လိင်ကျွန်အဖြစ် အသုံးပြုခဲ့တဲ့ သမိုင်းမှတ်တမ်းမျိုးက နှစ်နိုင်ငံကြား ဆက်ဆံရေးကို အပြုသဘောနဲ့ တည်ဆောက်ရာမှာ အခက်အခဲတွေ ကြုံတွေ့စေခဲ့ပါတယ်။

You May Also Like

နိုင်ငံတကာ

စစ်မဖြစ်ခင် လူဦးရေ ၈၀၀၀၀ လောက် နေထိုင်ရာမြို့ကို ဆက်ထိန်းထားဖို့ဟာ နိုင်ငံ အရှေ့ပိုင်း ဧရိယာတွေကို ကာကွယ်ရာမှာ အရေးကြီးတဲ့ မဟာဗျူဟာ အစီအမံ တစ်ခုဖြစ်တယ်လို့လည်း ယူကရိန်းက ပြောကြားထားပါတယ်။

သတင်း

ချော်လတ်က အင်ဒို-ပစိဖိတ် ဒေသ၊ အထူးသဖြင့် အရှေ့တောင်အာရှမှာ အမေရိကန်ရဲ့ အားထုတ်လုပ်ဆောင်မှုတွေကို ဂျပန်က အားပေးထောက်ခံ ကူညီဖို့နဲ့ ပတ်သက်ရင် မြင့်မြင့်မားမား မျှော်လင့်ထားချင်တယ်လို့လည်း ဆိုတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ရန်စလှုံ့ဆော်တဲ့ မှတ်ချက်စကားတွေ၊ ကိုရီးယား ကျွန်းဆွယ်တဝိုက်က ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေ အမြန်ဆုံး ရပ်တန့်အောင် တောင်းဆိုဖို့ လိုတယ်လို့လည်း ကင်မ်က ဆိုပါတယ်။

သတင်း

မြန်မာပြည်သူများအတွက် ဂျပန်အစိုးရ ပေးအပ်မည့် ဒေါ်လာ ၄၇ သန်းကျော်မှာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် NGO များမှတဆင့် ပြည်သူများထံ တိုက်ရိုက်အကျိိုးရှိိရန် ဖြစ်ကြောင်း ဖော်ပြသည်။