Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်က မွေးမြူရေးခြံ တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပြီး နွား ၁၈၀၀၀ လောက်သေဆုံး

ပေါက်ကွဲမှုရဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပြီး တာဝန်ရှိသူတွေကတော့ မွေးမြူရေး လုပ်ငန်းသုံး စက်ကိရိယာ တစ်ခုခုမှာ ချွတ်ယွင်းချက် ဖြစ်ပေါ်ရာက မီသိန်းဓာတ်တွေ့ကို မီးကူးစက် လောင်ကျွမ်း ပေါက်ကွဲခဲ့တယ်လို့ ယုံကြည်နေပါတယ်။

အမေရိကန်က မွေးမြူရေးခြံ တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပြီး နွား ၁၈၀၀၀ လောက်သေဆုံး
အမေရိကန်က မွေးမြူရေးခြံ တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပြီး နွား ၁၈၀၀၀ လောက်သေဆုံး

အမေရိကန်နိုင်ငံ၊ တက္ကဆက်စ် ပြည်နယ်က မွေးမြူရေးခြံ တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားရာက နွားကောင်ရေ ၁၈၀၀၀ ဝန်းကျင်လောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒင်းမစ်တ် မြို့နားက South Fork နို့နဲ့ နို့ထွက်ပစ္စည်း မွေးမြူရေး လုပ်ငန်းပိုင် ခြံထဲမှာ အခုသီတင်းပတ် အစောပိုင်းက ပေါက်ကွဲမှုကြီး ဖြစ်ခဲ့တာပါ။ အဲဒီ ဖြစ်စဉ်ကြောင့် နွားကောင်ရေ ၁၈၀၀၀ နီးပါး သေဆုံးသွားပြီး လူ ၁ ဦးလည်း အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုရဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပြီး တာဝန်ရှိသူတွေကတော့ မွေးမြူရေး လုပ်ငန်းသုံး စက်ကိရိယာ တစ်ခုခုမှာ ချွတ်ယွင်းချက် ဖြစ်ပေါ်ရာက မီသိန်းဓာတ်တွေ့ကို မီးကူးစက် လောင်ကျွမ်း ပေါက်ကွဲခဲ့တယ်လို့ ယုံကြည်နေပါတယ်။

၂၀၁၈ ကနေ ၂၀၂၁ ခုနှစ် အတောအတွင်း အမေရိကန် နိုင်ငံအနှံ့မှာ မီးလောင်ကျွမ်းမှုတွေကြောင့် မွေးမြူရေး တိရစ္ဆာန် ၃ သန်း နီးပါးလောက် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အခု မွေးမြူရေးခြံ မီးလောင်ပေါက်ကွဲမှု ဖြစ်တဲ့ နေရာကို မီးသတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာတဲ့အခါ အပျက်အစီးပုံတွေအောက် ပိတ်မိနေသူ တစ်ဦးကို ရှာတွေ့ခဲ့ပါတယ်။ သူ့ကို အရေးပေါ် ကယ်ထုတ်ပြီး ဆေးရုံကို ရဟတ်ယာဉ်နဲ့ တင်ပို့ပေးခဲ့ပါတယ်။

မီးက နွားတွေကို အုံလိုက်ကျင်းလိုက် စုဝေးထားတဲ့ နေရာဆီ ခပ်မြန်မြန် ကူးစက် ရောက်ရှိသွားတာကြောင့်လည်း အခုလိုမျိုး နွားတွေ အသေအပျောက် အရမ်းများသွားခဲ့တာလို့ သိရပါတယ်။ တချို့ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီး ဝေဒနာ ခံစားနေရတဲ့ နွားတွေကိုတော့ အညင်သာဆုံး နည်းလမ်းနဲ့ ဇီဝိန်ချွေ ဖျက်ဆီးပေးသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မီးလောင်ပေါက်ကွဲမှု တစ်ခုကြောင့် နွားကောင်ရေ ၁၈၀၀၀ လောက် သေဆုံးတယ် ဆိုတာက ၂၀၁၃ ခုနှစ်မှာ စနစ်တကျ စာရင်းကောက်ယူမှုတွေ စတင်ခဲ့တဲ့ ကာလတလျှောက် အမေရိကန်မှာ စံချိန်တင် အရေအတွက် အများဆုံး ဖြစ်လာမယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။