Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တက္ကဆက်စ်က မူလတန်းကျောင်းမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး ကလေး ၁၉ ဦးထက်မနည်း သေဆုံး

တရားခံဟာ အသက် ၁၈ နှစ်အရွယ် ဆယ်လ်ဗာဒေါ ရာမို့စ်ဆိုသူ ဖြစ်တယ်လို့ တက္ကဆက်စ် ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ဂ် အက်ဘော့တ်က ပြောပါတယ်။ သူဟာ AR-15 အမျိုးအစား ရိုင်ဖယ် သေနတ်ကို အသုံးပြုပြီး ပစ်ခတ်မှု ကျူးလွန်ခဲ့တာလို့လည်း အက်ဘော့တ်က ဆိုပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ ရဲတွေက ဆက်ပြီး စုံစမ်းနေပြီး ဒီဖြစ်စဉ်မှာ နောက်ထပ် ကြံရာပါ မရှိနိုင်ဘူးလို့တော့ ကနဦး ယူဆထားပါတယ်။

အမေရိကန်နိုင်ငံ၊ တက္ကဆက်စ် ပြည်နယ်က ကျောင်းတစ်ကျောင်းမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး ကလေးငယ် ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သေနတ်သမားဟာ အသက် ၁၈ နှစ်အရွယ် လူငယ် တစ်ဦးဖြစ်ပြီး မေလ ၂၄ ရက်က တက္ကဆက်စ်ပြည်နယ်၊ ယူဗယ်လ်ဒီမြို့မှာရှိတဲ့ ရော့ဘ်မူလတန်းကျောင်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်မှုအတွင်းမှာ ကလေးတွေအပြင် ဆရာမ တစ်ဦးနဲ့ နောက်ထပ် အရွယ်ရောက်ပြီးသူ တစ်ဦးလည်း သေဆုံးခဲ့ကြောင်း အမေရိကန် မီဒီယာတွေက ဖော်ပြပါတယ်။

ဆယ်ကျော်သက် တရားခံဟာ အဖွားအရင်းကို သေနတ်နဲ့ ပစ်ပြီးတဲ့နောက် အခင်းဖြစ်ရာ နေရာကနေ ကားမောင်းပြီး ထွက်ပြေးသွားပါတယ်။ နောက်တော့ ယာဉ်တိုက်မှု ဖြစ်ပြီး ရဲတွေက ဖမ်းဆီးဖို့ ကြိုးစားကြချိန်မှာ ကျောင်းထဲ ရောက်အောင် ဝင်သွားပြီး ကလေးတွေကို ရက်ရက်စက်စက် ပစ်သတ်ခဲ့တာလို့ သိရပါတယ်။ ပစ်ခတ်မှု ကျူးလွန်ရတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

သေနတ်သမားဟာ ကျည်ကာအင်္ကျီ ဝတ်ဆင်ထားပြီး ယာဉ်တိုက်မှု ဖြစ်တဲ့ ကားထဲကနေ ထွက်လာချိန်မှာ ရိုင်ဖယ်သေနတ် တစ်လက်ကို ကိုင်ထားခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ အဲဒီနောက် ရဲတွေက တားဆီးဖို့ ကြိုးစားပေမယ့် ကျောင်းထဲကို ပြေးဝင်သွားပြီး ဆိုးရွားလှတဲ့ မှုခင်းကြီးကို ကျူးလွန်သွားခဲ့တာလို့ တက္ကဆက်စ် ပြည်သူ့ လုံခြုံရေးဌာနရဲ့ ရဲတပ်ကြပ် အဲရစ် အက်စ်ထရာဒါက ပြောပါတယ်။ တရားခံကိုတော့ ရဲတွေက အသေပစ်ခတ် နှိမ်နင်းခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒီဖြစ်စဉ်ဟာ အမေရိကန်ရဲ့ လက်နက်ဝယ်ယူ ကိုင်ဆောင်ခွင့် မူဝါဒတွေနဲ့ ပတ်သက်လို့ အငြင်းပွားစရာ အခြေအနေတွေကို တကျော့ပြန် ခေါင်းထောင်လာစေပါတယ်။ သေဆုံးခဲ့တဲ့ ကလေးငယ်တွေဟာ ၂ တန်း၊ ၃ တန်းနဲ့ ၄ တန်း ကျောင်းသူ ကျောင်းသားတွေ ဖြစ်ကြပြီး အသက် ၇ နှစ်နဲ့ ၁၀ နှစ်ကြား အရွယ်တွေလို့ သိရပါတယ်။ သေဆုံးသွားတဲ့ ဆရာမက အသက် ၄၀ ဝန်းကျင်ရှိတဲ့ အီဗာ မီရဲလက်စ်လို့ သတင်းတွေက ဖော်ပြပါတယ်။

တရားခံဟာ အသက် ၁၈ နှစ်အရွယ် ဆယ်လ်ဗာဒေါ ရာမို့စ်ဆိုသူ ဖြစ်တယ်လို့ တက္ကဆက်စ် ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ဂ် အက်ဘော့တ်က ပြောပါတယ်။ သူဟာ AR-15 အမျိုးအစား ရိုင်ဖယ် သေနတ်ကို အသုံးပြုပြီး ပစ်ခတ်မှု ကျူးလွန်ခဲ့တာလို့လည်း အက်ဘော့တ်က ဆိုပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ ရဲတွေက ဆက်ပြီး စုံစမ်းနေပြီး ဒီဖြစ်စဉ်မှာ နောက်ထပ် ကြံရာပါ မရှိနိုင်ဘူးလို့တော့ ကနဦး ယူဆထားပါတယ်။

သတင်းကြားပြီး တုန်လှုပ်နေဟန်ရှိတဲ့ သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန် ပြည်သူ တစ်ရပ်လုံး အနေနဲ့ လက်နက် ရောင်းဝယ်ရေး လွတ်လပ်ခွင့်အတွက် လော်ဘီလုပ် တောင်းဆိုနေပြီး နိုင်ငံရေးအရ ဩဇာကြီးမားတဲ့ လူပုဂ္ဂိုလ်တွေကို တညီတညွတ်တည်း ဆန့်ကျင် ရပ်တည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အဲဒီ လော်ဘီတွေကပဲ အမေရိကန်မှာ လက်နက် ကိုင်ဆောင်ခွင့် လုံခြုံရေးဆိုင်ရာ ဥပဒေတွေ ပိုမို ကြပ်မတ်ဖို့ အားထုတ်မှုတွေကို တားဆီးနေတာလို့ ဘိုင်ဒန်က အပြစ်တင်ခဲ့ပါတယ်။

ပြီးတော့ အခု သီတင်းပတ်ကုန်ထိ အမေရိကန်ရဲ့ အစိုးရ ရုံးတိုင်းမှာ နိုင်ငံတော် အလံကို တိုင်တစ်ဝက် နှိမ့်ချ လွှင့်ထူပြီး တက္ကဆက်စ်က ဖြစ်ရပ်အတွက် ဝမ်းနည်း ကြေကွဲကြောင်း ပြသဖို့လည်း သမ္မတက အမိန့်ပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကလည်း နယူးယောက် ပြည်နယ်က ဘတ်ဖဲလိုမြို့မှာ လူမည်းအများစု နေထိုင်တဲ့ ရပ်ကွက်ထဲကို ဆယ်ကျော်သက် လူငယ် တစ်ယောက်က ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ လူမျိုးရေး မုန်းတီးမှုကို အခြေခံတဲ့ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုလို့ သတ်မှတ်ပြီး တရားခံကို အမြင့်ဆုံး လူသတ်မှု ပုဒ်မတွေနဲ့ စွဲချက်တင်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။