Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နျူကလီးယား စစ်လက်နက်တွေ ကိုင်တွယ်တတ်အောင် ဘီလားရုစ် လေသူရဲတွေကို ရုရှား လေ့ကျင့်ပေး

ယူကရိန်း အစိုးရကတော့ ရုရှားဟာ သူတို့ရဲ့ နျူကလီးယား လက်နက်တွေနဲ့ ခြိမ်းခြောက်မှုကို နောက်တစ်ဆင့် မြှင့်လိုက်ပြီး ပဋိပက္ခထဲကို ဘီလားရုစ်ကိုပါ ဆွဲသွင်းလာတာ ဖြစ်တယ်လို့ ဝေဖန် ပြောကြားထားပါတယ်။

နျူကလီးယား စစ်လက်နက်တွေ ကိုင်တွယ်တတ်အောင် ဘီလားရုစ် လေသူရဲတွေကို ရုရှား လေ့ကျင့်ပေး
နျူကလီးယား စစ်လက်နက်တွေ ကိုင်တွယ်တတ်အောင် ဘီလားရုစ် လေသူရဲတွေကို ရုရှား လေ့ကျင့်ပေး

နျူကလီးယား စစ်လက်နက်တွေကို ကိုင်တွယ် အသုံးပြုတတ်စေဖို့အတွက် ရုရှားက ဘီလားရုစ် လေသူရဲတွေက စတင် လေ့ကျင့်ပေးနေကြောင်း သိရပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က နိုင်ငံပိုင် နျူကလီးယား ထိပ်ဖူးတပ် စစ်လက်နက် တချို့ကို ယူကရိန်းရယ်၊ NATO အဖွဲ့ဝင် နိုင်ငံတချို့ရယ်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဘီလားရုစ်မှာ ဖြန့်ကျက်သွားမယ်လို့ အတည်ပြုထားပါတယ်။ အခုအခါမှာတော့ ဘီလားရုစ် လေတပ်ရဲ့ လေသူရဲတွေကို အဲဒီ ဖျက်အားပြင်း စစ်လက်နက်တွေ ကိုင်တွယ် ပစ်ခတ်ပုံနဲ့ ပတ်သက်လို့ လက်တွေ့ လေ့ကျင့်မှုတွေ ပထမအသုတ် ပြီးပြတ်သွားပြီလို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရုရှားဟာ ဘီလားရုစ် လေယာဉ်မှူးတွေက အဲဒီ စစ်လက်နက်တွေကို SU-25 အမျိုးအစား လေကြောင်းပစ်ကူ တိုက်လေယာဉ်တွေကနေ ကိုင်တွယ် ပစ်ခတ်နိုင်အောင် လေ့ကျင့် သင်ကြားပေးထားတာပါ။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ မဟာဗျူဟာ နျူကလီးယား လက်နက်တွေကို ဘီလားရုစ်နိုင်ငံ အနောက်ဖက်ခြမ်း နယ်စပ်တလျှောက်မှာ ဖြန့်ကျက်ထားမယ်လို့ သိရပါတယ်။ ဘီလားရုစ်ဟာ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ ပိုလန်တို့လို NATO အဖွဲ့ဝင် နိုင်ငံတွေနဲ့ ကီလိုမီတာ ၁၂၅၀ ရှည်လျားတဲ့ နယ်နိမိတ်မျိုး ထိစပ်နေပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ နျူကလီးယား လက်နက်တွေ တပ်ဆင် ပစ်ခတ်နိုင်စေဖို့အတွက် ဘီလားရုစ် လေတပ်ရဲ့ တိုက်လေယာဉ်တွေကိုလည်း အဆင့်မြှင့်တင် မွမ်းမံမှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။ ဘီလားရုစ်မှာ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ထားမယ် ဆိုပေမယ့် အဲဒီ ဖျက်အားပြင်း လက်နက်တွေကို ရုရှားကပဲ အလုံးစုံ ထိန်းချုပ်ထားမယ်လို့ ဆိုပါတယ်။

ယူကရိန်း အစိုးရကတော့ ရုရှားဟာ သူတို့ရဲ့ နျူကလီးယား လက်နက်တွေနဲ့ ခြိမ်းခြောက်မှုကို နောက်တစ်ဆင့် မြှင့်လိုက်ပြီး ပဋိပက္ခထဲကို ဘီလားရုစ်ကိုပါ ဆွဲသွင်းလာတာ ဖြစ်တယ်လို့ ဝေဖန် ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။