Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယား စစ်လက်နက်တွေ ကိုင်တွယ်တတ်အောင် ဘီလားရုစ် လေသူရဲတွေကို ရုရှား လေ့ကျင့်ပေး

ယူကရိန်း အစိုးရကတော့ ရုရှားဟာ သူတို့ရဲ့ နျူကလီးယား လက်နက်တွေနဲ့ ခြိမ်းခြောက်မှုကို နောက်တစ်ဆင့် မြှင့်လိုက်ပြီး ပဋိပက္ခထဲကို ဘီလားရုစ်ကိုပါ ဆွဲသွင်းလာတာ ဖြစ်တယ်လို့ ဝေဖန် ပြောကြားထားပါတယ်။

နျူကလီးယား စစ်လက်နက်တွေ ကိုင်တွယ်တတ်အောင် ဘီလားရုစ် လေသူရဲတွေကို ရုရှား လေ့ကျင့်ပေး
နျူကလီးယား စစ်လက်နက်တွေ ကိုင်တွယ်တတ်အောင် ဘီလားရုစ် လေသူရဲတွေကို ရုရှား လေ့ကျင့်ပေး

နျူကလီးယား စစ်လက်နက်တွေကို ကိုင်တွယ် အသုံးပြုတတ်စေဖို့အတွက် ရုရှားက ဘီလားရုစ် လေသူရဲတွေက စတင် လေ့ကျင့်ပေးနေကြောင်း သိရပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က နိုင်ငံပိုင် နျူကလီးယား ထိပ်ဖူးတပ် စစ်လက်နက် တချို့ကို ယူကရိန်းရယ်၊ NATO အဖွဲ့ဝင် နိုင်ငံတချို့ရယ်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဘီလားရုစ်မှာ ဖြန့်ကျက်သွားမယ်လို့ အတည်ပြုထားပါတယ်။ အခုအခါမှာတော့ ဘီလားရုစ် လေတပ်ရဲ့ လေသူရဲတွေကို အဲဒီ ဖျက်အားပြင်း စစ်လက်နက်တွေ ကိုင်တွယ် ပစ်ခတ်ပုံနဲ့ ပတ်သက်လို့ လက်တွေ့ လေ့ကျင့်မှုတွေ ပထမအသုတ် ပြီးပြတ်သွားပြီလို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရုရှားဟာ ဘီလားရုစ် လေယာဉ်မှူးတွေက အဲဒီ စစ်လက်နက်တွေကို SU-25 အမျိုးအစား လေကြောင်းပစ်ကူ တိုက်လေယာဉ်တွေကနေ ကိုင်တွယ် ပစ်ခတ်နိုင်အောင် လေ့ကျင့် သင်ကြားပေးထားတာပါ။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ မဟာဗျူဟာ နျူကလီးယား လက်နက်တွေကို ဘီလားရုစ်နိုင်ငံ အနောက်ဖက်ခြမ်း နယ်စပ်တလျှောက်မှာ ဖြန့်ကျက်ထားမယ်လို့ သိရပါတယ်။ ဘီလားရုစ်ဟာ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ ပိုလန်တို့လို NATO အဖွဲ့ဝင် နိုင်ငံတွေနဲ့ ကီလိုမီတာ ၁၂၅၀ ရှည်လျားတဲ့ နယ်နိမိတ်မျိုး ထိစပ်နေပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ နျူကလီးယား လက်နက်တွေ တပ်ဆင် ပစ်ခတ်နိုင်စေဖို့အတွက် ဘီလားရုစ် လေတပ်ရဲ့ တိုက်လေယာဉ်တွေကိုလည်း အဆင့်မြှင့်တင် မွမ်းမံမှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။ ဘီလားရုစ်မှာ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ထားမယ် ဆိုပေမယ့် အဲဒီ ဖျက်အားပြင်း လက်နက်တွေကို ရုရှားကပဲ အလုံးစုံ ထိန်းချုပ်ထားမယ်လို့ ဆိုပါတယ်။

ယူကရိန်း အစိုးရကတော့ ရုရှားဟာ သူတို့ရဲ့ နျူကလီးယား လက်နက်တွေနဲ့ ခြိမ်းခြောက်မှုကို နောက်တစ်ဆင့် မြှင့်လိုက်ပြီး ပဋိပက္ခထဲကို ဘီလားရုစ်ကိုပါ ဆွဲသွင်းလာတာ ဖြစ်တယ်လို့ ဝေဖန် ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။