Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အယ်လ်ဆာဗေးဒိုးမှာ အားကစားရုံထဲ လူတွေ တိုးဝှေ့မှုကြောင့် ၉ ဦးထက်မနည်း သေဆုံး

အယ်လ်ဆာဗေးဒိုး သမ္မတ နာယစ်ဘ် ဘူကီလီက အခုကိစ္စနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်စေမယ်လို့ အာမခံခဲ့ပြီး ပေါ့လျော့သူ၊ ဝတ္တရားပျက်ကွက်သူ၊ တာဝန်ရှိသူ တယောက်မကျန် အရေးယူ ခံရမယ်လို့ Twitterမှာ ရေးသားထားခဲ့ကြောင်းလည်း သိရပါတယ်။

အယ်လ်ဆာဗေးဒိုးမှာ အားကစားရုံထဲ လူတွေ တိုးဝှေ့မှုကြောင့် ၉ ဦးထက်မနည်း သေဆုံး
အယ်လ်ဆာဗေးဒိုးမှာ အားကစားရုံထဲ လူတွေ တိုးဝှေ့မှုကြောင့် ၉ ဦးထက်မနည်း သေဆုံး

အယ်လ်ဆာဗေးဒိုး နိုင်ငံရဲ့ မြို့တော် ဆန်ဆယ်လ်ဗေးဒိုးမှာရှိတဲ့ အားကစားရုံ တခုမှာ စုပြုံတိုးဝှေ့ကြရာကနေ အချင်းချင်း ပိမိ၊ နင်းမိကြပြီး လူ ၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

မြို့ခံ အလီယန်ဇာ အသင်းနဲ့ ဆန်တာအန်း အခြေစိုက် ဖက်စ်အသင်းတို့ရဲ့ လူငယ်အသင်းတွေ ယှဉ်ပြိုင်ကစားနေချိန် မော်နျူမန်တယ်လ် ဘောလုံးကွင်း အားကစားရုံ ဂိတ်ပေါက်ကစပြီး လူတွေ စုပြုံ တိုးဝှေ့ ဝင်ရောက်ပြီး အနိဋ္ဌာရုံ အခြေအနေတွေ ပေါ်ပေါက်လာခဲ့တာပါ။ မေလ ၂၀ ရက် မတော်တဆမှုမှာ ကျား ၇ ဦး၊ မ ၂ ဦး အသေအပျောက် စာရင်းရထားပြီး အားလုံးက အသက် ၁၈ နှစ်ကျော်ရုံ အရွယ်တွေချည်းပဲလို့ ပြောပါတယ်။

ဒီဖြစ်စဉ်မှာ အားကစားရုံရဲ့ အစိတ်အပိုင်း တချို့လည်း ပြိုကျခဲ့သလို ပွဲကိုပါ အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ရပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းမှုတွေ လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ အားကစားရုံ ဂိတ်ကို ပိတ်လိုက်တဲ့အချိန် ပရိသတ်တွေက စုပြုံတိုးဝှေ့ကြတဲ့နောက်ပိုင်း အခုလို ဖြစ်ရပ်ဆိုးနဲ့ ကြုံခဲ့တာလို့ သိရပါတယ်။ ရဲတွေကတော့ ဒါဟာ လက်မှတ်အတုတွေ ရိုက်နှိပ် ရောင်းချသူတွေကြောင့် အားကစားရုံနဲ့ ပရိသတ်ဦးရေ မဆံ့တော့တာ ဖြစ်လိမ့်မယ်လို့ မှတ်ချက် ပေးထားပါတယ်။ ဒါပေမဲ့ လက်မှတ်တုတွေ ရောင်းချမှု အမှန်တကယ် ရှိခဲ့သလား ဆိုတာကို လောလောဆယ် အတည်မပြုနိုင်သေးပါဘူး။

Public Service Announcement

Public Service Announcement

ဝရုန်းသုန်းကား ဖြစ်စဉ်တွေအပြီး လူပေါင်း ၅၀၀ လောက် ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ဒါဇင်ပေါင်း အတော်များများကို ဆေးရုံ တင်ပို့ခဲ့ရပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနကတော့ ဆေးရုံရောက်လာသူ အများစုဟာ အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိကြပြီး ဆေးရုံရောက်မှ သေဆုံးသူ ထပ်မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

အခုဖြစ်ရပ်ကြောင့် နောက်တနေ့မှာ ကစားမယ့် တရားဝင် ပြိုင်ပွဲအားလုံးကို ရွှေ့ဆိုင်းဖို့လည်း အယ်လ်ဆာဗေးဒိုး ဘောလုံး အဖွဲ့ချုပ်က ညွှန်ကြားခဲ့ပါတယ်။

အယ်လ်ဆာဗေးဒိုး သမ္မတ နာယစ်ဘ် ဘူကီလီက အခုကိစ္စနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်စေမယ်လို့ အာမခံခဲ့ပြီး ပေါ့လျော့သူ၊ ဝတ္တရားပျက်ကွက်သူ၊ တာဝန်ရှိသူ တယောက်မကျန် အရေးယူ ခံရမယ်လို့ Twitterမှာ ရေးသားထားခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။