Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် ပြည်တွင်းဖြစ် ပထမဆုံး ခရီးသည်တင်လေယာဉ် လက်တွေ့ ပျံသန်းမှု စတင်

လေ့လာသူတွေကတော့ အဲဒီ အမှာစာတွေထဲက အများစုဟာ တရုတ် လေကြောင်း ကုမ္ပဏီတွေရဲ့ ပြည်တွင်း ပျံသန်း ပြေးဆွဲမှုအတွက်သာ ဖြစ်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

တရုတ် ပြည်တွင်းဖြစ် ပထမဆုံး ခရီးသည်တင်လေယာဉ် လက်တွေ့ ပျံသန်းမှု စတင်
တရုတ် ပြည်တွင်းဖြစ် ပထမဆုံး ခရီးသည်တင်လေယာဉ် လက်တွေ့ ပျံသန်းမှု စတင်

တရုတ်ရဲ့ ပြည်တွင်းဖြစ် ပထမဆုံး ခရီးသည်တင် လေယာဉ် တစ်စီးကို လက်တွေ့ ပျံသန်းမှု အစပြုခဲ့ကြောင်း သိရပါတယ်။

အစိုးရပိုင် သတင်းဌာနတွေက C919 အမျိုးအစား လေယာဉ်ဟာ စီးပွားရေး မြို့တော် ရှန်ဟိုင်းကနေ မြို့တော် ဘေဂျင်းဆီ မေလ ၂၈ ရက် မနက်အစောပိုင်းက ပျံသန်း ထွက်ခွာသွားတဲ့ ဗီဒီယိုတွေကို ထုတ်လွှင့် ပြသခဲ့ကြပါတယ်။ C919ဟာ စီးပွားဖြစ် အသုံးပြုဖို့ တရုတ်မှာ ပြည်တွင်းဖြစ် တည်ဆောက်ခဲ့တဲ့ ပထမဆုံး လေယာဉ် အမျိုးအစားပါ။

အဲဒီ လေယာဉ်ကို တရုတ် စီးပွားဖြစ် လေကြောင်း ကော်ပိုရေးရှင်း (Comac)က ဒီဇိုင်းထုတ် ဖန်တီး တည်ဆောက်ခဲ့ပြီး ပြည်တွင်း လေကြောင်း သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ Airbusနဲ့ Boeingတို့ကသာ ကြီးစိုးထားမှုကို တုံ့ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

တရုတ်ရဲ့ ပြည်တွင်းဖြစ် လေယာဉ်လို့ ခေါင်းစဉ်တပ်ထားတဲ့တိုင် ခရီးသည် ၁၆၄ ဦး စီးနင်း လိုက်ပါနိုင်တဲ့ C919ဟာ အင်ဂျင်နဲ့ လေယာဉ် ပုံစံပြု ထုတ်လုပ်မှု အီလက်ထရောနစ် စနစ်လို အစိတ်အပိုင်းတွေမှာ အနောက်နိုင်ငံတွေရဲ့ နည်းပညာနဲ့ ထုတ်ကုန်တွေကို အကြီးအကျယ် မှီခိုထားရဆဲပါ။

Public Service Announcement

Public Service Announcement

ရှန်ဟိုင်းကနေ ဘေဂျင်းကို ပထမဆုံး ပျံသန်းမှု ခရီးစဉ်ဟာ ၃ နာရီ မပြည့်ခင် အချိန်အတွင်း အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ ပြီးစီးခဲ့ပြီး ခရီးသည် ၁၃၀ ကျော် လိုက်ပါခဲ့တယ်လို့ သိရပါတယ်။ နောက်တော့ အဲဒီလေယာဉ်ဟာ ဘေဂျင်းကနေ ရှန်ဟိုင်းဆီ ပြန်လာဖို့လည်း စီစဉ်ထားပါတယ်။

အခုအခါမှာတော့ တရုတ် အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ အရှေ့တရုတ် လေကြောင်းလိုင်း (CEA)က C919 ၅ စီးကို မှာယူထားပြီး ဖြစ်ပါတယ်။ Comac ကုမ္ပဏီက လာမယ့် ၅ နှစ်တာအတွင်း နှစ်စဉ် C919 အစီးရေ ၁၅၀ လောက်စီ ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားကြောင်းနဲ့ အခုဆိုရင် လေယာဉ်တွေအတွက် အမှာစာ ၁၂၀၀ ကျော် လက်ခံရရှိထားပြီးဖြစ်ကြောင်း ပြောပါတယ်။

လေ့လာသူတွေကတော့ အဲဒီ အမှာစာတွေထဲက အများစုဟာ တရုတ် လေကြောင်း ကုမ္ပဏီတွေရဲ့ ပြည်တွင်း ပျံသန်း ပြေးဆွဲမှုအတွက်သာ ဖြစ်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

မကြာသေးခင် နှစ်ပိုင်းလောက်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ C919ရဲ့ အတွင်းခန်း ဖွဲ့စည်းမှု ပုံစံတူ တစ်ခုကို ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့ပြီး အဲဒီ လေယာဉ် တည်ဆောက်မှု စီမံကိန်းဟာ တရုတ်ရဲ့ အရေးအကြီးဆုံး နည်းပညာ ထိုးထွင်း အောင်မြင်မှု တစ်ခုလို့ ချီးကျူးခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။