Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘရာဇီး သမ္မတဟောင်း ဘော်လ်ဆိုနာရို ရွေးကောက်ပွဲဝင်ခွင့် ၈ နှစ်ပိတ်ပင်ခံရ

ဘော်လ်ဆိုနာရိုဟာ ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ခဲ့တာကို ဘယ်တုန်းကမှ အတိအလင်း ဝန်ခံတာမျိုး မရှိခဲ့သလို လူလာက သမ္မတသစ်အဖြစ် ကျမ်းသစ္စာ မကျိန်ဆိုခင် ၂ ရက် အလိုကတည်းက ဖလော်ရီဒါကို ထွက်ခွာသွားပြီး ကျမ်းကျိန်ပွဲကို ရှောင်လွှဲခဲ့ပါတယ်။

ဘရာဇီး သမ္မတဟောင်း ဘော်လ်ဆိုနာရို ရွေးကောက်ပွဲဝင်ခွင့် ၈ နှစ်ပိတ်ပင်ခံရ
ဘရာဇီး သမ္မတဟောင်း ဘော်လ်ဆိုနာရို ရွေးကောက်ပွဲဝင်ခွင့် ၈ နှစ်ပိတ်ပင်ခံရ

အာဏာ အလွဲသုံးစား ပြုမှုအတွက် ပြစ်မှုထင်ရှားကြောင်း ခုံရုံး ဆုံးဖြတ်ချက်အရ ဘရာဇီး သမ္မတဟောင်း ဂျဲရ် ဘော်လ်ဆိုနာရိုဟာ ၈ နှစ်ကြာ ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင် ခံလိုက်ရပါတယ်။

သူဟာ သမ္မတအဖြစ် တာဝန်ယူထားချိန် အတောအတွင်း ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲကြို ကာလမှာ အာဏာအလွဲသုံးစား လုပ်ခဲ့တယ်လို့ ဘရာဇီး ရွေးကောက်ပွဲဆိုင်ရာ အဆင့်အမြင့်ဆုံး ခုံရုံးက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ အခု စီရင်ချက် ပြစ်ဒဏ်ကိုတော့ ခုံရုံး အဖွဲ့ဝင် ၇ ဦးအနက် ၅ ဦးက ထောက်ခံပြီး ၂ ဦးကသာ ကန့်ကွက်ခဲ့ပါတယ်။

ဘော်လ်ဆိုနာရိုဟာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ နည်းပညာ အသုံးပြုပြီး hackingလုပ်တာတွေ၊ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ ယုတ္တိကင်းမဲ့တဲ့ စွပ်စွဲမှုတွေ လူသိရှင်ကြား ပြောဆိုခဲ့ကြောင်း၊ ဒီလုပ်ရပ်တွေဟာ ဘရာဇီးရဲ့ ဒီမိုကရေစီကို သိက္ခာကျ ညစ်နွမ်းအောင် လုပ်ဆောင်တာနဲ့ မခြားကြောင်း ခုံရုံးက စွပ်စွဲပါတယ်။

အခု စီရင်ချက် ချလိုက်တဲ့ ပြစ်ဒဏ် ၈ နှစ်တာ ကာလကို ပြီးခဲ့တဲ့နှစ်၊ ရွေးကောက်ပွဲ ကျင်းပခဲ့ရာ အောက်တိုဘာ ၂ ရက်ကနေ စတင် ရေတွက်စေမှာ ဖြစ်ပါတယ်။ တကယ်လို့ အယူခံဝင်တာမျိုး မရှိဘူး၊ ဒါမှမဟုတ် မအောင်မြင်ဘူးဆိုရင် ဘော်လ်ဆိုနာရိုဟာ ၂၀၂၆ ခုနှစ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် မရှိဘဲ ၂၀၃၀ ပြည့်နှစ်ကျမှ တကျော့ပြန် ယှဉ်ပြိုင်လာနိုင်မှာ ဖြစ်ပါတယ်။ သူဟာ ၂၀၂၄ နဲ့ ၂၀၂၈ မြူနီစီပယ် ရွေးကောက်ပွဲတွေမှာလည်း ပါဝင်ခွင့် မရနိုင်တော့ပါဘူး။

Public Service Announcement

Public Service Announcement

ဘော်လ်ဆိုနာရိုကတော့ သူ့အပေါ် ချမှတ်တဲ့ ပြစ်ဒဏ်ဟာ နောက်ကျောကို ဓားနဲ့ထိုးတဲ့ လုပ်ရပ်တစ်ခုသာ ဖြစ်တယ်လို့ စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။ ပြီးတော့ သူဟာ ရွေးကောက်ပွဲ မရင်ရရင်တောင်မှ လက်ယာစွန်း နိုင်ငံရေး ဝါဒ အားကောင်းအောင် အစဉ်တစိုက် ကူညီပေးနေမယ်လို့လည်း ဆိုပါတယ်။

ဘော်လ်ဆိုနာရိုဟာ ၂၀၂၂ တုန်းက သမ္မတ ဘဝမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းတစ်ခုကို အကြောင်းပြုပြီး ပြဿနာ တက်ခဲ့တာပါ။ ဇူလိုင် ၁၈ ရက်တုန်းက သူဟာ ဘရာစေလီယာ မြို့တော်မှာရှိတဲ့ သမ္မတ အိမ်တော်ဆီ နိုင်ငံတကာ သံတမန်တွေကို ဖိတ်ကြားခဲ့တဲ့နောက် ရွေးကောက်ပွဲမှာ အသုံးပြုမယ့် မဲရေတွက် စက်တွေဟာ Hackerတွေရဲ့ စွက်ဖက်မှုကို တားဆီးနိုင်စွမ်း မရှိကြောင်းနဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဘော်လ်ဆိုနာရိုက သူ့မှတ်ချက် စကားတွေဟာ ဘရာဇီးမှာ ရွေးကောက်ပွဲတွေ ဘယ်လိုဘယ်ပုံ လုပ်လေ့ရှိသလဲ ဆိုတာကိုသာ ထင်ဟပ်စေပြီး နိုင်ငံရဲ့ ရွေးကောက်ပွဲ စနစ်ကို စော်ကားတာမျိုး မဟုတ်ဘူးလို့ ဖြေရှင်းထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဘရာဇီး ရွေးကောက်ပွဲဟာ ပြိုင်ဘက် အင်အားစု နှစ်ခုကြား ခါးခါးသီးသီးနဲ့ အကြိတ်အနယ် ပြိုင်ဆိုင်မှုတွေ ဖြစ်ပေါ်စေခဲ့ပြီး နောက်ဆုံးမှာတော့ လက်ဝဲယိမ်း ဝါဒစွဲ သမ္မတဟောင်း လူးဝစ်ဇ် အင်နာရှို လူလာ ဒါဆေးလ်ဗားက ဘော်လ်ဆိုနာရိုကို နောက်ကောက်ချနိုင်ခဲ့ပါတယ်။

ဘော်လ်ဆိုနာရိုဟာ ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ခဲ့တာကို ဘယ်တုန်းကမှ အတိအလင်း ဝန်ခံတာမျိုး မရှိခဲ့သလို လူလာက သမ္မတသစ်အဖြစ် ကျမ်းသစ္စာ မကျိန်ဆိုခင် ၂ ရက် အလိုကတည်းက ဖလော်ရီဒါကို ထွက်ခွာသွားပြီး ကျမ်းကျိန်ပွဲကို ရှောင်လွှဲခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလားရဲ့ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ဘရာဇီးဟာ အာရှ အသင်းကောင်း ဂျပန်ကို ကျော်ဖြတ်ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ဘောလုံး အဆင့်အတန်း သိသိသာသာ တိုးတက်လာပြီး အခုနှစ် ပြိုင်ပွဲမှာ ဖျက်မြင်း အသင်းတစ်သင်းအဖြစ် သတ်မှတ် ခံထားရတဲ့ ဂျပန်ဟာ...

နိုင်ငံတကာ

ဘရာဇီးနဲ့ ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမယ့် အခြေအနေထိကြိုတင်တွေးတော ပြင်ဆင်ထားကြောင်းဂျပန်လက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြက ပြောပါတယ်။

နိုင်ငံတကာ

ဘရာဇီး ဘောလုံး ပရိသတ်တွေရဲ့ အချစ်တော် ဝါရင့် တိုက်စစ်မှူးကြီး နေမာ ဂျူနီယာဟာ ကမ္ဘာ့ဖလား ပွဲစဉ်တစ်ခုမှာ ပါဝင်ကစားပြီး နိုင်ငံလက်ရွေးစင် အသင်းနဲ့ ရက်ပေါင်း ၁၀၀၀ နီးပါး ကင်းကွာနေမှုကို အဆုံးသတ်ခဲ့ပါတယ်။