Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဏာသိမ်းဖို့ ကြံစည်ခဲ့ကြောင်း စွပ်စွဲချက်ကို ဘရာဇီး သမ္မတဟောင်း ငြင်းဆို

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။

အာဏာသိမ်းဖို့ ကြံစည်ခဲ့ကြောင်း စွပ်စွဲချက်ကို ဘရာဇီး သမ္မတဟောင်း ငြင်းဆို
အာဏာသိမ်းဖို့ ကြံစည်ခဲ့ကြောင်း စွပ်စွဲချက်ကို ဘရာဇီး သမ္မတဟောင်း ငြင်းဆို

အာဏာသိမ်းဖို့ ကြံစည် အားထုတ်ခဲ့ကြောင်း စွပ်စွဲချက်တွေကို ဘရာဇီး သမ္မတဟောင်း ဂျဲရ် ဘော်လ်ဆိုနာရိုက ငြင်းဆိုသွားခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ လူလာ အစ်နာရှို ဒါဆေးလ်ဗားကို အရေးနိမ့်လို့ သမ္မတ ရာထူးကို စွန့်ခွာခဲ့ရပြီး ၁ နှစ်ကျော် ကာလအတွင်း သူဟာ နိုင်ငံရေးအရ အပြစ်ရှာ ထိုးနှက်မှုတွေကို ဆက်တိုက် ကြုံနေခဲ့ရတယ်လို့လည်း ဘော်လ်ဆိုနာရိုက ပြောပါတယ်။

လက်ယာစွန်း အမျိုးသားရေး ဝါဒီတစ်ဦးဖြစ်တဲ့ ဘော်လ်ဆိုနာရိုက သူဟာ အာဏာသိမ်းဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အားလုံး မုသားသက်သက်လို့ တုံ့ပြန်ခဲ့ပြီး အများပြည်သူဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တဲ့အတွက် စွဲချက်တင် ခံထားရတဲ့ အားပေး ထောက်ခံသူတွေကို လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ဘရာဇီး ရဲတပ်ဖွဲ့က အသက် ၆၈ နှစ်အရွယ် သမ္မတဟောင်းဟာ ၂၀၂၂ ခုနှစ်၊ ရွေးကောက်ပွဲမှာ အရေးနိမ့်အပြီး အာဏာသိမ်းဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ ကိစ္စကို စုံစမ်းနေတယ်လို့ အတည်ပြုထားပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဘရာဇီးရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ ဆာအိုပေါ်လိုမှာ ချီတက်ပွဲ တခုပြုလုပ်ပြီး အင်အားပြခဲ့ချိန်မှာ ဘော်လ်ဆိုနာရိုက အခုလို မိန့်ခွန်း ပြောခဲ့တာပါ။

ဘရာဇီးဟာ အတိတ်ကို မှီတွယ်မနေဘဲ အနာဂတ်အတွက် မျှော်ကြည့်သင့်ပြီဖြစ်ကြောင်း၊ သူ့အပေါ် နိုင်ငံရေးအရ ထိုးနှက် တိုက်ခိုက်နေတာတွေ ရပ်တန့်ပစ်သင့်ကြောင်း ဘော်လ်ဆိုနာရိုက ပြောပါတယ်။ လက်တင်အမေရိကရဲ့ ဒေါ်နယ်လ်ထရမ့်လို့ တင်စားခံရတဲ့ သမ္မတဟောင်းက ၂၀၂၆ ခုနှစ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း မှတ်ချက် ပေးသွားပါတယ်။

သူဟာ ဘရာဇီးရဲ့ ရွေးကောက်ပွဲဆိုင်ရာ စနစ်တွေကို ထိခိုက်ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲခံရပြီး နိုင်ငံရေးနဲ့ ၈ နှစ်ကြာ ကင်းကွာနေဖို့ စီရင်ချက် ချမှတ် ခံထားရပါတယ်။ ဘော်လ်ဆိုနာရိုကတော့ သူအရေးနိမ့်ခဲ့တဲ့ ရွေးကောက်ပွဲမှာ မသမာမှု၊ လိမ်လည်မှုတွေ ရှိခဲ့တယ်လို့ လက်ဆုပ်လက်ကိုင် သက်သေမပြနိုင်ဘဲ စွပ်စွဲထားပါတယ်။

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။

ဘော်လ်ဆိုနာရိုဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ကို လက်ခံဖို့ အစဉ်တစိုက် ငြင်းဆိုခဲ့ပြီး မနှစ်က ဇန်နဝါရီ ၈ ရက်မှာတော့ သူ့ကို ထောက်ခံသူတွေက ဘရာဇီး လွှတ်တော်၊ တရားရုံးချုပ်နဲ့ သမ္မတအိမ်တော်တို့ကို အဓမ္မ ဝင်ရောက် စီးနင်းဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက ဘော်လ်ဆိုနာရိုဟာ အမေရိကန်ကို ရောက်ရှိနေခဲ့ပြီး သူနဲ့ တစ်စုံတရာ ပတ်သက်မှု မရှိပါဘူးလို့ ငြင်းဆိုထားခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလားရဲ့ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ဘရာဇီးဟာ အာရှ အသင်းကောင်း ဂျပန်ကို ကျော်ဖြတ်ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ဘောလုံး အဆင့်အတန်း သိသိသာသာ တိုးတက်လာပြီး အခုနှစ် ပြိုင်ပွဲမှာ ဖျက်မြင်း အသင်းတစ်သင်းအဖြစ် သတ်မှတ် ခံထားရတဲ့ ဂျပန်ဟာ...

နိုင်ငံတကာ

ဘရာဇီးနဲ့ ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမယ့် အခြေအနေထိကြိုတင်တွေးတော ပြင်ဆင်ထားကြောင်းဂျပန်လက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြက ပြောပါတယ်။

နိုင်ငံတကာ

ဘရာဇီး ဘောလုံး ပရိသတ်တွေရဲ့ အချစ်တော် ဝါရင့် တိုက်စစ်မှူးကြီး နေမာ ဂျူနီယာဟာ ကမ္ဘာ့ဖလား ပွဲစဉ်တစ်ခုမှာ ပါဝင်ကစားပြီး နိုင်ငံလက်ရွေးစင် အသင်းနဲ့ ရက်ပေါင်း ၁၀၀၀ နီးပါး ကင်းကွာနေမှုကို အဆုံးသတ်ခဲ့ပါတယ်။