Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဏာသိမ်း စစ်​ကောင်စီ အင်အားဆုတ်ယုတ်လာနေပြီလို့ ထိုင်းဝန်ကြီးချုပ်ပြော

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

အာဏာသိမ်း စစ်​ကောင်စီ အင်အားဆုတ်ယုတ်လာနေပြီလို့ ထိုင်းဝန်ကြီးချုပ်ပြော
အာဏာသိမ်း စစ်​ကောင်စီ အင်အားဆုတ်ယုတ်လာနေပြီလို့ ထိုင်းဝန်ကြီးချုပ်ပြော

အာဏာသိမ်း စစ်တပ်ဟာ ယုတ်လျော့ အားနည်းမှုတွေ ရှိလာပြီ ဖြစ်တာကြောင့် လက်ရှိကာလဟာ မြန်မာ့အရေးအတွက် ဆွေးနွေးမှုတွေ လမ်းဖွင့်နိုင်ဖို့ အသင့်တော်ဆုံးလို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ပြောကြားလိုက်ပါတယ်။

ထိုင်းမှာ ဆရက်သာ ဝန်ကြီးချုပ် ဖြစ်လာချိန် ကတည်းက မြန်မာ့အရေးနဲ့ ပတ်သက်လို့ လူသားချင်း စာနာမှု ထောက်ပံ့ရေး ကဏ္ဍကို ဦးစားပေး ချဉ်းကပ်တဲ့ မူဝါဒမျိုး ပြောင်းလဲလာခဲ့ပြီး အဲဒီ ရည်မှန်းချက်အတွက် အာဏာသိမ်း စစ်တပ်နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေလည်း ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေမှာတော့ စစ်တပ်ဟာ နိုင်ငံအနှံ့က စစ်မြေပြင်တွေမှာ ရှုံးပွဲတွေ ဆက်တိုက် ကြုံနေခဲ့ပြီး အရေးပါတဲ့ စစ်စခန်းတွေနဲ့ မြို့တွေကို ဆက်တိုက် ဆုံးရှုံးလာခဲ့ပါတယ်။

လောလောလတ်လတ် အနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်မှာတင် စစ်တပ်ဟာ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးအတွက် အထူးအရေးပါတဲ့ မြဝတီမြို့ကို ထိန်းချုပ်ခွင့် လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။ စစ်တပ်ဟာ ၂၀၂၁ ခုနှစ်မှာ အဓမ္မ အာဏာသိမ်းလိုက်ချိန်ကစလို့ အဆိုးရွားဆုံး အပြင်းထန်ဆုံး စစ်ရေးအရ ရှုံးနိမ့်မှုတွေကို ရင်ဆိုင်နေရတာပါ။

ဆရက်သာက မြန်မာနိုင်ငံမှာ လက်ရှိ အုပ်စိုးနေတဲ့ အစုအဖွဲ့ဟာ တချို့သော ဆုတ်ယုတ်မှုတွေ အထင်အရှား ရှိလာနေတယ်လို့ ဆာမွိုင်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ပြုလုပ်တဲ့ အင်တာဗျူး တစ်ခုမှာ ထည့်သွင်း မှတ်ချက် ပေးသွားခဲ့ပါတယ်။ ဒါပေမဲ့ ရှုံးနေတာတောင်မှ မြန်မာစစ်တပ်မှာ ပါဝါနဲ့ လက်နက်တွေ ရှိနေသေးတယ်လို့ သူက ပြောပါတယ်။ အခုအချိန်ဟာ ညှိနှိုင်းဆွေးနွေး သဘောတူညီမှု တစ်ခု ဖော်ဆောင်ဖို့ အချိန်ကောင်းလည်း ဖြစ်နိုင်တယ်လို့ ဆရက်သာက မှတ်ချက်ပေးသွားပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းအစိုးရဟာ အိမ်နီးချင်း နိုင်ငံရဲ့ ပြည်တွင်းရေး ပဋိပက္ခတွေကို အစုအဖွဲ့ပေါင်းစုံ ညှိနှိုင်းဆွေးနွေးမှု နည်းလမ်းနဲ့ ဖြေရှင်းပေးနိုင်ဖို့ ပိုမိုအားထည့် လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့လမှာ ထိုင်းလွှတ်တော်ဟာ မြန်မာ့ တော်လှန်ရေး အင်အားစုတွေပါ ပထမဆုံး ပါဝင်တဲ့ မြန်မာ့ အရေး ဆွေးနွေးမှု အစီအစဉ် တစ်ခုကို အာဏာသိမ်း စစ်တပ်က ကန့်ကွက်နေတဲ့ ကြားကနေ အကောင်အထည် ဖော်ခဲ့ပါတယ်။

ဆရက်သာက မြန်မာနိုင်ငံ အခြေအနေတွေဟာ ထိုင်းအတွက် အရမ်းအရေးပါကြောင်း ပြောခဲ့ဖူးပြီး မြန်မာ့အရေးကို ကူညီဖြေရှင်းဖို့ ထိုင်းအာဏာပိုင်တွေက မြန်မာဖက်မှာရှိတဲ့ အင်အားစု အသီးသီးအပြင် အမေရိကန်၊ တရုတ်တို့လို နိုင်ငံတကာ မိတ်ဖက်တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့လည်း အတည်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

ကိုးကား/ဓါတ်ပုံ- Reuters

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။