Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ကို ထောက်ခံသူတွေက နိုက်ဂျား အာဏာရပါတီ ဌာနချုပ်ကို တိုက်ခိုက်

အာဏာသိမ်းမှုကို (နိုက်ဂျားစစ်တပ် ရာထူးသတ်မှတ်ချက်အရ) ဗိုလ်မှူးချုပ်ကြီးအဆင့် အရာရှိ အမူဒူ အက်ဘ်ဒရာ မာနေးက ဦးဆောင်ခဲ့ပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင်အဖြစ် ဘယ်သူက တာဝန်ယူမလဲ ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။

အာဏာသိမ်း စစ်တပ်ကို ထောက်ခံသူတွေက နိုက်ဂျား အာဏာရပါတီ ဌာနချုပ်ကို တိုက်ခိုက်
အာဏာသိမ်း စစ်တပ်ကို ထောက်ခံသူတွေက နိုက်ဂျား အာဏာရပါတီ ဌာနချုပ်ကို တိုက်ခိုက်

နိုက်ဂျားနိုင်ငံမှာ အာဏာသိမ်းလိုက်တဲ့ စစ်တပ်ကို ထောက်ခံသူတွေက ဒီမိုကရေစီ အစိုးရ အာဏာရ ပါတီရဲ့ ဌာနချုပ်ကို ပစ်မှတ်ထား တိုက်ခိုက်ပြီး မီးရှို့မှု၊ ဖျက်ဆီးမှုတွေ ကျူးလွန်ခဲ့ပါတယ်။

အနောက် အာဖရိက နိုင်ငံရဲ့ စစ်တပ်ဟာ သမ္မတ မိုဟာမက် ဘာဇွမ်ရဲ့ အစိုးရဆီက အာဏာသိမ်းယူလိုက်ကြောင်း ဇူလိုင် ၂၆ ရက်က ကြေညာခဲ့တဲ့နောက် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ခါးခါးသီးသီး ဝေဖန် တုံ့ပြန်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။ ပြီးတော့ သမ္မတ ဘာဇွမ်ကို ပြန်လွှတ်ပေးဖို့လည်း ကုလသမဂ္ဂက ဖိအားပေး တောင်းဆိုနေပါတယ်။

အစောပိုင်းက အာဏာသိမ်းမှုကို စစ်တပ်ရဲ့ အစိတ်အပိုင်း တစ်ခုလောက်ကသာ လုပ်ဆောင်ခဲ့သလို ပုံဖော်ထားပေမယ့် အခုအခါမှာတော့ စစ်တပ် တစ်ခုလုံးက အာဏာသိမ်းသူတွေကို အားပေး ရပ်တည်ကြောင်း ထင်ထင်ရှားရှား ပြသလာပါတယ်။

ဇူလိုင် ၂၆ ရက်က မြို့တော် နိုင်ယာမီမှာ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး သမ္မတ ဘာဇွမ်ကို ထောက်ခံသူတွေ ထောင်နဲ့ချီ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်သားတွေက သေနတ်တွေ မိုးပေါ်ထောင် ပစ်ဖောက်ပြီး လူစုခွဲစေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်တစ်နေ့မှာတော့ အာဏာသိမ်း စစ်တပ်ကို ထောက်ခံတဲ့ တန်ပြန် ဆန္ဒပြသူတွေက ဘာဇွမ်အွမ်ရဲ့ ကိုယ်စားပြု အာဏာရပါတီ ဌာနချုပ်ကို တိုက်ခိုက်ခဲ့ပြီး အဆောက်အအုံ အပြင်ဖက်မှာ ကားတွေကို မီးရှို့တာ၊ ခဲတွေနဲ့ ပစ်ပေါက် ဖျက်ဆီးတာတွေ လုပ်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေထဲက တချို့ဟာ နိုက်ဂျားစစ်တပ်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိတဲ့ ရုရှားနိုင်ငံရဲ့ အလံတွေကိုလည်း ယူဆောင်လာတာ တွေ့ရပါတယ်။ ရုရှား အစိုးရကတော့ လောလောဆယ်မှာ ကုလသမဂ္ဂနည်းတူ ဘာဇွမ် လွတ်မြောက်ရေးအတွက် တောင်းဆိုထားပါတယ်။

အသက် ၆၄ နှစ်အရွယ် ဘာဇွမ်ဟာ ပြင်သစ်၊ အမေရိကန်တို့ အပါအဝင် အနောက်နိုင်ငံတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိနေပြီး ဒေသတွင်း အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက်မှုတွေကို တိုက်ဖျက်ရာမှာ ထဲထဲဝင်ဝင် ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ယူရေနီယမ် သတ္တုရိုင်းတွေ ကြွယ်ကြွယ်ဝဝ ထွက်ရှိရာ နိုင်ငံထဲမှာ ပြင်သစ်ရော၊ အမေရိကန်ပါ စစ်အခြေစိုက် စခန်းတွေ တည်ဆောက်ထားပါတယ်။

အာဏာသိမ်းမှုကို (နိုက်ဂျားစစ်တပ် ရာထူးသတ်မှတ်ချက်အရ) ဗိုလ်မှူးချုပ်ကြီးအဆင့် အရာရှိ အမူဒူ အက်ဘ်ဒရာ မာနေးက ဦးဆောင်ခဲ့ပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင်အဖြစ် ဘယ်သူက တာဝန်ယူမလဲ ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။

အာဏာသိမ်းမှုအပြီး အစိုးရ ရုပ်မြင်သံကြား ဌာနက မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ဝါဒဖြန့် သီချင်းတွေ၊ ဘာသာရေး ဟောပြောမှုတွေကို ထုတ်လွှင့်နေပြီး ပုံမှန် သတင်းတင်ဆက်မှု အစီအစဉ်တွေကို လျှော့ချထားလိုက်ပါတယ်။ မြို့တော် နိုင်ယာမီမှာတော့ အာဏာသိမ်းမှုအပြီး အခြေအနေတွေက မတင်မကျ ဖြစ်နေပေမယ့် ဆိုင်တွေနဲ့ စီးပွားရေး လုပ်ငန်း တော်တော်များများ ဖွင့်လှစ်ထားဆဲလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။