Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲ အနိုင်ရပါတီက ထိုင်းညွန့်ပေါင်း အစိုးရသစ်မှာ မပါဝင်နိုင်တော့၊ PTPရဲ့ ဝန်ကြီးချုပ်လောင်းကို အတည်ပြု ကြေညာ

ဩဂုတ် ၂ ရက်မှာ နိုင်ငံရေး မဟာမိတ် အင်အားစုက MFPက သီးခြားခွဲထွက်သွားတော့မယ့် အကြောင်းကို အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ ဒီကိစ္စဟာ လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက ကြိုတင် သတင်းထွက်နေပြီး အခုမှ တရားဝင် ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရပါတီက ထိုင်းညွန့်ပေါင်း အစိုးရသစ်မှာ မပါဝင်နိုင်တော့၊ PTPရဲ့ ဝန်ကြီးချုပ်လောင်းကို အတည်ပြု ကြေညာ
ရွေးကောက်ပွဲ အနိုင်ရပါတီက ထိုင်းညွန့်ပေါင်း အစိုးရသစ်မှာ မပါဝင်နိုင်တော့၊ PTPရဲ့ ဝန်ကြီးချုပ်လောင်းကို အတည်ပြု ကြေညာ

ထိုင်းရွေးကောက်ပွဲမှာ လွှတ်တော်အမတ် နေရာ အများဆုံးနဲ့ အနိုင်ရထားတဲ့ Move Forward ပါတီ (MFP)ဟာ ညွန့်ပေါင်း အစိုးရသစ် ဖွဲ့စည်းဖို့ ရည်ရွယ် စုစည်းထားတဲ့ ၈ ပါတီ မဟာမိတ် အဖွဲ့ထဲကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဩဂုတ် ၂ ရက်မှာ နိုင်ငံရေး မဟာမိတ် အင်အားစုက MFPက သီးခြားခွဲထွက်သွားတော့မယ့် အကြောင်းကို အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ ဒီကိစ္စဟာ လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက ကြိုတင် သတင်းထွက်နေပြီး အခုမှ တရားဝင် ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

MFPဟာ ၈ ပါတီ မဟာမိတ် အင်အားစုကို ဦးဆောင်ပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော် အမတ်တွေဆီက ခါးခါးသီးသီး ဆန့်ကျင်မှုကြောင့် မအောင်မြင်ခဲ့ပါဘူး။ ထိုင်းမှာ တင်မြှောက်မယ့် ဝန်ကြီးချုပ်သစ်ဟာ အထက်လွှတ်တော် အမတ် ၂၅၀ ထဲက အတိုင်းအတာ တခုထိ များပြားတဲ့ အရေအတွက်ရဲ့ ထောက်ခံမှုကို လိုအပ်နေပေမယ့် MFP ခေါင်းဆောင် ဖီထာ လင်မ်ဂျရွန်ရတ်ကတော့ အဲဒီ ကွန်ဆာဗေးတစ် အင်အားစုတွေကို မစည်းရုံးနိုင်ခဲ့ပါဘူး။

အဲဒီနောက် MFPက အစိုးရ အဖွဲ့သစ်ကို ခေါင်းဆောင်မယ့် အစီအစဉ်ကနေ လက်လျှော့ပြီး ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံး ရခဲ့တဲ့ ဖျူထိုင်းပါတီ (PTP)က ဝန်ကြီးချုပ်သစ် အဆိုပြုနိုင်ဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ညွန့်ပေါင်း အစိုးရသစ်မှာ MFP ပါဝင်နေသ၍ PTPရဲ့ ဝန်ကြီးချုပ်သစ်ကိုလည်း ထောက်ခံပေးမှာ မဟုတ်ဘူးလို့ အထက်လွှတ်တော် အမတ်တွေက တင်းခံနေပြန်တာကြောင့် ၈ ပါတီ မဟာမိတ် အင်အားစုကနေ MFP နုတ်ထွက်ရေးကို PTPက ပြန်လည် ညှိနှိုင်းခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အခုအခြေအနေအရ PTPက အဆိုတင်သွင်းမယ့် ဝန်ကြီးချုပ်သစ်ဟာ နောက်လာမယ့် ထိုင်းလွှတ်တော် မဲခွဲ ဆုံးဖြတ်မှုမှာ လွှတ်တော် နှစ်ရပ်စလုံးရဲ့ ထောက်ခံမဲ အများစုကို ရရှိဖို့ သေချာသလောက် ဖြစ်သွားပြီး မေလလယ် ရွေးကောက်ပွဲမှာ လူထုထောက်ခံနှုန်း အမြင့်ဆုံး၊ ရွေးကောက်ခံ အောက်လွှတ်တော် အမတ်နေရာ အများဆုံး ရခဲ့တဲ့ MFPကတော့ အစိုးရ အဖွဲ့ထဲမှာတောင် ပါဝင်ခွင့် မရတော့ဘဲ အဓိက အတိုက်အခံ အနေနဲ့ ရပ်တည်ရတော့မယ့် အဓိပ္ပါယ်ပါပဲ။

ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းဖို့ လျာထားတဲ့ နိုင်ငံရေး မဟာမိတ် အင်အားစုထဲကနေ MFP နုတ်ထွက်ရေးအတွက် PTPနဲ့ ထဲထဲဝင်ဝင် ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း၊ PTPဟာ ဆရက်သာ သာဗင်ဆင်ကို ဝန်ကြီးချုပ်သစ်အဖြစ် လွှတ်တော်မှာ အဆိုပြု တင်သွင်းသွားမှာဖြစ်ကြောင်း ပါတီဖက်က အတည်ပြု ကြေညာသွားခဲ့ပါတယ်။ MFPကတော့ လက်ရှိ နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲနဲ့ ပတ်သက်လို့ ချက်ချင်း မှတ်ချက် မပေးသေးဘဲ ရွေးကောက်ခံ ပါတီအမတ်တွေ စုဝေး စည်းရုံးပြီးမှ ပါတီရဲ့ သဘောထားကို ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

PTPက ဝန်ကြီးချုပ်အဖြစ် အဆိုပြုမယ့် ဆရက်သာဟာ ပါတီရဲ့ နောက်ကွယ်က အဓိက ကြိုးကိုင်နေသူ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာရဲ့ လူယုံတစ်ဦးအဖြစ် လူသိများပါတယ်။ အိမ်ခြံမြေ လုပ်ငန်းစု သူဌေးကြီး တစ်ဦးဖြစ်တဲ့ ဆရက်သာဟာ အလယ်အလတ် ဝါဒီ နိုင်ငံရေးသမား တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး အထက်လွှတ်တော် အမတ်အတော်များများနဲ့လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။