Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစိုးရသစ် ဖွဲ့စည်းရေးကိစ္စ ရှုပ်ထွေးနေမှုကြောင့် သက်ဆင်ရဲ့ ထိုင်းအပြန်ခရီး ရွှေ့ဆိုင်းဖွယ်ရှိနေ

၂၀၀၆ ခုနှစ်မှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရတဲ့နောက် ပြည်ပမှာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်အတွင်း တိမ်းရှောင်နေခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းနဲ့ ဘီလီယံနာ လုပ်ငန်းရှင် သူဌေးကြီး သက်ဆင်ဟာ မူလက ဩဂုတ် ၁၀ ရက်ကျရင် ထိုင်းနိုင်ငံ ပြန်လာတော့မယ်လို့ သူ့ရဲ့ သမီးဖြစ်သူ ဖျူထိုင်းပါတီ (PTP)ခေါင်းဆောင် ပေတွန်တန် ရှီနာဝပ်ထရာက ကြေညာထားပါတယ်။

အစိုးရသစ် ဖွဲ့စည်းရေးကိစ္စ ရှုပ်ထွေးနေမှုကြောင့် သက်ဆင်ရဲ့ ထိုင်းအပြန်ခရီး ရွှေ့ဆိုင်းဖွယ်ရှိနေ
အစိုးရသစ် ဖွဲ့စည်းရေးကိစ္စ ရှုပ်ထွေးနေမှုကြောင့် သက်ဆင်ရဲ့ ထိုင်းအပြန်ခရီး ရွှေ့ဆိုင်းဖွယ်ရှိနေ

ထိုင်းနိုင်ငံမှာ အစိုးရသစ် ဖွဲ့စည်းရေးကိစ္စ ရှုပ်ထွေးနေတဲ့ အတောအတွင်း ဇာတိနိုင်ငံ ပြန်လာမယ့် အစီအစဉ်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာက ရွှေ့ဆိုင်းထားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

၂၀၀၆ ခုနှစ်မှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရတဲ့နောက် ပြည်ပမှာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်အတွင်း တိမ်းရှောင်နေခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းနဲ့ ဘီလီယံနာ လုပ်ငန်းရှင် သူဌေးကြီး သက်ဆင်ဟာ မူလက ဩဂုတ် ၁၀ ရက်ကျရင် ထိုင်းနိုင်ငံ ပြန်လာတော့မယ်လို့ သူ့ရဲ့ သမီးဖြစ်သူ ဖျူထိုင်းပါတီ (PTP)ခေါင်းဆောင် ပေတွန်တန် ရှီနာဝပ်ထရာက ကြေညာထားပါတယ်။

သူ့ဖခင်ဟာ ကြုံလာသမျှ အခြေအနေတိုင်းကို ရင်ဆိုင်ပြီး ဩဂုတ် ၁၀ ရက်ကျရင် ဘန်ကောက်မြို့တော်က ဒွန်မောင်း လေဆိပ်ကို ရောက်ရှိလာလိမ့်မယ်လို့ ပေတွန်တန်က ကနဦး ထုတ်ပြန်ထားခဲ့ပါတယ်။ သက်ဆင်ဟာ ထိုင်းမှာ ပြင်းထန်တဲ့ စွဲချက်တချို့အတွက် မျက်ကွယ်မှာ ထောင်ဒဏ် ၁၀ နှစ်ထက်မနည်း စီရင်ချမှတ် ခံထားရပါတယ်။ တစ်နည်းအားဖြင့် သူဟာ ထိုင်းပြန်ရောက်တာနဲ့ အချုပ်ထဲ ဝင်ရမယ့် သဘောမျိုး ရှိနေပါတယ်။

သက်ဆင်က နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ PTPဟာ အခု သီတင်းပတ်ထဲမှာ ပါတီကိုယ်စားပြု ထိုင်းဝန်ကြီးချုပ်သစ် ဆရက်သာ သာဗင်ဆန်ကို လွှတ်တော်မှာ အဆိုပြု တင်မြှောက်ဖွယ် ရှိနေပါတယ်။ ထိုင်းမှာ ရွေးကောက်ပွဲတွေ ကျင်းပ ပြီးစီးခဲ့တာ ၂ လခွဲ ကျော်လာပြီ ဖြစ်ပေမယ့် အရှုပ်အထွေးနဲ့ အခက်အခဲပေါင်းစုံကြောင့် ဝန်ကြီးချုပ်သစ် မတင်မြှောက်နိုင်သေးပါဘူး။

Public Service Announcement

Public Service Announcement

လောလောဆယ်မှာ ထိုင်းနိုင်ငံရေးဟာ ဝန်ကြီးချုပ်သစ် ကိစ္စအတွက် အဓိက အာရုံစိုက်သင့်တယ်လို့ ယူဆတဲ့အတွက် သက်ဆင်က အစိုးရသစ် တည်တည်ငြိမ်ငြိမ် ဖွဲ့စည်းပြီးချိန်အထိ သူ့ရဲ့ အပြန်ခရီးကို ဆိုင်းငံ့ဖွယ် ရှိတယ်လို့ PTPရဲ့ သတင်းရင်းမြစ် တစ်ဦးက ဆိုပါတယ်။

သက်ဆင်ဟာ ထိုင်းကို ပြန်လာမယ့် အစီအစဉ်ကို စွန့်ပယ်လိုက်တာ မဟုတ်ဘဲ နိုင်ငံရေးအရ ပိုပြီး တည်ငြိမ် အနည်ထိုင်သွားတဲ့ အချိန်မျိုး၊ အစိုးရသစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာတဲ့ အချိန်မျိုးထိ စောင့်ချင်တဲ့ သဘောသာ ဖြစ်တယ်လို့လည်း အဲဒီ သတင်းရင်းမြစ်က The Nation သတင်းဌာနဆီ အသိပေးခဲ့ပါတယ်။ သက်ဆင်ကိုယ်တိုင်နဲ့ သူ့သမီး ပေတွန်တန်တို့ကတော့ နောက်ဆက်တွဲ အပြောင်းအလဲ ဖြစ်နိုင်ခြေအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

သက်ဆင်ဟာ အာဏာသိမ်းမှုအပြီး ၂ နှစ်အကြာ ၂၀၀၈ ခုနှစ် ကတည်းက ထိုင်းနိုင်ငံကနေ ထွက်ခွာသွားခဲ့ပြီး စင်ကာပူ၊ ဟောင်ကောင်၊ ဒူဘိုင်းစတဲ့ နိုင်ငံရပ်ခြား ဒေသတွေမှာ လှည့်လည် အခြေချနေခဲ့ပါတယ်။ သူဟာ ပြည်ပမှာ နှစ်ရှည်လများ တိမ်းရှောင်နေတဲ့တိုင် ထိုင်းနိုင်ငံရေးမှာ ဩဇာသက်ရောက်မှု အကြီးဆုံး ပုဂ္ဂိုလ် တစ်ဦးအဖြစ် ဆက်ရှိနေဆဲပါ။ သက်ဆင်ဟာ ညီမဖြစ်သူ ယင်လက်ခ် ရှီနာဝပ်ထရာကိုလည်း ဝန်ကြီးချုပ် ထိုင်ခုံဆီ တွန်းတင်ပေးခဲ့ဖူးပေမယ့် မောင်နှမနှစ်ယောက် တူညီတဲ့ ကံကြမ္မာကိုပဲ ကြုံတွေ့ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ယင်လက်ခ်ဆီကနေ ထိုင်းစစ်တပ်က နောက်တစ်ကြိမ် အာဏာသိမ်းယူခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။