Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် သဘောထားဟူသော အာဆီယံသို့ တင်ပြခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ပြောစကားများကို NLD သံသယရှိ

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမစတင်မီ ရက်ပိုင်းအလိုတွင် နေပြည်တော်သို့ လျှို့ဝှက် နေ့ချင်းပြန်သွားရောက်ကာ အာဏာသိမ်းစစ်ကောင်စီနှင့် ဒေါ် အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ၌ ကျင်းပသော အာဆီယံအစည်းအဝေးစတင်သည့်နေ့တွင် ထုတ်ဖော်ပြောကြားသည်။

(ထိုင်းနိုင်ငံခြား​ရေးဝန်ကြီးကို အာဆီယံနိုင်ငံခြား​ရေးဝန်ကြီးများအစည်းအ​ဝေးတွင်ဇူလိုင် ၁၁ ရက်က​တွေ့ရစဥ်။ ဓါတ်ပုံ-AFP)
(ထိုင်းနိုင်ငံခြား​ရေးဝန်ကြီးကို အာဆီယံနိုင်ငံခြား​ရေးဝန်ကြီးများအစည်းအ​ဝေးတွင်ဇူလိုင် ၁၁ ရက်က​တွေ့ရစဥ်။ ဓါတ်ပုံ-AFP)

▪︎နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေး အားစိုက်လုပ်ဆောင်ရန် အာဆီယံခေါင်းဆောင်များကို တိုက်တွန်း

ထိုင်းနိုင်ငံခြားရေးဝန်ကြီးကနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သဘောထားဟုဆိုကာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ပြောကြားချက်များအပေါ် စစ်မှန်သည်ဟု သံသယရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ယနေ့ ထုတ်ပြန်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်အာဏာသိမ်းချိန်မှစ၍ မတရားဖမ်းဆီးခံရစဥ်ကာလတွင် (က)ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ လွတ်လပ်စွာ စုံညီအစည်းအဝေး မကျင်းနိုင်ဘဲ သူမ အနေဖြင့် မည်သည့်သဘောထားများ၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်မဟုတ်၊ (ခ) ပြည်သူလူထုကိုသာအခြေခံပြီး ပြည်သူလူထု၏ ဆန္ဒသဘောထားကို မည်သည့်အခါမှ ဆန့်ကျင်မည်မဟုတ်ပါ စသည့် သဘောထားများနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်များမှာ ကွဲလွဲမှုရှိနေကြောင်း NLD ဗဟိုအလုပ်ကော်မတီက ဖော်ပြသည်။

ထို့အပြင် မြန်မာ့နိုင်ငံရေးပြဿနာများ ပြေလည်ရေးလမ်းစအဖြစ် အရေးပါလှသော ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒသဘောထားကို ပြည်သူလူထုထံသို့ လွတ်လပ်စွာတင်ပြနိုင်ရန် အာဆီယံ ခေါင်းဆောင်များအနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အညီ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်၍ လွတ်လပ်စွာ သဘောထားအမြင်ဖော်ထုတ်နိုင်မှုကို အားစိုက်လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းသည်။

“အာဆီယံအစည်းအဝေးအမီ ထုတ်ပြန်တာပါ” ဟု NLD ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမစတင်မီ ရက်ပိုင်းအလိုတွင် နေပြည်တော်သို့ လျှို့ဝှက် နေ့ချင်းပြန်သွားရောက်ကာ အာဏာသိမ်းစစ်ကောင်စီနှင့် ဒေါ် အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ၌ ကျင်းပသော အာဆီယံအစည်းအဝေးစတင်သည့်နေ့တွင် ထုတ်ဖော်ပြောကြားသည်။

မြန်မာ့နိုင်ငံရေးလေ့လာသူများကမူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် အာဏာသိမ်းစစ်ကောင်စီအလိုကျ ဒေါ်အောင်ဆန်းစုကြည်နှင့်လာရောက်တွေ့ဆုံကာ စစ်ကောင်စီတက်ရောက်ခွင့်မရရှိသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စား ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဟူသော အတည်မပြုနိုင်သည့် စကားများကို ပြန်လွှင့်ပေးခဲ့သည်ဟု ရှုမြင်ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

​သြစတြေးလျနဲ့ တောင်ကိုရီးယား နိုင်ငံရောက် မြန်မာတွေက မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးလွတ်မြောက် ရေး ဆန္ဒပြခြင်းကို သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။