Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟွန်ဆန်းရဲ့ မွေးနေ့ကို သက်ဆင်နဲ့ ယင်လက်ခ်တို့မောင်နှမတွေ တက်ရောက်

မူလက သက်ဆင်ဟာ ထိုင်းကို ဩဂုတ် ၁၀ ရက်မှာ ပြန်လာဖို့ စီစဉ်ထားခဲ့ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ကျန်းမာရေး စစ်ဆေးစရာတွေ ကျန်သေးတယ်လို့ အကြောင်းပြပြီး အဲဒီကိစ္စကို သက်ဆင်က အနည်းဆုံး သီတင်းနှစ်ပတ်လောက် ရွှေ့ဆိုင်းထားမယ်လို့ ပြောင်းလဲ ကြေညာခဲ့ပါတယ်။

ဟွန်ဆန်းရဲ့ မွေးနေ့ကို သက်ဆင်နဲ့ ယင်လက်ခ်တို့မောင်နှမတွေ တက်ရောက်
ဟွန်ဆန်းရဲ့ မွေးနေ့ကို သက်ဆင်နဲ့ ယင်လက်ခ်တို့မောင်နှမတွေ တက်ရောက်

ပြည်ပကို တိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း မောင်နှမဖြစ်တဲ့ သက်ဆင် ရှီနာဝပ်ထရာနဲ့ ယင်လက်ခ် ရှီနာဝပ်ထရာတို့ နှစ်ဦးဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်းရဲ့ မွေးနေ့ကို တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ဩဂုတ် ၅ ရက်က ထိုင်းဝန်ကြီးချုပ်ဟောင်း နှစ်ဦးဟာ ကမ္ဘောဒီးယားနိုင်ငံ၊ တာခမောင်းမြို့ဆီ ရောက်ရှိပြီး ဟွန်ဆန်းရဲ့ မွေးနေ့ကို တက်ရောက် ချီးမြှင့်ခဲ့တယ်လို့ ဖနွမ်ပင်ပို့စ် သတင်းဌာနက ဖော်ပြသွားပါတယ်။ ဟွန်ဆန်းဟာ အသက် ၇၁ နှစ်ပြည့် မွေးနေ့ကို တာခမောင်းမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်းမှာ သက်တမ်းအရှည်ဆုံး နိုင်ငံခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့တဲ့နောက် ဟွန်ဆန်းဟာ ဩဂုတ် ၁၀ ရက်မှာ ဝန်ကြီးချုပ် ရာထူးကို သားဖြစ်သူ ဟွန်မာနတ်ဆီ လွှဲအပ်ပေးတော့မယ်လို့ အတည်ပြု ထုတ်ပြန်ထားပါတယ်။

သက်ဆင်နဲ့ ယင်လက်ခ်တို့ဟာ ကမ္ဘောဒီးယား နိုင်ငံမှာ တစ်ညတာ နေထိုင်ခဲ့ကြတယ်လို့လည်း ဒေသခံ မီဒီယာတွေက ဆိုပါတယ်။ သူတို့ မောင်နှမဟာ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်တွေ ဖြစ်ခဲ့ဖူးပေမယ့် တူညီတဲ့ ကံကြမ္မာကြောင့် ပြည်ပကို တိမ်းရှောင်နေရတာပါ။ သက်ဆင်ဟာ ၂၀၀၆ ခုနှစ်မှာ ထိုင်းစစ်တပ် အာဏာသိမ်းတာ ခံခဲ့ရပြီး ယင်လက်ခ်ကတော့ ၂၀၁၄ မှာ အာဏာသိမ်း ခံခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ် ထိုင်းနိုင်ငံမှာ သက်ဆင် ချုပ်ကိုင်ထားရာ နိုင်ငံရေး ပါတီဖြစ်တဲ့ ဖျူထိုင်းပါတီ (PTP)က အစိုးရသစ် ဖွဲ့စည်းဖို့ ကြိုးစားနေပြီး အဲဒီနောက်ပိုင်းမှာတော့ အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ ထိုင်းကို ပြန်လာနိုင်ဖို့ စီစဉ်နေပါတယ်။ သူဟာ ၂၀၀၈ ကစလို့ ပြည်ပမှာ တိမ်းရှောင်နေပြီး မျက်ကွယ်မှာ ချမှတ် ခံထားရတဲ့ ပြစ်ဒဏ် စီရင်ချက်တွေကြောင့် ထိုင်းကို ပြန်ရောက်ရင် အဖမ်းခံရမယ့် အခြေအနေ ရှိနေပါတယ်။

မူလက သက်ဆင်ဟာ ထိုင်းကို ဩဂုတ် ၁၀ ရက်မှာ ပြန်လာဖို့ စီစဉ်ထားခဲ့ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ကျန်းမာရေး စစ်ဆေးစရာတွေ ကျန်သေးတယ်လို့ အကြောင်းပြပြီး အဲဒီကိစ္စကို သက်ဆင်က အနည်းဆုံး သီတင်းနှစ်ပတ်လောက် ရွှေ့ဆိုင်းထားမယ်လို့ ပြောင်းလဲ ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်မြောက် မွေးနေ့မှာ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဌာနက ဆုတောင်းပေးခဲ့တဲ့အပေါ် ကျေးဇူးတင်ရှိကြောင်း ပြောပြဖို့ လန်ဒန်မြို့မှာရှိတဲ့ တရုတ်သံအမတ်ကြီးဆီ စာရေးသား ပေးပို့ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က ဒီနေ့ ဇူလိုင် ၃ရက်မှာ အသိပေးပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးမှုတွေကို ကျေးဇူးတင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးလှုံ့ဆော်မှုအဖွဲ့ (CRPP-NLD)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ထောင်တွင်းဖိနှိပ်မှုတွေရှိပေမယ့် မန္တလေးအိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေစုပေါင်းပြီး ‌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း နဲ့ ဒီလှုပ်ရှားမှုကို အကြောင်းပြုကာ ပြည်သူတွေကို မတရားဖမ်းဆီးခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း People Movement Platform -Myanmar က အသိပေးထားပါတယ်။