Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယားလက်နက် သုံးရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားစေရမယ်လို့ တောင်ကိုရီးယား သတိပေး

မြောက်ကိုရီးယားက ကိုရီးယား ကျွန်းဆွယ် တဝိုက်မှာ တောင်ကိုရီးယားရဲ့ မဟာမိတ် အမေရိကန်က စစ်အင်အား ပိုမိုဖြန့်ကျက်လာနေတဲ့အပေါ် ခါးခါးသီးသီး ဝေဖန်ပြီး နျူကလီးယား လက်နက်တွေနဲ့ တုံ့ပြန်မယ်လို့ မကြာသေးခင်က ခြိမ်းခြောက်ထားပါတယ်။

နျူကလီးယားလက်နက် သုံးရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားစေရမယ်လို့ တောင်ကိုရီးယား သတိပေး
နျူကလီးယားလက်နက် သုံးရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားစေရမယ်လို့ တောင်ကိုရီးယား သတိပေး

နျူကလီးယားလက်နက် ထုတ်သုံးလိုက်ပြီ ဆိုတာနဲ့ မြောက်ကိုရီးယား အစိုးရရဲ့ အဆုံးသတ် ကာလကို ရောက်သွားစေမယ်လို့ တောင်ကိုရီးယားက သတိပေးခဲ့ပါတယ်။

ပြိုင်ဘက် မြောက်ကိုရီးယား နိုင်ငံက နျူကလီးယား လက်နက်တွေ အမှန်တကယ် ပိုင်ဆိုင်လာသလို လက်တွေ့ အသုံးပြုမယ် ဆိုတာမျိုး မကြာခဏ ခြိမ်းခြောက်နေတဲ့အပေါ် ဇူလိုင် ၂၁ ရက်မှာ တောင်ကိုရီးယား အခုလို တင်းတင်းမာမာ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက ကိုရီးယား ကျွန်းဆွယ် တဝိုက်မှာ တောင်ကိုရီးယားရဲ့ မဟာမိတ် အမေရိကန်က စစ်အင်အား ပိုမိုဖြန့်ကျက်လာနေတဲ့အပေါ် ခါးခါးသီးသီး ဝေဖန်ပြီး နျူကလီးယား လက်နက်တွေနဲ့ တုံ့ပြန်မယ်လို့ မကြာသေးခင်က ခြိမ်းခြောက်ထားပါတယ်။

ဒါပေမဲ့ အဲဒီစကားအတိုင်းသာ မြောက်ကိုရီးယားက ဖျက်အားပြင်း နျူကလီးယား လက်နက်တွေ အမှန်တကယ် ထုတ်သုံးခဲ့မယ်ဆိုရင် ကင်ဂျုံအန်း ဦးဆောင်နေတဲ့ မြောက်ကိုရီးယား အစိုးရဟာ သေချာပေါက် အဆုံးသတ်သွားလိမ့်မယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက တုံ့ပြန်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ခြွင်းချက်မရှိ သဘောတူညီမှုအရ နျူကလီးယား တိုက်ခိုက်မှု တစ်ခုခုနဲ့ ကြုံလာပြီ ဆိုတာနဲ့ သည်းသည်းမည်းမည်း၊ ပြင်းပြင်းထန်ထန် မလျှော့စတမ်း ပြန်လည် တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ တောင်ကိုရီးယားက ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

အမေရိကန်ရဲ့ နျူကလီးယား ရေငုပ်သင်္ဘောကြီးတစ်စီး တောင်ကိုရီးယားမှာ ကမ်းကပ်ရပ်နားမှုနဲ့ ပတ်သက်ပြီး ရန်လိုခြိမ်းခြောက်တဲ့ လုပ်ရပ်တစ်ခုအဖြစ် မြောက်ကိုရီးယားက စွပ်စွဲထားပေမယ့် တောင်ကိုရီးယားကတော့ ကာကွယ်ရေး အစီအမံ တစ်ရပ်အနေနဲ့ အပြည့်အဝ လုပ်ပိုင်ခွင့် ရှိတယ်လို့ ပြောကြားထားပါတယ်။

အစောပိုင်းမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံ တစ်ခုခုကို နျူကလီးယားနဲ့ တိုက်ခိုက်မယ်ဆိုရင် မြောက်ကိုရီးယား အပါအဝင် ဘယ်သူမဆို အပြင်းထန်ဆုံး၊ အကြမ်းတမ်းဆုံး နောက်ဆက်တွဲ ပြဿနာတွေကို ကြိုတင် တွေးတောထားသင့်ကြောင်း သတိပေးထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခုနှစ် နွေရာသီမှာ လွန်လွန်ကဲကဲ ပူပြင်းမှုတွေကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။