Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်ဟာ ရုရှားနိုင်ငံကို ဖျက်ဆီးနေတာလို့ ယူကရိန်း သမ္မတပြော

ပူတင်ဟာ ရုရှားစစ်တပ်နဲ့ ရုရှားပြည်သူတွေကို အကာအကွယ်ယူ ပုန်းခိုနေပြီး ရုရှားနိုင်ငံနဲ့ ရုရှားပြည်သူတွေရဲ့ အနာဂတ်ကို မီးတင်ရှို့နေကြောင်း၊ ပူတင်ရဲ့ အကြမ်းဖက် ရန်လိုမှုတွေကို ယူကရိန်းက လုံးဝ ခွင့်လွှတ်မှာ မဟုတ်ကြောင်းလည်း ဇီလန်စကီးက ဆိုပါတယ်။

ပူတင်ဟာ ရုရှားနိုင်ငံကို ဖျက်ဆီးနေတာလို့ ယူကရိန်း သမ္မတပြော
ပူတင်ဟာ ရုရှားနိုင်ငံကို ဖျက်ဆီးနေတာလို့ ယူကရိန်း သမ္မတပြော

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ရုရှားနိုင်ငံကို ဖျက်ဆီးနေသူ ဖြစ်တယ်လို့ နှစ်သစ်ကူး မိန့်ခွန်းမှာ ရုရှား ပြည်သူတွေဆီ လိပ်မူပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားသွားပါတယ်။

အစောပိုင်းမှာ ပူတင်ဟာ စစ်တပ် ယူနီဖောင်း ဝတ်ဆင်ထားသူတွေ ခြံရံပြီး ပြည်သူတွေကို နှစ်သစ်ကူး မိန့်ခွန်း ပြောခဲ့ပါတယ်။ ဇီလန်စကီးကတော့ ပူတင်ဟာ ရုရှား စစ်တပ်တွေကို ဦးဆောင်နေတာ မဟုတ်ဘဲ သူတို့နောက်မှာ ဝင်ပုန်းနေတာသာ ဖြစ်တယ်လို့ လှောင်ပြောင်သွားခဲ့ပါတယ်။

ဒီဇင်ဘာ ၃၀ မှာ ရုရှားဟာ ယူကရိန်းက မြို့ကြီးတွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး ဒီလုပ်ရပ်နဲ့ ပတ်သက်လို့ ယူကရိန်းက လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူးလို့လည်း ဇီလန်စကီးက သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။ ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းမှာ ထိခိုက်သေကြေ ပျက်စီးမှုတွေ ဘယ်လောက်ထိ ဖြစ်ခဲ့သလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒီတိုက်ခိုက်မှုဟာ လူမဆန်တဲ့ လုပ်ရပ် တစ်ခုဖြစ်တယ်လို့ Instagramကနေတဆင့် ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ဇီလန်စကီးက ထည့်သွင်း ရှုတ်ချသွားပါတယ်။

သူတို့ရဲ့ ခေါင်းဆောင်က သူဟာ ရှေ့ဆုံးက ဦးဆောင်နေပြီး စစ်တပ်က သူ့ကို ထောက်ခံနေတယ်လို့ ပြသချင်နေကြောင်း၊ လက်တွေ့မှာတော့ သူဟာ စစ်တပ်ရဲ့နောက်မှာ ဝင်ပုန်းနေတာသာဖြစ်ကြောင်း ဇီလန်စကီးက ရုရှားပြည်သူတွေဆီ ဦးတည်ပြီး ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပူတင်ဟာ ရုရှားစစ်တပ်နဲ့ ရုရှားပြည်သူတွေကို အကာအကွယ်ယူ ပုန်းခိုနေပြီး ရုရှားနိုင်ငံနဲ့ ရုရှားပြည်သူတွေရဲ့ အနာဂတ်ကို မီးတင်ရှို့နေကြောင်း၊ ပူတင်ရဲ့ အကြမ်းဖက် ရန်လိုမှုတွေကို ယူကရိန်းက လုံးဝ ခွင့်လွှတ်မှာ မဟုတ်ကြောင်းလည်း ဇီလန်စကီးက ဆိုပါတယ်။

မိန့်ခွန်းရဲ့ နောက်ပိုင်းမှာတော့ ဇီလန်စကီးက ရုရှားရဲ့ ကျူးကျော်မှုကို ရွပ်ရွပ်ချွံချွံ ခုခံ တွန်းလှန်ပေးခဲ့ကြတဲ့ ယူကရိန်း ပြည်သူတွေကို ကျေးဇူးတင်စကား ပြောကြားသွားပါတယ်။ ယူကရိန်းဟာ တစ်ပေါင်းတစ်စည်းတည်း တိုက်ပွဲဝင်ခဲ့ကြောင်း၊ ဒီအတွက် ကဏ္ဍအသီးသီးက ပါဝင်သူ အားလုံးကို လေးစားပြီး ကျေးဇူးလည်းတင်ကြောင်း ဇီလန်စကီးက ဖွင့်ဟခဲ့ပါတယ်။

အစောပိုင်းတုန်းက စစ်တပ် အရာရှိတွေ ခြံရံပြီး ပြောကြားခဲ့တဲ့ ပူတင်ရဲ့ မိန့်ခွန်းမှာတော့ ယူကရိန်းကို ကျူးကျော် စစ်ပြုတာဟာ ရုရှား အနွယ်ဝင်တွေနဲ့ သမိုင်းဝင် ရုရှားနယ်မြေတွေကို ကာကွယ်ဖို့ ဖြစ်တယ်လို့ အကြောင်းပြသွားပါတယ်။ နောက်ပြီး ပူတင်က အခုလို စစ်ဖြစ်အောင် အနောက်နိုင်ငံတွေက ရုရှားကို မျိုးစံ ရန်စခဲ့တာသာ ဖြစ်တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

အနောက်နိုင်ငံတွေက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် မုသားစကားတွေကိုပဲ တွင်တွင် သုံးစွဲခဲ့ကြောင်း၊ အခုအခါ ယူကရိန်းကို အသုံးချပြီး ရုရှားနိုင်ငံ ပြိုကွဲအောင် ကြံစည်နေကြောင်း ပူတင်က ပြောပါတယ်။ ယူကရိန်းနဲ့ အနောက်မဟာမိတ်တွေကတော့ ပူတင်ရဲ့ စွပ်စွဲချက်ကို ပယ်ချပြီး ရုရှားကသာ စတင်ရန်လိုခဲ့တာလို့ တုံ့ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။