Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မှု ဒုတိယအကြိမ်မှာလည်း မအောင်မြင်ပြန်

ဒုံးပျံ အစိတ်အပိုင်း တချို့ကို ဆယ်ယူရရှိခဲ့တဲ့နောက် တောင်ကိုရီးယား ထောက်လှမ်းရေးက မြောက်ကိုရီးယား ရည်ရွယ်ထားတဲ့ မစ်ရှင်ရဲ့ တောင်းဆိုမှု အတွက်ဆိုရင် အဲဒီပစ္စည်းတွေက ခေတ်နောက်ကျလွန်းနေတယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မှု ဒုတိယအကြိမ်မှာလည်း မအောင်မြင်ပြန်
မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မှု ဒုတိယအကြိမ်မှာလည်း မအောင်မြင်ပြန်

ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်ရေးအတွက် အားထုတ်မှုဟာ ဒုတိယအကြိမ် ရှုံးနိမ့်ခဲ့ပြန်ကြောင်း မြောက်ကိုရီးယား အစိုးရက ဝန်ခံခဲ့ပါတယ်။

ဩဂုတ် ၂၄ ရက်မှာ မြောက်ကိုရီးယားဟာ ထောက်လှမ်းရေး ဂြိုဟ်တု တစ်စင်းကို ကမ္ဘာပတ်လမ်းထဲ ပစ်လွှတ်ခဲ့ပေမယ့် ဒုံးပျံရဲ့ တတိယအဆင့် ခွဲထွက်မှုမှာ ချွတ်ယွင်းချက် ဖြစ်ပေါ်ခဲ့ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ ပထမဆုံး ထောက်လှမ်းရေး ဂြိုဟ်တု လွှတ်တင်မှုကို မေလတုန်းက အကောင်အထည် ဖော်ခဲ့ရာမှာ မအောင်မြင်ခဲ့သလို ဒုတိယ အကြိမ်မှာလည်း ထပ်မံ လွဲချော်ခဲ့ပြန်တာပါ။ အဲဒီတုန်းက ဂြိုဟ်တုကို တင်ဆောင်သွားတဲ့ Chollima-1 ဒုံးပျံဟာ စက်ချွတ်ယွင်းပြီး ပင်လယ်ထဲ ပျက်ကျသွားခဲ့ပါတယ်။

မြောက်ကိုရီးယား အနေနဲ့ ရည်မှန်းချက်ကို လက်မလျှော့သေးဘဲ အောက်တိုဘာလကျရင် နောက်တကြိမ် ဂြိုဟ်တု လွှတ်တင်ဖို့ ကြိုးစားသွားဦးမယ်လို့လည်း KCNAက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒုတိယအကြိမ် လွှတ်တင်မှုမှာတော့ ဒုံးပျံရဲ့ တွန်းကန်အား စနစ်မှာ ပြဿနာ ပေါ်ခဲ့ရာက အစိတ်အစိတ် အမြွှာမြွှာ ပေါက်ကွဲထွက်သွားပြီး ပင်လယ်ဝါ ရေပြင်၊ အရှေ့တရုတ်ပင်လယ် ရေပြင်နဲ့ ပစိဖိတ် သမုဒ္ဒရာထိ အစိတ်အပိုင်းတွေ ပျံ့နှံ့ ကျရောက်ခဲ့တယ်လို့ KCNAက ကြေညာပါတယ်။

ဒုံးပျံ အစိတ်အပိုင်း တချို့ကို ဆယ်ယူရရှိခဲ့တဲ့နောက် တောင်ကိုရီးယား ထောက်လှမ်းရေးက မြောက်ကိုရီးယား ရည်ရွယ်ထားတဲ့ မစ်ရှင်ရဲ့ တောင်းဆိုမှု အတွက်ဆိုရင် အဲဒီပစ္စည်းတွေက ခေတ်နောက်ကျလွန်းနေတယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ စစ်ရေး မဟာဗျူဟာ ရည်မှန်းချက်တွေထဲမှာ ပြည်တွင်းဖြစ် ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်ရေး ကိစ္စလည်း အပါအဝင် ဖြစ်ပါတယ်။ ကင်မ်က တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့အတွက် မြောက်ကိုရီးယားမှာ ကိုယ်ပိုင် ထောက်လှမ်းရေး ဂြိုဟ်တုတွေ ပိုင်ဆိုင်ဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဘာဗီ နီးကပ်လာတဲ့နောက် မြောက်ကိုရီးယားမှာ ရာသီဥတုဆိုင်ရာ အရေးပေါ် သတိပေးချက်တွေ အပူတပြင်း ထုတ်ပြန်ထားပါတယ်။