Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရက် ၅၀ ကျော် အတွင်း ပထမဆုံး လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လည် ကြုံတွေ့လာတဲ့ ကိယက်ဗ်မြို့

ရုရှား ဒုံးကျည်တွေ ထိမှန်မှုကြောင့် အိမ် ၅ လုံးလောက်ဟာ ပြတင်းမှန်တွေ ကွဲကုန်တာ အပါအဝင် ထိခိုက်မှုတချို့ ရှိခဲ့ပေမယ့် လူတွေ သေကြေ ဒဏ်ရာရတာမျိုးတော့ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

ရက် ၅၀ ကျော် အတွင်း ပထမဆုံး လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လည် ကြုံတွေ့လာတဲ့ ကိယက်ဗ်မြို့
ရက် ၅၀ ကျော် အတွင်း ပထမဆုံး လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လည် ကြုံတွေ့လာတဲ့ ကိယက်ဗ်မြို့

ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ဟာ ရက်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ပြန်လည် ကြုံတွေ့လာခဲ့ပါတယ်။

နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းက ကိယက်ဗ်မှာရှိတဲ့ ကွင်းပြင်တခုနဲ့ လူနေရပ်ကွက် တခုနားကို ဒုံးကျည်တွေ ကျရောက် ပေါက်ကွဲခဲ့တဲ့နောက် လေကြောင်း အချက်ပေး ဥဩသံတွေ ဆူဆူညံညံ မြည်ဟည်းသွားခဲ့ပါတယ်။ ကိယက်ဗ် မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုက ကိယက်ဗ်ဟာ လေကြောင်း တိုက်ခိုက်မှုတွေ မကြုံရဘဲ အတော်လေး အေးဆေးနေခဲ့တဲ့ အခြေအနေဟာ ၅၂ ရက် အကြာမှာ အဆုံးသတ်သွားတယ်လို့ ပြောပါတယ်။

ရုရှား ဒုံးကျည်တွေ ထိမှန်မှုကြောင့် အိမ် ၅ လုံးလောက်ဟာ ပြတင်းမှန်တွေ ကွဲကုန်တာ အပါအဝင် ထိခိုက်မှုတချို့ ရှိခဲ့ပေမယ့် လူတွေ သေကြေ ဒဏ်ရာရတာမျိုးတော့ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

ဒုံးကျည်တွေ ပေါက်ကွဲပြီးမှ လေကြောင်း အန္တရာယ် အချက်ပေး ဥဩသံတွေ ထွက်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ ယူကရိန်း လေတပ်က ရန်သူ့ ဒုံးကျည်တွေဟာ မြန်နှုန်း အရမ်းမြင့်မြင့် ပျံသန်းလာပြီး ရေဒါနဲ့ ထောက်လှမ်းဖို့ ခက်ခဲတဲ့ အခြေအနေ ဖြစ်ခဲ့တာကြောင့်လို့ အကြောင်းပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုတွေ အပြီးမှာတော့ အာဏာပိုင်တွေက ကိယက်ဗ် ဒေသခံတွေကို ဗုံးခိုကျင်းတွေနဲ့ တခြား သတ်မှတ်ထားတဲ့ လုံခြုံရေး ဇုန်တွေဆီ ယာယီ သွားရောက်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ရုရှားတပ်တွေ သိမ်းပိုက်ခဲ့ဖူးတဲ့ ခါဆွန်ဒေသကို ယူကရိန်းက ပြန်လည် ထိန်းချုပ်နိုင်ခဲ့မှု နှစ်ပတ်လည် အထိမ်းအမှတ် မိန့်ခွန်းကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပြီး မကြာခင်မှာပဲ ကိယက်ဗ်ကို ဒုံးကျည်နဲ့ တိုက်ခိုက် ခံရတာပါ။ ဇီလန်စကီးက ယူကရိန်းရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းဟာ တစ်ကမ္ဘာလုံးအတွက် လေးစား အတုယူစရာ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

ကိယက်ဗ်ကို ဒုံးကျည်နှစ်စင်းနဲ့ တိုက်ခိုက်ခံရလို အဲဒီမတိုင်ခင် ညပိုင်းမှာလည်း ရှေ့တန်း စစ်မြေပြင်နဲ့ နီးတဲ့ ယူကရိန်း မြို့တချို့မှာ ရုရှားရဲ့ ဖောက်ခွဲရေး ဒရုန်းတွေ ဒါဇင်နဲ့ချီ ဝင်ရောက်တိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။