Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာ ဆေးရုံထဲမှာ ဟားမားစ်ရဲ့ ဓားစာခံတွေ ရှိခဲ့တယ်ဆိုတဲ့ မှတ်တမ်း ဗီဒီယိုကို အစ္စရေးထုတ်ပြ

လတ်တလောမှာတော့ အစ္စရေး စစ်တပ်ဟာ ဟားမားစ်တွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စီးနင်းခဲ့တဲ့ အယ်လ်ရှီဖာ ဆေးရုံထဲမှာ တကယ်ပဲ ပါလက်စတိုင်း ပြောက်ကျားတွေ အခြေချခဲ့တယ်ဆိုတဲ့ ခိုင်ခိုင်မာမာ အထောက်အထားတွေ တင်ပြဖို့ ပြင်းထန်တဲ့ ဖိအားတွေနဲ့ ကြုံတွေ့နေရပါတယ်။

ဂါဇာ ဆေးရုံထဲမှာ ဟားမားစ်ရဲ့ ဓားစာခံတွေ ရှိခဲ့တယ်ဆိုတဲ့ မှတ်တမ်း ဗီဒီယိုကို အစ္စရေးထုတ်ပြ
ဂါဇာ ဆေးရုံထဲမှာ ဟားမားစ်ရဲ့ ဓားစာခံတွေ ရှိခဲ့တယ်ဆိုတဲ့ မှတ်တမ်း ဗီဒီယိုကို အစ္စရေးထုတ်ပြ

ဂါဇာရဲ့ အကြီးဆုံး ဆေးရုံကြီးထဲမှာ ဟားမားစ်တွေ ဖမ်းဆီးသွားတဲ့ ဓားစာခံတွေ ရှိခဲ့ဖူးကြောင်း လုံခြုံရေး ကင်မရာ မှတ်တမ်း ဗီဒီယိုတွေ ရရှိထားတယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

ဂါဇာ ကမ်းမြှောင်ဒေသမှာ အကြီးဆုံး ဆေးရုံဝင်းကြီးဖြစ်တဲ့ အယ်လ်ရှီဖာကို အစ္စရေးတပ်တွေက ပိတ်ဆို့ထားပြီး စီးနင်းရှာဖွေမှုတွေ လုပ်ဆောင်နေတဲ့အပေါ် နိုင်ငံတကာ ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာ အစ္စရေးဖက်က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ အယ်လ်ရှီဖာဟာ ဂါဇာမှာ စစ်ရှောင်တွေ ခိုလှုံတဲ့ အဓိက ဒုက္ခသည် စခန်းကြီး တစ်ခုလည်းဖြစ်ပြီး အခုတော့ စခန်းထဲက ဆရာဝန်တွေရော၊ ဒုက္ခသည်တွေနဲ့ လူနာတွေပါ အားလုံးနီးပါး ရွှေ့ပြောင်း ထွက်ခွာသွားပြီးပါပြီ။

အစ္စရေးက ဆေးရုံ အဆောက်အအုံတွေ မြေအောက်ထဲမှာ ဟားမားစ်တွေရဲ့ လျှို့ဝှက် အခြေစိုက် စခန်းတွေ ရှိနေကြောင်း စွပ်စွဲပြီး အယ်လ်ရှီဖာကို စီးနင်းခဲ့ပေမယ့် ထိရောက်တဲ့ အထောက်အထား မပြနိုင်ကြောင်း ဝေဖန် ခံနေရချိန်မှာ အခု လုံခြုံရေး ကင်မရာ မှတ်တမ်းကို ထုတ်ပြလာခဲ့တာပါ။

အောက်တိုဘာ ၇ ရက်တုန်းက အစ္စရေးကို ဟားမားစ်တွေ ကျူးကျော်တဲ့နေ့ မနက်ပိုင်းက ရိုက်ကူးထားတဲ့ မှတ်တမ်း ဗီဒီယိုမှာတော့ ဟားမားစ်တွေက ဖမ်းဆီးသွားတဲ့ ဓားစာခံတွေကို ဆေးရုံထဲကနေ ဖြတ်သန်း ခေါ်ဆောင်နေတာကို တွေ့ခဲ့ရပါတယ်။ အဲဒီ ဓားစာခံတွေထဲက အစ္စရေး စစ်သမီးတစ်ယောက်ဟာ ဆေးရုံထဲမှာတင် ပစ်သတ် ခံခဲ့ရတယ်လို့လည်း အစ္စရေး စစ်တပ်က စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး လေတပ်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဟားမားစ်တွေ အသုံးပြုတဲ့ မြေအောက်ခန်းမှာ ချုပ်နှောင် ခံထားခဲ့ရတဲ့ တပ်ကြပ် နိုအာ မာစီယာနိုဟာ ဒဏ်ရာ အနည်းအကျဉ်း ရသွားခဲ့ကြောင်း၊ သူ့ကို ထိန်းသိမ်းထားတဲ့ ဟားမားစ် တပ်သားက မာစီယာနိုကို ဆေးရုံ တင်ပို့ခဲ့ပေမယ့် တခြားဟားမားစ် တစ်ယောက်က အစ္စရေး စစ်သမီးကို ပစ်သတ်ခဲ့ကြောင်း အစ္စရေးက ထုတ်ပြန်ပါတယ်။ ဟားမားစ်တွေကတော့ မာစီယာနိုဟာ အစ္စရေး လေကြောင်းတိုက်ခိုက်မှုမှာ ကတည်းက သေဆုံးသွားတာလို့ ပြောကြားပြီး ဓားစာခံကို သတ်ပစ်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ နောက်ပြီး အယ်လ်ရှီဖာ ဆေးရုံမှာ စစ်ရေး ကွပ်ကဲမှုဌာန ဖွင့်လှစ်ထားခဲ့တယ် ဆိုတာကိုလည်း ဟားမားစ်တွေဖက်က ပယ်ချထားပါတယ်။

အစ္စရေး စစ်တပ်က တင်ပြတဲ့ ဗီဒီယိုထဲမှာတော့ လက်နက်ကိုင်တွေဟာ ဓားစာခံ နှစ်ယောက်ကို တွန်းတိုး ခေါ်ယူရင်း ဆေးရုံထဲက ဖြတ်သန်းသွားတာကို တွေ့ရပါတယ်။ ဓားစာခံ တစ်ဦးက ဖီဆန်လိုတဲ့ အရိပ်လက္ခဏာတွေ ပြသနေပြီး နောက်တစ်ယောက်ကတော့ ချိုင်းထောက်နဲ့ လမ်းလျှောက်နေရပါတယ်။

လတ်တလောမှာတော့ အစ္စရေး စစ်တပ်ဟာ ဟားမားစ်တွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စီးနင်းခဲ့တဲ့ အယ်လ်ရှီဖာ ဆေးရုံထဲမှာ တကယ်ပဲ ပါလက်စတိုင်း ပြောက်ကျားတွေ အခြေချခဲ့တယ်ဆိုတဲ့ ခိုင်ခိုင်မာမာ အထောက်အထားတွေ တင်ပြဖို့ ပြင်းထန်တဲ့ ဖိအားတွေနဲ့ ကြုံတွေ့နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။