Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားမားစ်တွေက ထိုင်းဓားစာခံ ၁၀ ဦးကို ပြန်လွှတ်၊ နောက်ထပ် ၂၀ ဖမ်းဆီးခံထားရဆဲလို့ဆို

အပစ်အခတ် ယာယီရပ်စဲထားတဲ့ ကာလအတွင်း ဟားမားစ်တွေ လက်ထဲက ဓားစာခံတွေနဲ့ အစ္စရေး လက်ထဲက သုံ့ပန်းတွေ လဲလှယ်ဖို့ ညှိနှိုင်းထားခဲ့တာ ဖြစ်ပါတယ်။

ဟားမားစ်တွေက ထိုင်းဓားစာခံ ၁၀ ဦးကို ပြန်လွှတ်၊ နောက်ထပ် ၂၀ ဖမ်းဆီးခံထားရဆဲလို့ဆို
ဟားမားစ်တွေက ထိုင်းဓားစာခံ ၁၀ ဦးကို ပြန်လွှတ်၊ နောက်ထပ် ၂၀ ဖမ်းဆီးခံထားရဆဲလို့ဆို

၁၀ ယောက် ပြန်လွတ်လာပေမယ့် ဟားမားစ် ပြောက်ကျားတွေ လက်ထဲမှာ နောက်ထပ် ထိုင်းဓားစာခံ ၂၀ လောက် ထိန်းသိမ်း ခံထားရဆဲလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

အစ္စရေးနဲ့ ဟားမားစ်တို့ကြား ယာယီ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု နိုဝင်ဘာ ၂၅ ရက်မှာ အထမြောက်ခဲ့တဲ့နောက် ပထမအသုတ် ဓားစာခံတွေကို ဟားမားစ်က ပြန်လွှတ်ပေးရာမှာ ထိုင်း ၁၀ ဦးလည်း ပါဝင်လာခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုပါတယ်။

ဒါပေမဲ့ နောက်ထပ် ၂၀ ဟာ ဂါဇာမှာ ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး သူတို့ လွတ်မြောက်ရေးအတွက် ဆက်လက် ကြိုးစားနေမယ်လို့လည်း ဝန်ကြီးဌာနက ဆိုပါတယ်။

အပစ်အခတ် ယာယီရပ်စဲထားတဲ့ ကာလအတွင်း ဟားမားစ်တွေ လက်ထဲက ဓားစာခံတွေနဲ့ အစ္စရေး လက်ထဲက သုံ့ပန်းတွေ လဲလှယ်ဖို့ ညှိနှိုင်းထားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေအရ ပြန်လွတ်လာသူ ၁၀ ဦးထဲမှာ အမျိုးသမီး ၁ ဦး ပါဝင်တာကိုလည်း တွေ့ရပါတယ်။ သူတို့ဟာ အစ္စရေးဖက်ခြမ်းက ဆေးရုံတစ်ခုမှာ အဲဒီ ဓာတ်ပုံကို ရိုက်ထားတာလို့ ဆိုပါတယ်။

နီးစပ်သူတွေကတော့ ထိုင်းတွေကို ပြန်လွှတ်ပေးလိုက်တာဟာ ဟားမားစ်နဲ့ အစ္စရေးတို့ ညှိနှိုင်းထားတဲ့ ဓားစာခံနဲ့ သုံ့ပန်း လဲလှယ်ရေး အစီအစဉ်နဲ့ တိုက်ရိုက် မပတ်သက်ဘူးလို့လည်း ပြောနေကြပါတယ်။ ဟားမားစ်တွေနဲ့ ထိုင်းအစိုးရကြား သီးခြား သဘောတူညီမှု ယူခဲ့သလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဓားစာခံတွေ လွတ်မြောက်ရေး ကူညီပေးခဲ့တဲ့ ကာတာ၊ အစ္စရေး၊ အီဂျစ်၊ အီရန်၊ မလေးရှား အစိုးရတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ထားပါတယ်။

ထိုင်းအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတချို့က ဆင်းရဲနွမ်းပါးသူတွေဟာ အစ္စရေးနိုင်ငံက စိုက်ပျိုးရေး ကျေးရွာတွေမှာ သွားရောက် အလုပ်လုပ်နေကြပါတယ်။ အောက်တိုဘာ ၇ ရက်က ဟားမားစ်တွေဟာ အစ္စရေး နယ်စပ်ကို ဖြတ်ကျော် တိုက်ခိုက်ခဲ့ရာမှာ ထောင်နဲ့ချီတဲ့ အစ္စရေးနိုင်ငံသားတွေအပြင် နိုင်ငံခြားသား အတော်များများပါ သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။