Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဟားမားစ်တွေက ထိုင်းဓားစာခံ ၁၀ ဦးကို ပြန်လွှတ်၊ နောက်ထပ် ၂၀ ဖမ်းဆီးခံထားရဆဲလို့ဆို

အပစ်အခတ် ယာယီရပ်စဲထားတဲ့ ကာလအတွင်း ဟားမားစ်တွေ လက်ထဲက ဓားစာခံတွေနဲ့ အစ္စရေး လက်ထဲက သုံ့ပန်းတွေ လဲလှယ်ဖို့ ညှိနှိုင်းထားခဲ့တာ ဖြစ်ပါတယ်။

ဟားမားစ်တွေက ထိုင်းဓားစာခံ ၁၀ ဦးကို ပြန်လွှတ်၊ နောက်ထပ် ၂၀ ဖမ်းဆီးခံထားရဆဲလို့ဆို
ဟားမားစ်တွေက ထိုင်းဓားစာခံ ၁၀ ဦးကို ပြန်လွှတ်၊ နောက်ထပ် ၂၀ ဖမ်းဆီးခံထားရဆဲလို့ဆို

၁၀ ယောက် ပြန်လွတ်လာပေမယ့် ဟားမားစ် ပြောက်ကျားတွေ လက်ထဲမှာ နောက်ထပ် ထိုင်းဓားစာခံ ၂၀ လောက် ထိန်းသိမ်း ခံထားရဆဲလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

အစ္စရေးနဲ့ ဟားမားစ်တို့ကြား ယာယီ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု နိုဝင်ဘာ ၂၅ ရက်မှာ အထမြောက်ခဲ့တဲ့နောက် ပထမအသုတ် ဓားစာခံတွေကို ဟားမားစ်က ပြန်လွှတ်ပေးရာမှာ ထိုင်း ၁၀ ဦးလည်း ပါဝင်လာခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုပါတယ်။

ဒါပေမဲ့ နောက်ထပ် ၂၀ ဟာ ဂါဇာမှာ ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး သူတို့ လွတ်မြောက်ရေးအတွက် ဆက်လက် ကြိုးစားနေမယ်လို့လည်း ဝန်ကြီးဌာနက ဆိုပါတယ်။

အပစ်အခတ် ယာယီရပ်စဲထားတဲ့ ကာလအတွင်း ဟားမားစ်တွေ လက်ထဲက ဓားစာခံတွေနဲ့ အစ္စရေး လက်ထဲက သုံ့ပန်းတွေ လဲလှယ်ဖို့ ညှိနှိုင်းထားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေအရ ပြန်လွတ်လာသူ ၁၀ ဦးထဲမှာ အမျိုးသမီး ၁ ဦး ပါဝင်တာကိုလည်း တွေ့ရပါတယ်။ သူတို့ဟာ အစ္စရေးဖက်ခြမ်းက ဆေးရုံတစ်ခုမှာ အဲဒီ ဓာတ်ပုံကို ရိုက်ထားတာလို့ ဆိုပါတယ်။

နီးစပ်သူတွေကတော့ ထိုင်းတွေကို ပြန်လွှတ်ပေးလိုက်တာဟာ ဟားမားစ်နဲ့ အစ္စရေးတို့ ညှိနှိုင်းထားတဲ့ ဓားစာခံနဲ့ သုံ့ပန်း လဲလှယ်ရေး အစီအစဉ်နဲ့ တိုက်ရိုက် မပတ်သက်ဘူးလို့လည်း ပြောနေကြပါတယ်။ ဟားမားစ်တွေနဲ့ ထိုင်းအစိုးရကြား သီးခြား သဘောတူညီမှု ယူခဲ့သလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဓားစာခံတွေ လွတ်မြောက်ရေး ကူညီပေးခဲ့တဲ့ ကာတာ၊ အစ္စရေး၊ အီဂျစ်၊ အီရန်၊ မလေးရှား အစိုးရတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ထားပါတယ်။

ထိုင်းအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတချို့က ဆင်းရဲနွမ်းပါးသူတွေဟာ အစ္စရေးနိုင်ငံက စိုက်ပျိုးရေး ကျေးရွာတွေမှာ သွားရောက် အလုပ်လုပ်နေကြပါတယ်။ အောက်တိုဘာ ၇ ရက်က ဟားမားစ်တွေဟာ အစ္စရေး နယ်စပ်ကို ဖြတ်ကျော် တိုက်ခိုက်ခဲ့ရာမှာ ထောင်နဲ့ချီတဲ့ အစ္စရေးနိုင်ငံသားတွေအပြင် နိုင်ငံခြားသား အတော်များများပါ သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

သူ့နုတ်ထွက်မှုဟာ ဒုတိယ ဝန်ကြီးချုပ် ရာထူးအတွက် တခြားတစ်ဦးကို ခန့်အပ်နိုင်ဖို့ လမ်းဖွင့်ပေးတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

နိုင်ငံတကာ

မနှစ်တုန်းက ကမ္ဘာတလွှားမှာ အပူဒဏ်ပိမှုဟာ စံချိန်တင် အဆင့်ထိ မြင့်တက်လာပြီး ကုလသမဂ္ဂက အာရှရဲ့ အပူချိန်ဟာ ကြောက်ခမန်းလိလိ မြန်နှုန်းမျိုးနဲ့ မြင့်တက်လာနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။