Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားကို ကဗျာစပ်ပြီး ဂုဏ်ပြုတဲ့ တောင်ကိုရီးယားနိုင်ငံသား ထပ်တိုးထောင်ဒဏ် ၁၄ လ ချမှတ်ခံရပြန်

လီယောင်ဆိုဟာ ကိုရီးယား နှစ်နိုင်ငံ ပေါင်းစည်းရေးအတွက် တက်ကြွ လှုံ့ဆော်သူ တဦးဖြစ်ပြီး သူက မြောက်ကိုရီးယားကို တခမ်းတနား ဂုဏ်ပြု ရေးဖွဲ့ထားတဲ့ ကဗျာကို ၂၀၁၆ ခုနှစ်မှာ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဝါဒဖြန့် ဖော်ပြခဲ့ဖူးပါတယ်။

မြောက်ကိုရီးယားကို ကဗျာစပ်ပြီး ဂုဏ်ပြုတဲ့ တောင်ကိုရီးယားနိုင်ငံသား ထပ်တိုးထောင်ဒဏ် ၁၄ လ ချမှတ်ခံရပြန်
မြောက်ကိုရီးယားကို ကဗျာစပ်ပြီး ဂုဏ်ပြုတဲ့ တောင်ကိုရီးယားနိုင်ငံသား ထပ်တိုးထောင်ဒဏ် ၁၄ လ ချမှတ်ခံရပြန်

မြောက်ကိုရီးယားကို ကဗျာစပ်ပြီး ဂုဏ်ပြုခဲ့တဲ့ အမျိုးသား တယောက်ကို တောင်ကိုရီးယား တရားရုံးက ထပ်တိုး ထောင်ဒဏ် ၁၄ လ ချမှတ်လိုက်ပါတယ်။

လီယောင်ဆိုဟာ ကိုရီးယား နှစ်နိုင်ငံ ပေါင်းစည်းရေးအတွက် တက်ကြွ လှုံ့ဆော်သူ တဦးဖြစ်ပြီး သူက မြောက်ကိုရီးယားကို တခမ်းတနား ဂုဏ်ပြု ရေးဖွဲ့ထားတဲ့ ကဗျာကို ၂၀၁၆ ခုနှစ်မှာ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဝါဒဖြန့် ဖော်ပြခဲ့ဖူးပါတယ်။

အဲဒီ ကဗျာထဲမှာ လီက ကိုရီးယား နှစ်နိုင်ငံ ပေါင်းစည်းသွားပြီး ပြုံယမ်းမြို့တော်ရဲ့ ဦးဆောင်မှုနဲ့အတူ အောင်မြင်တဲ့ ဆိုရှယ်လစ် စနစ်ကို ထူထောင်နိုင်မယ်ဆိုရင် ပြည်သူတွေက အခမဲ့ အိမ်ရာတွေ၊ ကျန်းမာရေးစနစ်တွေ၊ ပညာရေး အထောက်အပံ့တွေ ရရှိလာလိမ့်မယ်လို့ ချီးကျူး ပုံဖော်ထားခဲ့ပါတယ်။

သူ့ရဲ့ ကဗျာဟာ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတုန်းက မြောက်ကိုရီးယားမှာ ကျင်းပတဲ့ ကဗျာပြိုင်ပွဲ တခုမှာလည်း ဆုရခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားကို လူသိရှင်ကြား ချီးကျူးဂုဏ်တင်ပြီး ဝါဒဖြန့်ပေးရင် ရာဇဝတ်မှုမြောက်တဲ့ ဥပဒေတရပ် တောင်ကိုရီးယားမှာ ရှိနေပါတယ်။ သူဟာ အဲဒီ ပြစ်မှုကို ကျူးလွန်တဲ့အတွက် ထောင်ဒဏ် ၁၀ လ ကျခံခဲ့ရဖူးပြီးသားပါ။

ဒါပေမဲ့ လီက အမှတ်မရှိသေးဘဲ အဲဒီကဗျာကို အသုံးပြုရင်း အွန်လိုင်းကနေ ဝါဒဖြန့်တာတွေ ဆက်လုပ်နေတာကြောင့် ပြစ်မှုဟောင်းကို ထပ်ဆင့် ကျူးလွန်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဆိုးလ်မြို့ တရားရုံး တခုက ဆုံးဖြတ်ပြီး ထောင်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၆၈ နှစ်အရွယ် လီဟာ ၂၀၁၃ ခုနှစ်က မြောက်ကိုရီးယားရဲ့ စစ်အင်အား ကြီးမား ထည်ဝါမှုကို အွန်လိုင်းကနေ မြှောက်ပင့် ချီးကျူးခဲ့ဖူးသလို နောက်ပိုင်းနှစ်တွေမှာလည်း တောင်ကိုရီးယားကို ဆန့်ကျင်တဲ့ ဝါဒဖြန့်မှုတွေကို Blogတွေနဲ့ ဝက်ဘ်ဆိုက်တွေမှာ ရေးသားခဲ့တယ်လို့ တရားရုံးရဲ့ အမှုမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယား အမျိုးသား လုံခြုံရေး အက်ဥပဒေအရ အစိုးရကို ရန်လိုဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကို ချီးကျူး ဂုဏ်တင်ပေးတာကလည်း ဥပဒေ ချိုးဖောက်မှု မြောက်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်အင်အား ချဲ့ထွင် တည်ဆောက်မှုကို အရှိန်အဟုန်နဲ့ တိုးမြှင့်သွားမယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။