Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားမားစ်တွေက မုဒိမ်းမှုကို လက်နက်အဖြစ် သုံးခဲ့တယ်လို့ အစ္စရေးရှေ့နေ စွပ်စွဲ

ဟားမားစ်တွေကတော့ ခိုင်လုံမှု မရှိဘဲ အခုလို စွပ်စွဲတဲ့ ကိစ္စတွေအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်တယ်လို့ ပြောကြားထားပါတယ်။

ဟားမားစ်တွေက မုဒိမ်းမှုကို လက်နက်အဖြစ် သုံးခဲ့တယ်လို့ အစ္စရေးရှေ့နေ စွပ်စွဲ

အစ္စရေး ပိုင်နက်ထဲကို အလစ်ကျူးကျော်ခဲ့တဲ့ အချိန်တုန်းက ဟားမားစ် ပြောက်ကျားတွေဟာ မုဒိမ်းကျင့်တာကို လက်နက်တစ်ခု အနေနဲ့ အသုံးချခဲ့တယ်လို့ အစ္စရေး ရှေ့နေ တစ်ဦးက ပြောပါတယ်။

အမျိုးသမီး အခွင့်အရေး တက်ကြွ လှုပ်ရှားသူ ရှေ့နေ တစ်ဦးဖြစ်တဲ့ ပရော်ဖက်ဆာ ရုသ် ဟယ်လ်ပါရင် ကာဒါရီက အောက်တိုဘာ ၇ ရက်မှာ ဟားမားစ်တွေ ကျူးကျော် တိုက်ခိုက်ပြီး လူသတ်ပွဲ ဆင်နွှဲခဲ့တဲ့ နေရာတွေက အမျိုးသမီးတွေနဲ့ ပတ်သက်လို့ မှတ်တမ်း ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရရှိခဲ့ကြောင်း၊ သူတို့ဟာ မုဒိမ်းကျင့် ခံခဲ့ရတယ်ဆိုတာ နည်းနည်းလေးမှ သံသယ မရှိကြောင်း ဆိုပါတယ်။

လတ်တလောမှာတော့ ဟားမားစ်တွေဟာ အစ္စရေးကို စတင် ရန်စ ကျူးကျော်ချိန်မှာ လိင်ပိုင်းဆိုင်ရာ ကြမ်းကြုတ်ရက်စက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲချက်တွေအပေါ် ကုလသမဂ္ဂ အဖွဲ့အစည်းတွေက အသိအမှတ် မပြုသေးတဲ့အပေါ် အစ္စရေးမှာ အတော်လေး ဒေါသထွက်နေကြပါတယ်။

အစ္စရေး အာဏာပိုင်တွေက ဂါဇာကမ်းမြှောင် အခြေစိုက် ပါလက်စတိုင်း ပြောက်ကျားတွေဟာ လိင်အကြမ်းဖက်မှုတွေကို လက်နက်တစ်ခုအဖြစ် ကျူးလွန်ခဲ့ကြောင်း မျက်မြင်တွေနဲ့ ကိုယ်တွေ့ကြုံခဲ့သူတွေရဲ့ ထွက်ချက်ပေါင်း ၁၅၀၀ ကျော်ကို စုဆောင်းထားပြီး ဖြစ်ပါတယ်။ ဟားမားစ်တွေကတော့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေ မုဒိမ်းမှုတွေ ကျူးလွန်ခဲ့တယ် ဆိုတာကို ငြင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဟားမားစ်တွေ ပစ်မှတ်ထားခဲ့ရာ နေရာတစ်ခုဖြစ်တဲ့ စူပါနိုဗာ ဂီတပွဲတော်မှာ ရိုက်ကူးထားတဲ့ မှတ်တမ်းတွေအရ အမျိုးသမီးတွေအပေါ် စက်ဆုပ်စရာ အခြေအနေမျိုး တိုက်ခိုက်ထားတဲ့ အထောက်အထားတွေကို တွေ့နိုင်ကြောင်း ကာဒါရီက ပြောပါတယ်။

ခြုံပုတ်တွေထဲ ဝင်ပုန်းပြီး အသက်ရှင် လွတ်မြောက်လာသူ တစ်ဦးရဲ့ ထွက်ဆိုချက်အရ ဟားမားစ်တွေဟာ အမျိုးသမီး တစ်ဦးကို သူ့မျက်စိရှေ့မှာတင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြတယ်လို့ သိရှိထားကြောင်း ကာဒါရီက ဆိုပါတယ်။

စူပါနိုဗာ ဂီတပွဲတော်တင် မကဘဲ ဟားမားစ်တွေ ကျူးကျော်ခဲ့တဲ့ နယ်စပ်ကျေးရွာ တော်တော်များများမှာ မုဒိမ်းကျင့်တာကို လက်နက်တစ်ခုလို အသုံးချခဲ့တဲ့ အထောက်အထား အခြေအနေတွေ အများအပြား ရရှိထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဟားမားစ်တွေကတော့ ခိုင်လုံမှု မရှိဘဲ အခုလို စွပ်စွဲတဲ့ ကိစ္စတွေအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်တယ်လို့ ပြောကြားထားပါတယ်။

ဟားမားစ်တွေက အစ္စရေး အမျိုးသမီးတွေအပေါ် မုဒိမ်းကျင့်ခဲ့တာနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် ဘာမှ မတုံ့ပြန်တဲ့အတွက် ဒီဇင်ဘာ ၄ ရက်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က ကုလသမဂ္ဂ အဆောက်အအုံရှေ့မှာ လူတွေ ဒါဇင်နဲ့ချီ စုဝေးပြီး ဆန္ဒပြခဲ့တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟားမားစ် ပြောက်ကျားတွေ ဆီကနေ ထိုင်းနိုင်ငံသား ဓားစာခံ တစ်ဦးရဲ့ အလောင်းကို လက်ခံ ရရှိခဲ့ကြောင်း အစ္စရေးက အတည်ပြုခဲ့ပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ကနေတဆင့် ဟားမားစ်တွေက ဓားစာခံ ရုပ်အလောင်း တစ်ခုကို လွှဲပြောင်းပေးခဲ့တာပါ။ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့နောက်...

နိုင်ငံတကာ

တိုက်လေယာဉ်တွေမှာ တပ်ဆင်တဲ့ ဒုံးကျည်တွေ အပါအဝင် စစ်လက်နက် ဒေါ်လာ သန်း ၂၅၀ ဖိုးလောက် ယူကရိန်းဆီ ထပ်မံ ထောက်ပံ့ ပေးပို့သွားဖို့ နယ်သာလန် နိုင်ငံက ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

အနောက်ဖက် ကမ်းခြေဒေသကိုသာ သိမ်းယူမယ်ဆိုရင် အစ္စရေးကို ထောက်ပံ့ ရပ်တည်နေမှုအားလုံး ရုပ်သိမ်းမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

မဟာမိတ် အမေရိကန် အစိုးရက ကန့်ကွက်ထားတဲ့တိုင်အောင် ပါလက်စတိုင်း နယ်မြေတစ်ခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေ ဒေသရဲ့ အစိတ်အပိုင်း တချို့ကို ပိုင်နက်အဖြစ် သိမ်းသွင်းမယ့် အစီအစဉ်ကို အစ္စရေး လွှတ်တော်က ရှေ့ဆက် အကောင်အထည် ဖော်နေပါတယ်။