Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါးစပ်ကနေ ရှိုက်သွင်းရတဲ့ ကိုဗစ်ကာကွယ်ဆေးတစ်မျိုး ရှန်ဟိုင်းမှာ စတင်အသုံးပြု

ရှိုက်သွင်းရတဲ့ ကာကွယ်ဆေးကို တရုတ် ဆေးကုမ္ပဏီ CanSino Biologicsက တီထွင်ခဲ့ပါတယ်။ ဒီဆေးဟာ လူသားတွေအတွက် ဆိုးကျိုး မရှိသလောက်နည်းတဲ့ တုပ်ကွေးဗိုင်းရပ်စ် တစ်မျိုးကို အခြေခံပြီး တီထွင် ထုတ်လုပ်ထားကြောင်း သိရပါတယ်။

ပါးစပ်ကနေ ရှိုက်သွင်းရတဲ့ ကိုဗစ်ကာကွယ်ဆေးတစ်မျိုး ရှန်ဟိုင်းမှာ စတင်အသုံးပြု
ပါးစပ်ကနေ ရှိုက်သွင်းရတဲ့ ကိုဗစ်ကာကွယ်ဆေးတစ်မျိုး ရှန်ဟိုင်းမှာ စတင်အသုံးပြု

ပါးစပ်ကနေ ရှိုက်သွင်းရတဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေး တစ်မျိုးကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ စတင် စမ်းသပ် သုံးစွဲနေကြောင်း သိရပါတယ်။

အောက်တိုဘာ ၂၆ ရက်မှာ ဒေသခံ တချို့ကို Booster သဘောမျိုးအဖြစ် အဲဒီ ကာကွယ်ဆေးတွေကို စတင် ရှူရှိုက်ခွင့် ပေးခဲ့ပါတယ်။ ကမ္ဘာပေါ်မှာတော့ အပ်နဲ့ထိုးသွင်းတာ မဟုတ်ဘဲ ငွေ့ရည်ကို ရှိုက်သွင်းတဲ့ ပုံစံနဲ့ ထုတ်လုပ်ထားတဲ့ ကိုဗစ် ကာကွယ်ဆေးကို တရုတ်မှာ ပထမဆုံးအကြိမ် စတင် အသုံးပြုတာလို့ ဆိုနိုင်ပါတယ်။

ဘူးလေးတွေထဲ ထည့်ထားတဲ့ ကာကွယ်ဆေး အငွေ့ကို ရှူရှိုက်လိုက်ရုံနဲ့ ဆေးထိုးတဲ့ အာနိသင်မျိုး ရရှိစေလိမ့်မယ်လို့ တရုတ် ဆေးသိပ္ပံ ပညာရှင်တွေက ပြောပါတယ်။ ချန်လို့သာ နာမည်ဖော်ပြတဲ့ ရှန်ဟိုင်း ဒေသခံ တစ်ဦးက အဲဒီဆေးကို ရှိုက်သွင်းလိုက်တဲ့အခါ နို့လက်ဖက်ရည် သောက်ရသလို ပါးစပ်ထဲမှာ ချိုသွားတယ်လို့ ဆိုပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဟာ ပါးစပ်နဲ့ နှာခေါင်းကနေတဆင့် အဓိက ကူးစက်လေ့ ရှိပါတယ်။ ကာကွယ်ဆေးကို ပါးစပ်ကနေ ရှိုက်သွင်းတဲ့အခါ အသက်ရှူ လမ်းကြောင်းထဲ ပြည့်ပြည့်ဝဝ ပျံ့နှံ့ ဝင်ရောက်စေနိုင်တယ်လို့ တရုတ် ဆေးသုတေသန ပညာရှင် တစ်ယောက်က ဆိုပါတယ်။ တရုတ်မှာတော့ ဒီကာကွယ်ဆေးကို Boosterအဖြစ် သုံးစွဲဖို့ စက်တင်ဘာလမှာ စတင် ခွင့်ပြုပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရှိုက်သွင်းရတဲ့ ကာကွယ်ဆေးကို တရုတ် ဆေးကုမ္ပဏီ CanSino Biologicsက တီထွင်ခဲ့ပါတယ်။ ဒီဆေးဟာ လူသားတွေအတွက် ဆိုးကျိုး မရှိသလောက်နည်းတဲ့ တုပ်ကွေးဗိုင်းရပ်စ် တစ်မျိုးကို အခြေခံပြီး တီထွင် ထုတ်လုပ်ထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်မှာ ကလေးဦးရေ ၁၄ သန်းကျော်ဟာ ဘာကာကွယ်ဆေး တစ်မျိုးမှ မထိုးဖူးတဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာဟာ အစိုးရရဲ့ ကာကွယ်ဆေး ထိုးနှံမှုတွေကို စိစစ် အတည်ပြုပေးရတဲ့ ကော်မတီ တစ်ခုလုံးကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။