Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပါးစပ်ကနေ ရှိုက်သွင်းရတဲ့ ကိုဗစ်ကာကွယ်ဆေးတစ်မျိုး ရှန်ဟိုင်းမှာ စတင်အသုံးပြု

ရှိုက်သွင်းရတဲ့ ကာကွယ်ဆေးကို တရုတ် ဆေးကုမ္ပဏီ CanSino Biologicsက တီထွင်ခဲ့ပါတယ်။ ဒီဆေးဟာ လူသားတွေအတွက် ဆိုးကျိုး မရှိသလောက်နည်းတဲ့ တုပ်ကွေးဗိုင်းရပ်စ် တစ်မျိုးကို အခြေခံပြီး တီထွင် ထုတ်လုပ်ထားကြောင်း သိရပါတယ်။

ပါးစပ်ကနေ ရှိုက်သွင်းရတဲ့ ကိုဗစ်ကာကွယ်ဆေးတစ်မျိုး ရှန်ဟိုင်းမှာ စတင်အသုံးပြု
ပါးစပ်ကနေ ရှိုက်သွင်းရတဲ့ ကိုဗစ်ကာကွယ်ဆေးတစ်မျိုး ရှန်ဟိုင်းမှာ စတင်အသုံးပြု

ပါးစပ်ကနေ ရှိုက်သွင်းရတဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေး တစ်မျိုးကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ စတင် စမ်းသပ် သုံးစွဲနေကြောင်း သိရပါတယ်။

အောက်တိုဘာ ၂၆ ရက်မှာ ဒေသခံ တချို့ကို Booster သဘောမျိုးအဖြစ် အဲဒီ ကာကွယ်ဆေးတွေကို စတင် ရှူရှိုက်ခွင့် ပေးခဲ့ပါတယ်။ ကမ္ဘာပေါ်မှာတော့ အပ်နဲ့ထိုးသွင်းတာ မဟုတ်ဘဲ ငွေ့ရည်ကို ရှိုက်သွင်းတဲ့ ပုံစံနဲ့ ထုတ်လုပ်ထားတဲ့ ကိုဗစ် ကာကွယ်ဆေးကို တရုတ်မှာ ပထမဆုံးအကြိမ် စတင် အသုံးပြုတာလို့ ဆိုနိုင်ပါတယ်။

ဘူးလေးတွေထဲ ထည့်ထားတဲ့ ကာကွယ်ဆေး အငွေ့ကို ရှူရှိုက်လိုက်ရုံနဲ့ ဆေးထိုးတဲ့ အာနိသင်မျိုး ရရှိစေလိမ့်မယ်လို့ တရုတ် ဆေးသိပ္ပံ ပညာရှင်တွေက ပြောပါတယ်။ ချန်လို့သာ နာမည်ဖော်ပြတဲ့ ရှန်ဟိုင်း ဒေသခံ တစ်ဦးက အဲဒီဆေးကို ရှိုက်သွင်းလိုက်တဲ့အခါ နို့လက်ဖက်ရည် သောက်ရသလို ပါးစပ်ထဲမှာ ချိုသွားတယ်လို့ ဆိုပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဟာ ပါးစပ်နဲ့ နှာခေါင်းကနေတဆင့် အဓိက ကူးစက်လေ့ ရှိပါတယ်။ ကာကွယ်ဆေးကို ပါးစပ်ကနေ ရှိုက်သွင်းတဲ့အခါ အသက်ရှူ လမ်းကြောင်းထဲ ပြည့်ပြည့်ဝဝ ပျံ့နှံ့ ဝင်ရောက်စေနိုင်တယ်လို့ တရုတ် ဆေးသုတေသန ပညာရှင် တစ်ယောက်က ဆိုပါတယ်။ တရုတ်မှာတော့ ဒီကာကွယ်ဆေးကို Boosterအဖြစ် သုံးစွဲဖို့ စက်တင်ဘာလမှာ စတင် ခွင့်ပြုပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရှိုက်သွင်းရတဲ့ ကာကွယ်ဆေးကို တရုတ် ဆေးကုမ္ပဏီ CanSino Biologicsက တီထွင်ခဲ့ပါတယ်။ ဒီဆေးဟာ လူသားတွေအတွက် ဆိုးကျိုး မရှိသလောက်နည်းတဲ့ တုပ်ကွေးဗိုင်းရပ်စ် တစ်မျိုးကို အခြေခံပြီး တီထွင် ထုတ်လုပ်ထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ငှက်ဖျားနဲ့ ပတ်သက်လို့ အာဖရိကတိုက်မှာ နောက်ထပ် အားတက်စရာ သတင်းတစ်ခုကတော့ အခုလ အစောပိုင်းတုန်းက ကိပ်ဗာဒီ နိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက်အတွင်း ပထမဆုံးသော ငှက်ဖျားကင်းစင်တဲ့ ဆာဟာရ ဆက်စပ် နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

နိုင်ငံတကာ

PSCက တရုတ်ဟာ ကပ်ရောဂါအပေါ် အောင်ပွဲရယူ ကျော်လွှားနိုင်ခဲ့ပြီလို့ ပြောပေမယ့် ကပ်ရောဂါဆိုး ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ တကျော့ပြန် ခေါင်းထောင်လာနိုင်ခြေတွေအပေါ် လျှော့မတွက်ဖို့တော့ ပြည်သူတွေကို အလေးအနက် သတိပေးထားပါတယ်။