Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်ကြောင်း စွပ်စွဲချက်အတွက် ဖီထာမှာ အပြစ်မရှိကြောင်း ထိုင်းခုံရုံး ဆုံးဖြတ်

ခုံရုံး ကြားနာမှု အပြီးမှာတော့ ဖီထာက သူဟာ လွှတ်တော် ဥက္ကဋ္ဌ ဝမ်မူဟာမက်နော်မာသာနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ဘယ်အချိန်မှာ အမတ်တာဝန်တွေ ပြန်လည် ထမ်းဆောင်နိုင်မလဲ ဆိုတာကို အဖြေရှာသွားမယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်ကြောင်း စွပ်စွဲချက်အတွက် ဖီထာမှာ အပြစ်မရှိကြောင်း ထိုင်းခုံရုံး ဆုံးဖြတ်
ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်ကြောင်း စွပ်စွဲချက်အတွက် ဖီထာမှာ အပြစ်မရှိကြောင်း ထိုင်းခုံရုံး ဆုံးဖြတ်

မီဒီယာ ကုမ္ပဏီ တစ်ခုရဲ့ ရှယ်ယာတွေ ပိုင်ဆိုင်မှုအရ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲ ခံထားရသူ Move Forwardပါတီ (MFP) ခေါင်းဆောင်ဟောင်း ဖီထာ လင်ဂျာရွတ်ရတ်မှာ အပြစ်မရှိဘူးလို့ ထိုင်း အခြေခံ ဥပဒေ ခုံရုံးက ဆုံးဖြတ်လိုက်ပါတယ်။

သူဟာ မနှစ်က ရွေးကောက်ပွဲ ဝင်ချိန်မှာ iTV ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်ထားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ထိုင်းရဲ့ အခြေခံ ဥပဒေတွေအရ ရွေးကောက်ပွဲဝင် အမတ်တွေဟာ မီဒီယာ ကုမ္ပဏီတွေနဲ့ စီးပွားရေးအရ ဆက်နွှယ် ပတ်သက်မှုတွေ မရှိရဘူးလို့ တားမြစ်ထားပါတယ်။

ဖီထာက သူဟာ ဖခင်ရဲ့ အမွေကို ဆက်ခံတာသာဖြစ်ပြီး iTVကလည်း မီဒီယာ လုပ်ငန်းအဖြစ် လည်ပတ်နေဆဲ မဟုတ်တော့ဘူးလို့ ဖြေရှင်းပြီး အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။ ဇန်နဝါရီ ၂၄ ရက်မှာတော့ ခုံရုံးက iTVဟာ မီဒီယာ ကုမ္ပဏီ မဟုတ်တော့ဘူးဆိုတဲ့ အချက်ကို လက်ခံခဲ့ပြီး ဖီထာမှာ အပြစ်မရှိဘူးလို့ အဆုံးအဖြတ် ပေးခဲ့တာပါ။

ဒါကြောင့် ဖီထာဟာ စစ်ဆေးမှုတွေ ခံယူနေစဉ် ကာလအတွင်း ဆိုင်းငံ့ခံထားရတဲ့ လွှတ်တော် အမတ်နေရာကို ပြန်လည် ရရှိတော့မှာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ သူဟာ စွဲချက်တွေ ရင်ဆိုင်နေရချိန်အတွင်း MFPကို လွှတ်တော်ရဲ့ အဓိက အတိုက်အခံ ပါတီအဖြစ် ရပ်တည်ခွင့် ရစေဖို့ ပါတီ အကြီးအကဲ နေရာကနေ နုတ်ထွက်ပေးခဲ့ရပြီး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဖီထာ ဦးဆောင်တဲ့ MFPဟာ ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့ပေမယ့်လည်း ရွေးကောက်ခံ မဟုတ်ဘဲ နေရာရနေတဲ့ အထက်လွှတ်တော် အမတ်တွေကို မစည်းရုံးနိုင်ခဲ့တာကြောင့် အစိုးရဖွဲ့ဖို့ လုံလောက်တဲ့ လွှတ်တော် အင်အားစုကို မရခဲ့ဘဲ ဖျူထိုင်းပါတီ (PTP)ကသာ ပြိုင်ဘက် ကွန်ဆာဗေးတစ်တွေနဲ့ ပေါင်းစည်းပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့သွားခဲ့ပါတယ်။

ခုံရုံး ကြားနာမှု အပြီးမှာတော့ ဖီထာက သူဟာ လွှတ်တော် ဥက္ကဋ္ဌ ဝမ်မူဟာမက်နော်မာသာနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ဘယ်အချိန်မှာ အမတ်တာဝန်တွေ ပြန်လည် ထမ်းဆောင်နိုင်မလဲ ဆိုတာကို အဖြေရှာသွားမယ်လို့ ပြောပါတယ်။

ဖီထာဟာ စွဲချက်ကို ခုခံရင်ဆိုင်နေတဲ့ ကာလတလျှောက်လုံး သူ့ပိုင်ဆိုင်မှုထဲမှာ ဖခင်ဆီက လက်ဆင့်ကမ်း ရရှိခဲ့တဲ့ iTV ရှယ်ယာ ၄၂၀၀၀ ရှိနေတယ် ဆိုတာကို သတိတောင် မထားမိခဲ့ကြောင်းနဲ့ သူဟာ အဲဒီရှယ်ယာတွေကို ထိန်းချုပ်တာ၊ အကျိုးခံစားခွင့် ရယူတာတွေ ဘာမှ မရှိခဲ့ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ ရုရှားလူငယ် မောင်နှမကို လူသတ်သမားတွေက မြှုပ်နှံထားခဲ့ရာ နေရာမှာ သူတို့အတွက် ရည်စူးပြီး ဆုတောင်းပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့တဲ့ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ထဲ ဝင်ရောက်ဖို့ အားထုတ်မှုတွေကို ထိခိုက်လာစေနိုင်ကြောင်းထိုင်းရဲ့အဓိကအတိုက်အခံ နိုင်ငံရေး ပါတီက သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။