Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ စစ်ရှောင်တွေ ခိုလှုံနေရာ စာသင်ကျောင်းကို အစ္စရေး လေကြောင်းကနေ တိုက်ခိုက်၊ ၇၀ ကျော်သေဆုံး

ဂါဇာကမ်းမြှောင် ဒေသမှာ အစ္စရေးက စစ်ရှောင် ဒုက္ခသည်တွေ အများအပြား စုဝေးနေထိုင်ရာ ကျောင်းတစ်ကျောင်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူ ၇၀ ကျော် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းတွေဖက်က ထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာကမ်းမြှောင် ဒေသမှာ အစ္စရေးက စစ်ရှောင် ဒုက္ခသည်တွေ အများအပြား စုဝေးနေထိုင်ရာ ကျောင်းတစ်ကျောင်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူ ၇၀ ကျော် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းတွေဖက်က ထုတ်ပြန်ခဲ့ပါတယ်။

ဩဂုတ် ၁၀ ရက်နေ့ တိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးမှု ပမာဏက အရမ်းများပြားကြောင်း၊ တချို့အလောင်းတွေဟာ ဘယ်သူဘယ်ဝါ ခွဲခြားလို့ မရတဲ့ထိ ဖြစ်သွားကြောင်း ဂါဇာစီးတီးမှာရှိတဲ့ အယ်လ်အာလီ ဆေးရုံရဲ့ အကြီးအကဲ ဖာဒဲလ် နာအင်မ်က ပြောပါတယ်။

အစ္စရေး စစ်ဘက်ရဲ့ ကြေညာချက်မှာတော့ ဂါဇာစီးတီးမှာ ရှိနေတဲ့ အယ်လ်တာဘာအင်း ကျောင်းဟာ ဟားမားစ် ပြောက်ကျားတွေနဲ့ အစ္စလာမ်မစ် ဂျီဟတ် အဖွဲ့ဝင်တွေရဲ့ လျှို့ဝှက် စစ်အခြေစိုက် စခန်းတစ်ခုသာ ဖြစ်တာကြောင့် တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။ အစ္စရေးရဲ့ စွပ်စွဲချက်ကို ဟားမားစ်တွေဖက်ကတော့ အပြင်းအထန် ငြင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဂါဇာမှာ စစ်ပွဲကြီး ဖြစ်ပွားလာတဲ့နောက် ကျောင်းတွေ ပိတ်ခဲ့ရပြီး ကျောင်းအဆောက်အအုံ အများအပြားဟာ စစ်ရှောင်တွေအတွက် ခိုလှုံရေး စခန်းတွေ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း ဂါဇာက ကျောင်းတွေကို ပစ်မှတ်ထားတဲ့ အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေကို မကြာခဏ တွေ့မြင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲမှာတင် စစ်ရှောင်တွေ စုဝေးနေထိုင်ရာ နေရာတွေအဖြစ် အသိများတဲ့ ဧရိယာတွေကို အစ္စရေးရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပိုမို အရှိန်မြင့်လာတာကို တွေ့ခဲ့ရပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေအတွက် အစ္စရေး အဓိက အကြောင်းပြချက် ပေးလေ့ရှိတာက ဟားမားစ်တွေက ဒုက္ခသည်တွေကြား ရောနှော ပုန်းခိုနေတယ် ဆိုတာပဲ ဖြစ်ပါတယ်။

စစ်ပွဲ စတင်ခဲ့ပြီး ၉ လတိတိအကြာ ဇူလိုင်လ ၆ ရက်နေ့ထိ စာရင်းတွေအရ ဂါဇာမှာရှိတဲ့ ကျောင်းစုစုပေါင်း ၅၆၄ ခုထဲမှာ ၄၇၇ ခုဟာ စစ်ဒဏ်ကြောင့် လုံးဝဥဿုံ ပျက်စီးတာ၊ ဒါမှမဟုတ် ထိခိုက်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီထဲက တစ်ဒါဇင်ကျော်ကတော့ စစ်ရေးအရ တိတိကျကျ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ခံခဲ့ရပါတယ်။

အယ်လ်တာဘာအင်း ကျောင်းမှာ စစ်ရှောင်ဦးရေ ၁၀၀၀ ကျော် ခိုလှုံနေပြီး လောလောလတ်လတ်အဖြစ် အစ္စရေးရဲ့ ရွှေ့ပြောင်းမိန့်ကြောင့် ဘိထ်ဟာနွန် မြို့လေးကနေ ရွှေ့ပြောင်းလာသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီ ကျောင်းအဆောက်အအုံကို ယာယီ ဗလီတစ်ခုအဖြစ်လည်း အသုံးပြုနေပြီး မနက်အရုဏ်တက် ဝတ်ပြု ဆုတောင်းသူတွေ ရှိနေတဲ့ အချိန်မှာ အစ္စရေးက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးရဲ့ ထုတ်ပြန်ချက်ကတော့ ပါလက်စတိုင်းတွေရဲ့ ကြေညာချက်နဲ့ ကွဲပြားမှုတွေ ရှိနေပြီး စစ်ဆင်ရေးအတွက် ဟားမားစ်နဲ့ အစ္စလာမ်မစ် ဂျီဟတ် အကြမ်းဖက်သမား ၁၉ ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ စစ်ဒဏ်ခံ အဆောက်အအုံတစ်ခု ပြိုကျလို့ ကလေးတွေ အပါအဝင် လူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။