Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုက်ခိုက်ရေးတပ်မှာ စစ်မှုမထမ်းချင်လို့ တောင်ကိုရီးယား နိုင်ငံသားတစ်ဦး အဝလွန်တဲ့ထိ အလွန်အကျွံ စားသောက်ခဲ့

တောင်ကိုရီးယားမှာ စစ်မှုမထမ်းမနေရ သတ်မှတ်ချက်ကနေ သက်သာရာရအောင် ရှောင်တိမ်းဖို့အတွက် ကိုယ်အလေးချိန်တက်အောင် နင်းကန် စားသောက်ခဲ့သူ တစ်ဦး ဆိုင်းငံ့ထောင်ဒဏ် ချမှတ် ခံလိုက်ရပါတယ်။

တောင်ကိုရီးယားမှာ စစ်မှုမထမ်းမနေရ သတ်မှတ်ချက်ကနေ သက်သာရာရအောင် ရှောင်တိမ်းဖို့အတွက် ကိုယ်အလေးချိန်တက်အောင် နင်းကန် စားသောက်ခဲ့သူ တစ်ဦး ဆိုင်းငံ့ထောင်ဒဏ် ချမှတ် ခံလိုက်ရပါတယ်။

သတင်းတွေက နာမည်ဖော်မပြတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားဟာ စစ်မှုထမ်း ဆင့်ခေါ်ခံရမှုအတွက် ကာယကြံ့ခိုင်မှု မစစ်ဆေးခင် အတောအတွင်း အလွန်အကျွံ တနင့်တပိုးတွေ စားသောက်နေခဲ့တာ ဖြစ်ပါတယ်။ ကြံ့ခိုင်မှု စစ်ဆေးတဲ့ အခါမှာတော့ သူဟာ အဝလွန်နေတယ်ဆိုတဲ့ ရလဒ် ထွက်ခဲ့တာကြောင့် တိုက်ခိုက်ရေး ကဏ္ဍမှာ တာဝန်ထမ်းဆောင်စရာ မလိုဘဲ ရုံးပိုင်းဆိုင်ရာ ဌာနတစ်ခုမှာပဲ တာဝန်ပေးအပ် ခံခဲ့ရပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူဟာ အဲဒီအခြေအနေရောက်အောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးယူခဲ့တယ် ဆိုတာကို ဆိုးလ်မြို့တော် တရားရုံး တစ်ခုက စစ်ဆေး တွေ့ရှိခဲ့တဲ့နောက် နိုဝင်ဘာ ၂၄ ရက်နေ့မှာ သူ့ကို ဆိုင်းငံ့ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ပါတယ်။

သူ့ကို ပုံမှန်ထက် နေ့တိုင်း နှစ်ဆပိုစားဖြစ်အောင် ကူညီ စီစဉ်ပေးခဲ့တဲ့ သူငယ်ချင်း တစ်ယောက်လည်း ဆိုင်းငံ့ထောင်ဒဏ် ၆ လ ချမှတ်ခြင်း ခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယားမှာ အသက် ၁၈ နှစ်ပြည့်ပြီးရင် ကိုယ်လက်သန်စွမ်းတဲ့ အမျိုးသားအားလုံး အနည်းဆုံး ၁၈ လ စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေ ပြဋ္ဌာန်းထားပါတယ်။

Korean Herald သတင်းဌာနရဲ့ အဆိုအရ စွပ်စွဲခံခဲ့ရတဲ့ အမျိုးသားဟာ ကနဦးအဆင့် ကာယအခြေအနေ စစ်ဆေးမှုတွေတုန်းက တိုက်ခိုက်ရေးတပ်မှာ တာဝန်ထမ်းဆောင်ဖို့ သင့်တော်တယ်လို့ မှတ်ချက်ပေး ခံထားရပေမယ့် မနှစ်က အပြီးသတ် စစ်ဆေးမှုမှာတော့ ကိုယ်အလေးချိန် ၂၂၅ ပေါင်ထိ လွန်လွန်ကဲကဲ ဝဖြိုးနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဆေးစစ်တဲ့ အရာရှိတွေက သူ့ကို အဝလွန်နေတယ်လို့ သတ်မှတ်ပေးခဲ့ပါတယ်။

သူ့ကို အလွန်အကျွံ စားသောက်ဖို့ အကြံပေးခဲ့တယ်ဆိုတဲ့ သူငယ်ချင်းကတော့ တိုက်ခိုက်ရေးအတွက် စစ်မှုထမ်း အဖြစ်ကနေ ရှောင်တိမ်းနိုင်အောင် ရည်ရွယ်ချက်ရှိရှိ ကြံရာပါ လုပ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ သူက အဲဒီလိုလုပ်ဖို့ နောက်ပြောင်တဲ့ သဘောမျိုးသာ ပြောခဲ့ပြီး သူ့သူငယ်ချင်းက တကယ်တမ်း အထမြောက်အောင် လုပ်ဖြစ်လိမ့်မယ်လို့ လုံးဝ မထင်ခဲ့ကြောင်း ဖြေရှင်းချက် ပေးထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။