Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီဂျစ်ကမ်းလွန်မှာ ကမ္ဘာလှည့် ခရီးသွား အပျော်စီးသင်္ဘော နစ်မြုပ်၊ ၁၆ ဦး ပျောက်ဆုံးနေ

အီဂျစ်နိုင်ငံကမ်းလွန် ပင်လယ်နီ ရေပြင်မှာ ကမ္ဘာလှည့် ခရီးသွားတွေ လိုက်ပါသွားတဲ့ အပျော်စီး သင်္ဘော နစ်မြုပ်ပြီး လူ ၁၆ ဦး ပျောက်ဆုံးနေပါတယ်။

အီဂျစ်နိုင်ငံကမ်းလွန် ပင်လယ်နီ ရေပြင်မှာ ကမ္ဘာလှည့် ခရီးသွားတွေ လိုက်ပါသွားတဲ့ အပျော်စီး သင်္ဘော နစ်မြုပ်ပြီး လူ ၁၆ ဦး ပျောက်ဆုံးနေပါတယ်။

အီဂျစ်နိုင်ငံသား အမှုထမ်း ၁၃ ဦး အပါအဝင် စုစုပေါင်း လူ ၄၄ ဦး စီးနင်းလိုက်ပါသွားတဲ့ သင်္ဘောဆီက အရေးပေါ် အကူအညီ တောင်းခံမှုကို အီဂျစ်ရေတပ်က နိုဝင်ဘာ ၂၅ ရက်နေ့ မနက်အစောပိုင်းမှာ ဖမ်းယူရရှိခဲ့ပါတယ်။ အဲဒီနောက် စစ်သင်္ဘော တစ်စီးနဲ့ လေယာဉ်တွေ စေလွှတ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို အပူတပြင်း ဆောင်ရွက်ခဲ့ပေမယ့်လည်း ၂၈ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၁၆ ဦး ပျောက်ဆုံးဆဲလို့ သိရပါတယ်။

ပျောက်ဆုံးနေသူတွေထဲမှာ အီဂျစ်နိုင်ငံသား ၄ ဦးပါပြီး ကျန်တာက နိုင်ငံခြားသား ဧည့်သည်တွေပါ။ Sea Story သင်္ဘောဟာ ပင်လယ်နီ ကမ်းလွန်မှာ ၅ ရက်ကြာ အပျော်တမ်း ရေငုပ်ခရီးစဉ်အတွက် အီဂျစ်ရဲ့ နာမည်ကျော် မာဆာ အလမ်မြို့ ဆိပ်ကမ်းကနေ နိုဝင်ဘာ ၂၄ ရက်နေ့က ထွက်ခွာခဲ့တာပါ။ မာဆာအလမ် ကမ်းလွန်ရေပြင်မှာ ကြည်လင်တဲ့ရေပြင်၊ လှပတဲ့ သန္တာကျောက်တန်းတွေ တည်ရှိနေတာကြောင့် အပျော်တမ်း ရေငုပ်သူတွေကြား အရမ်းရေပန်းစားပါတယ်။

အီဂျစ်ရေတပ်က ပင်လယ်ပြင်မှာ ဆယ်ယူရရှိသူတွေကို လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ထောက်ပံ့ထားပြီး ကျန်တဲ့သူတွေကိုလည်း ဆက်လက် ရှာဖွေနေတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရေယာဉ် ရုတ်တရက် နစ်မြုပ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါဘူး။ နိုဝင်ဘာ ၂၅ ရက်နေ့မှာ မိုးလေဝသ ဌာနရဲ့ ထုတ်ပြန်ချက်အရ ပင်လယ်နီနဲ့ မြေထဲပင်လယ်မှာ ရာသီဥတုကြောင့် လှိုင်းထန်တဲ့ အခြေအနေတွေ ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ပင်လယ်ပြင်မှာ တချို့အချိန်တွေကျရင် လေတိုက်နှုန်း တစ်နာရီ ၆၀ ကနေ ၇၀ ကီလိုမီတာလောက်ထိ ပြင်းထန်နိုင်ပြီး ၃ မီတာကနေ ၄ မီတာ အမြင့်လောက် လှိုင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသ ဌာနက ကြေညာထားပါတယ်။

ကနဦး စစ်ဆေးမှုတွေအရ အီဂျစ်နိုင်ငံသားတစ်ဦး ပိုင်ဆိုင်တဲ့ Sea Story သင်္ဘောဟာ တစ်နှစ်တစ်ခါ လုံခြုံရေးစံနှုန်း စစ်ဆေးမှု လက်မှတ်ကို မှန်မှန်ကန်ကန် ရရှိထားပြီး စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်လည်း မရှိခဲ့ဘူးလို့ သိရပါတယ်။ အသက်ရှင် လွတ်မြောက်လာသူ တချို့က လှေဟာ လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်တာ ခံရပြီးတဲ့နောက် ၅ မိနစ်ကနေ ၇ မိနစ်အတွင်း နစ်မြုပ်သွားတယ်လို့ ပြောပေမယ့် အာဏာပိုင်တွေက လှေနစ်မြုပ်မှု အကြောင်းရင်းကို ဆက်လက် စုံစမ်းနေဆဲလို့ပဲ ပြောကြားထားပါတယ်။

Sea Storyကို ပိုင်ဆိုင်တဲ့ အီဂျစ်ကုမ္ပဏီ Dive Pro Liveaboardက ဖြစ်စဉ်နဲ့ ပတ်သက်လို့ လောလောဆယ် ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေဆဲပါ။ အဲဒီလှေကို ၂၀၂၂ ခုနှစ်မှာ တည်ဆောက် ပြီးစီးခဲ့ပြီး အထပ် ၄ ထပ် ပါဝင်သလို ၄၄ မီတာ ရှည်လျားတယ်လို့ ကုမ္ပဏီ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားမှုအရ သိရပါတယ်။

မနှစ်တုန်းကလည်း မာဆာ အလမ်မှာ အပျော်တမ်း ရေငုပ်တဲ့ လှေတစ်စီး မီးစွဲလောင်ရာက ဗြိတိန်နိုင်ငံသား ၃ ဦး အသက်ဆုံးရှုံးခဲ့ရဖူးပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆွန်ခရန် ပွဲတော်ကာလအတွင်း ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့် ခရီးသွားနဲ့ ဆက်စပ် လုပ်ငန်းတွေကနေ ဝင်ငွေ ဒေါ်လာ ၁ ဘီလီယံ နီးပါးထိ ရရှိဖို့ ခန့်မှန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းရဲ့ ကမ္ဘာလှည့် ခရီးသွား ကဏ္ဍအပေါ် နိုင်ငံခြားသား ဧည့်သည်တွေရဲ့ ယုံကြည်မှုဟာ စိုးရိမ်စရာ ကောင်းလောက်အောင် ဆက်တိုက် ကျဆင်းနေတယ်လို့ ထိုင်းကမ္ဘာလှည့် ခရီးသွား ကောင်စီက သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ကမ္ဘာလှည့် ခရီးသည် အများစု လိုက်ပါသွားတဲ့ အပျော်စီး ရေငုပ်သင်္ဘောတစ်စီး အီဂျစ်မှာ နစ်မြုပ်ရာက အနည်းဆုံး ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာလှည့် ခရီးသွားတွေ စည်ကားရာ နယ်မြေလေးခုမှာ နိုင်ငံရဲ့ တရားဝင် ကာစီနိုရုံတွေ ဖွင့်လှစ်သွားမယ်လို့ ထိုင်းအစိုးရက ကြေညာခဲ့ပါတယ်။