Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မီးသင့်ခဲ့တဲ့ နော့ထရီဒမ် ဘုရားကျောင်းကြီး ပြန်လည်ဖွင့်လှစ်မှု အခမ်းအနား တက်ရောက်မယ်လို ထရမ့် အတည်ပြု

ပြင်သစ်နိုင်ငံ၊ ပါရီမြိုတော်မှာ မီးသင့်လောင်ကျွမ်းခဲ့ဖူးတဲ့ ကမ္ဘာကျော် နော့ထရီဒမ် ဘုရားကျောင်းကြီး ပြန်လည် ဖွင့်လှစ်မှု အခမ်းအနားကို ဒေါ်နယ်လ်ထရမ့် တက်ရောက်မယ်လို သိရပါတယ်။

မီးသင့်ခဲ့တဲ့ နော့ထရီဒမ် ဘုရားကျောင်းကြီး ပြန်လည်ဖွင့်လှစ်မှု အခမ်းအနား တက်ရောက်မယ်လို ထရမ့် အတည်ပြု
မီးသင့်ခဲ့တဲ့ နော့ထရီဒမ် ဘုရားကျောင်းကြီး ပြန်လည်ဖွင့်လှစ်မှု အခမ်းအနား တက်ရောက်မယ်လို ထရမ့် အတည်ပြု

၂၀၁၉ ခုနှစ်တုန်းက ဆိုးရွားပြင်းထန်လှတဲ့ မီးလောင်ကျွမ်းမှုကြီးကြောင့် အထင်ကရ ဘုရားကျောင်းကြီးရဲ့ အမိုးပိုင်း ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပြီး အကြီးစား ပြင်ဆင်မှုတွေကို ၅ နှစ်ကြာ အချိန်ယူ လုပ်ဆောင်ခဲ့ပါတယ်။

အခုတော့ ဘုရားကျောင်းကြီး ပြင်ဆင်မှု ပြီးစီးနေပြီ ဖြစ်တာကြောင့် ဒီဇင်ဘာ ၇ ရက်ကျရင် အခမ်းအနားနဲ့ ပြန်လည် ဖွင့်လှစ်သွားမှာပါ။ ရွေးကောက်ပွဲမှာ အနိုင်ရထားပြီး အမေရိကန် သမ္မတ ရာထူးကို တကျော့ပြန် ရယူမယ့် ထရမ့်ဟာ အဲဒီ ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်သွားမယ်လို သူကိုယ်တိုင် ထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthကနေ ရေးသား ဖော်ပြခဲ့ပါတယ်။

ခမ်းနားမြင့်မြတ်လှတဲ့ သမိုင်းဝင် နော့ထရီဒမ် ဘုရားကျောင်းကြီး ပြန်လည် ဖွင့်လှစ်မှု အခမ်းအနား တက်ရောက်ဖို၊ ပြင်သစ်နိုင်ငံ၊ ပါရီမြိုတော်ဆီ သွားရောက်မယ့်အကြောင်း ဂုဏ်ယူစွာ ပြောပြချင်တယ်လို ထရမ့်က ဆိုပါတယ်။ သူက နော့ထရီဒမ်ရဲ့ ထည်ဝါမှုတွေကို ပြန်လည် ဆောင်ကြဉ်းယူနိုင်မယ့် အံ့ဩဘနန်း စွမ်းဆောင်မှုတွေကို ဦးဆောင်ခဲ့တဲ့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကို ချီးကျူးထိုက်ကြောင်း၊ နော့ထရီဒမ်ကို ပြန်လည် ဖွင့်လှစ်ခြင်းဟာ အားလုံးအတွက် နေ့ထူးနေ့မြတ်တစ်ခု ဖြစ်လာမှာ သေချာကြောင်းလည်း မှတ်ချက်ပေးခဲ့ပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့၊ အမေရိကန် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့နောက်ပိုင်း ဒါဟာ ထရမ့်ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်လည်း ဖြစ်လာမှာပါ။

Public Service Announcement

Public Service Announcement

၂၀၁၉ ခုနှစ်၊ ဧပြီ ၁၅ ရက်နေ့တုန်းက နော့ထရီဒမ်မှာ လောင်ကျွမ်းခဲ့တဲ့ မီးဟာ ဘုရားကျောင်းကြီး တစ်ခုလုံးကို အလုံးစုံ ပျက်စီး ဆုံးရှုးစေလောက်တဲ့ ခြိမ်းခြောက်မှုမျိုး ရှိခဲ့ဖူးပေမယ့် မီးသတ်တပ်ဖွဲဝင်တွေရဲ့ အစွမ်းကုန် အားထုတ်မှု၊ ပညာရှင်တွေရဲ့ ပြင်ဆင်နိုင်မှုတွေကြောင့် ဆက်လက် တည်တံ့နိုင်ခဲ့တာပါ။ နော့ထရီဒမ် မီးလောင်မှု ပေါ်ပေါက်ခဲ့တုန်းက ထရမ့်ဟာ သူ့ရဲ့ အမေရိကန် သမ္မတသက်တမ်း ပထမ ၄ နှစ်ကို တာဝန်ယူထားချိန် ဖြစ်ပါတယ်။

အဲဒီတုန်းက ထရမ့်ဟာ ဘုရားကျောင်းကြီး မီးလောင်နေတာကို မြင်ရတာ ရင်နာဖို အရမ်းကောင်းပြီး မီးသတ် လေယာဉ်တွေနဲ့ လေထဲကနေ ရေပမာဏ အများအပြား ကြဲချတာမျိုး တစ်ခုခု မြန်မြန် တုံပြန်ဖို Twitterမှာ ရေးသားခဲ့ဖူးပါတယ်။

ချက်ချင်းလိုလိုပဲ ပြင်သစ် အာဏာပိုင်တွေက နော့ထရီဒမ်က မီးကို ငြှိမ်းသတ်နိုင်အောင် အစွမ်းရှိသမျှ ကြိုးစားနေကြောင်းနဲ့ ရေတွေ အများကြီး လေယာဉ်ပေါ်ကနေ လောင်းချလိုက်ရင် ဘုရားကျောင်း တစ်ခုလုံး ပြိုကျသွားနိုင်ကြောင်း တုံပြန်ခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

သတင်း

သေဆုံးသူများတွင် ကလေးငယ်များပါဝင် ကြောင်း သတင်းရင်းမြစ်က ပြောပြီး အရေအတွက် အသေးစိတ် အခြေအနေစုံစမ်းနေဆဲဖြစ်သည်။

နိုင်ငံတကာ

ထရမ့်ဟာ လာမယ့် ရက်ပိုင်းတွေအတွင်း သူ့ရဲ့ အစိုးရ အဖွဲ့သစ်အတွက် အရေးပါတဲ့ ဝန်ကြီးနေရာ ခန့်အပ်မှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

နိုင်ငံတကာ

ထရမ့်ဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေမှာ သူသမ္မတဖြစ်လာရင် ယူကရိန်း စစ်ပွဲကို ရပ်တန့်စေမယ်လို အကြိမ်ကြိမ် ပြောခဲ့ဖူးပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

သတင်း

အမေရိကန် ရွေးကောက်ပွဲမှာ တကျော့ပြန် အနိုင်ရခဲ့သူ သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ဟာ ပြည်ပကနေ ရွှေ့ပြောင်း အခြေချလာသူတွေအပေါ် ခါးသီးတဲ့ အမြင်မျိုး ရှိသူ ဖြစ်ပါတယ်။