Connect with us

Hi, what are you looking for?

သတင်း

ဒေါငံခါးရွာက ဘုရားကျောင်းကို စစ်တပ် မီးရှို့ဖျက်ဆီး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က သက်တမ်းနှစ်(၆၀)ကျော်ရှိတဲ့ ဒေါငံခါးရွာက ကက်သလစ်အသင်းတော်ဘုရားကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ -၁၃၊၂၀၂၆။မိုမို/People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က သက်တမ်းနှစ်(၆၀)ကျော်ရှိတဲ့ ဒေါငံခါးရွာက ကက်သလစ်အသင်းတော်ဘုရားကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့(မေလ ၁၃ ရက်) မနက် ၈နာရီဝန်းကျင်မှာ ဒေါငံခါးရွာက ငြိမ်းချမ်းခြင်းသခင်မဘုရားကျောင်း အတွင်းမှာရှိတဲ့ သိလရှင်အဆောင်တွေ မီးရှို့ခံခဲ့ရတာလို့ ဆိုပါတယ်။

“စစ်တပ်က အဲ့ဒေါငံခါးနားတစ်ဝိုက်တော့ တပ်စွဲနေတာလနဲ့ချီကြာလာပြီ။ ဘုရားကျောင်းဝိုင်းအပါအဝင်ပေါ့ ။သူတို့ မီးရှို့ရတဲ့အကြောင်းရင်းတော့မသိပေမယ့်နေအိမ်၊ ဘုရားကျောင်းတွေကိုမီးရှို့ဖျက်ဆီးတဲ့အလေ့အကျင့်တော့အမြဲတမ်းလိုလို လုပ်လေ့ရှိတယ်”လို့ ဒီးမော့ဆိုမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ မီးရှို့ခံရတဲ့ ဘုရားကျောင်းဝင်းက သီလရှင်အဆောင်တချို့ကို ပြီးခဲ့တဲ့နှစ် ၂၀၂၅ စက်တင်ဘာမှာ စစ်တပ်က မီးရှို့ခဲ့ဖူးတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဇွန်လ ၆ ရက်ကလည်း လက်နက်ကြီး ထိမှန်လို့ ဘုရားကျောင်းမျက်နှာစာနဲ့ ခေါင်းလောင်းစင် ပျက်စီးခဲ့ပါသေးတယ်။

ဒီးမော့ဆိုမြို့အထက်ပိုင်း ငွေတောင်ဆည်အနီးမှာရှိတဲ့ ဒေါငံခါးရွာမှာ ငြိမ်းချမ်းခြင်းသခင်မ ဘုရားကျောင်းကို ၁၉၆၁ က စတင်တည်ဆောက်ခဲ့တာလို့ ဒေသခံတချို့က ဆိုပါတယ်။

ကက်သလစ်ဘာသာဝင်တွေ ဝတ်ပြုကိုးကွယ်ပြီးအဓိဋ္ဌာန်ပြုတာနဲ့ ဘာသာရေးသင်တန်းတွေ ပို့ချခဲ့တဲ့ ရှေးဟောင်း သမိုင်းနေရာတစ််ခု ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၃က ဘုရားကျောင်းတော်တည်ထောင်တဲ့ နှစ်(၅၀)ပြည့် ရွှေရတုသဘင် ပြုလုပ်ခဲ့ကြပါတယ်။

ကရင်နီပြည်နယ်ထဲက သက်တမ်းနှစ်ချီကြာရှိတဲ့ ဒေါငံခါးရွာက မယ်တော်သခင်မ ဘုရားကျောင်း၊ မိုးဗြဲက ဘုရားကျောင်း နဲ့ ဒေါညင်းခူက ဘုရားကျောင်းတို့ကိုလည်း အာဏာသိမ်းစစ်တပ်က ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းအချို့က ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အခုနှစ် ဧပြီလအထိ ကရင်နီပြည်နယ်နဲ့ ကယန်းဒေသရှိ ဘာသာရေးအဆောက်အအုံ ၆၀ နီးပါးကို စစ်တပ်က ဖျက်ဆီးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစုက အသိပေးပါတယ်။

https://www.facebook.com/reel/1639700110637846

ရုပ်သံ – Ŝĥã Đøw

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။