Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုကို စစ်လက်နက်ထောက်ပံ့မှုပေးနေသည့် တရုတ်ကုမ္ပဏီ AVIC ဖိအားပေးရေး ပြင်သစ်ကုမ္ပဏီ Airbus ကို တောင်းဆို

မြန်မာစစ်အုပ်စုကို စစ်လက်နက်ထောက်ပံ့မှုပေးနေသည့် တရုတ်ကုမ္ပဏီ AVIC ဖိအားပေးရေး ပြင်သစ်လေကြောင်းအာကာသကုမ္ပဏီကြီး Airbus ကို Justice For Myanmar နှင့် Info Birmanie တို့က တောင်းဆိုလိုက်သည်။

Airbus နှင့် AVIC တို့မှတာဝန်ရှိသူ အချို့ကို ​တွေ့ရစဥ်။ ဓါတ်ပုံ- ဆင်ဟွာ

ထားအိ/People’s Spring

မြန်မာစစ်အုပ်စုကို စစ်လက်နက်ထောက်ပံ့မှုပေးနေသည့် တရုတ်ကုမ္ပဏီ AVIC ဖိအားပေးရေး ပြင်သစ်လေကြောင်းအာကာသကုမ္ပဏီကြီး Airbus ကို Justice For Myanmar နှင့် Info Birmanie တို့က တောင်းဆိုလိုက်သည်။

အထက်ပါ AirBus ကုမ္ပဏီသည် တရုတ်ကုမ္ပဏီ AVIC နှင့် မဟာဗျူဟာမိတ်ဖက်ဖြစ်ပြီး Justice For Myanmar နှင့် Info Birmanie တို့၏ စုံစမ်းလေ့လာမှုတွင် AVIC က မြန်မာစစ်အုပ်စုထံ လေယာဉ်နှင့် စစ်လက်နက်များ တောက်လျောက်ထောက်ပံ့နေသည့် အထောက်အထားများကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်၏ စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အရေးယူခံရခြင်းလွတ်ကင်းစွာဖြင့် ကျူးလွန်ရာတွင် AVIC က ရောင်းချထောက်ပံ့ထားသည့် လေယာဉ်များကို အသုံးပြုလျက်ရှိကြောင်း JFM က ထုတ်ပြန်သည်။

Airbus နှင့် AVIC တို့အကြား ဆက်နွှယ်ပတ်သက်မှုသည် AirBus ၏ အဓိကရှယ်ယာရှင်များဖြစ်ကြသည့် စပိန်၊ ဂျာမဏီနှင့် ပြင်သစ်အစိုးရတို့၏ အများပြည်သူသို့ ထုတ်ပြန်ချက်များနှင့် လက်တွေ့ဆောင်ရွက်ချက်များကြား အထင်းသားဝိရောဓိဖြစ်နေမှုကိုလည်း မီးမောင်းထိုးဖော်ပြနေကြောင်း ဖော်ပြသည်။

စပိန်၊​ဂျာမဏီနှင့် ပြင်သစ်အစိုးရများသည် မြန်မာစစ်အုပ်စု၏ ရာဇဝတ်မှုများကို လူသိရှင်ကြား ရှုတ်ချခဲ့ပြီး စစ်အုပ်စုထံ လက်နက်စီးဆင်းမှုကို ရပ်တန့်ရေးဆောင်ရွက်ရန် ကတိကဝတ်များပြုခဲ့ကြသော်လည်း လက်တွေ့တွင် Airbus နှင့် AVIC တို့၏ ပိတ်ကားနောက်ကွယ်မှ ဆက်လက်ပူးပေါင်း ဆောင်ရွက်မှုများကို မျက်နှာလွှဲနှုတ်ဆိတ်နေကြသည်။

“Airbus နဲ့ သူ့ရဲ့ ရှယ်ယာရှင်အစိုးရတွေအနေနဲ့ AVIC ကနေ လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်တဲ့ မြန်မာစစ်အုပ်စုကို စစ်လက်နက်စီးဆင်းနေတာ မဖြစ်မနေ ရပ်တန့်ရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် ရင်တော့ Airbus ကို AVIC နဲ့ စီးပွားရေးအား ရပ်တန့်စေရမှာ ဖြစ်ပါတယ်။ စပိန်၊ ဂျာမဏီနဲ့ ပြင်သစ်က ဒီလို ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စစ်အုပ်စုတည်မြဲအောင် လုပ်နေမှတော့ သူတို့က မြန်မာစစ်အုပ်စုကို အပြစ်တင်ရှုတ်ချတာတွေကို ဘယ်လိုလုပ် အတည်ယူလို့ရမှာလဲ” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

ထို့အပြင် Info Birmanie ၏ ညှိနှိုင်းရေးမှုဖြစ်သူ ဂျိုဟန်နာချာဒွန်နီးယက်ကလည်း “Airbus ကုမ္ပဏီက ကာကွယ်ရေးကဏ္ဍမှာ လုပ်ကိုင်တဲ့အတွက်ကြောင့်ရော၊ သူ့ရဲ့ အမြဲတမ်း ရှယ်ယာရှင်တွေက အစိုးရတွေဖြစ်တဲ့ အတွက်ကြောင့်ရောျ သာမန်ကုမ္ပဏီတစ်ခု မဟုတ်ဘူးလို့ ပြောရပါမယ်။ ပြင်သစ်၊ စပိန်နဲ့ ဂျာမဏီအစိုးရတွေအနေနဲ့ Airbus ကုမ္ပဏီရဲ့ မိတ်ဖက်နဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ကုမ္ပဏီတွေဟာ စစ်ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုရင် အရေးယူဆောင်ရွက်ဖို့ တာဝန်နဲ့ ဝတ္တရားရှိနေပါတယ်”ဟု ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။