Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်အုပ်ချုပ်ရေး ကြေညာခဲ့မှုနဲ့ ဆက်စပ်ပြီး တောင်ကိုရီးယား ရဲတပ်ဖွဲ့ အကြီးအကဲပါ အဖမ်းခံရ

မအောင်မြင်ခဲ့တဲ့ စစ်အုပ်ချုပ်ရေး ကြေညာအမိန့်နဲ့ ဆက်စပ်ပြီး တောင်ကိုရီးယား ရဲတပ်ဖွဲ့ အကြီးအကဲလည်း ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

မအောင်မြင်ခဲ့တဲ့ စစ်အုပ်ချုပ်ရေး ကြေညာအမိန့်နဲ့ ဆက်စပ်ပြီး တောင်ကိုရီးယား ရဲတပ်ဖွဲ့ အကြီးအကဲလည်း ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ယွန်ဟပ် သတင်းဌာနက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြုံတွေ့ခဲ့တဲ့ သမ္မတ ယွန်ဆွခ်ယောလ်ရဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှု ဖြစ်စဉ် နောက်ဆက်တွဲ အဖမ်းခံရတဲ့ အစိုးရ ထိပ်တန်း အရာရှိတွေထဲမှာ အမျိုးသား ရဲတပ်ဖွဲ့ကော်မရှင် အကြီးအကဲ ချိုဂျီဟိုလည်း ပါဝင်လာပြီလို့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

ချိုဟာ တစ်နိုင်ငံလုံးကို အုတ်အော်သောင်းနင်း အထိတ်တလန့် ဖြစ်စေခဲ့ပြီး ၆ နာရီ အကြာမှာ ပယ်ဖျက်ခဲ့ရတဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုမှာ သမ္မတနဲ့ ပူးပေါင်း ပါဝင်ခဲ့တယ်လို့ ယုံကြည်ရကြောင်း တောင်ကိုရီးယား အမှုစစ် အရာရှိတွေက ယူဆနေတယ်လို့ ယွန်ဟပ်က ဆိုပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဟောင်း ကင်မ်ယွန်ဟွန်ဟာလည်း စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရာထူးကနေ နုတ်ထွက်ခဲ့ရပြီး ဖမ်းဆီးခံခဲ့ရပါတယ်။ သူရော၊ ချိုပါ သမ္မတက လွှတ်တော် နိုင်ငံရေးကို အဆုံးသတ်စေဖို့ ရည်ရွယ်ခဲ့တဲ့ လမ်းညွှန်ချက်တွေမှာ ပါဝင် ကူညီခဲ့တယ်လို့ စွပ်စွဲ ခံထားရပါတယ်။

Public Service Announcement

Public Service Announcement

ချိုရော၊ ကင်မ်ပါ စစ်တပ်နဲ့ ရဲတွေကို လွှတ်တော်တဝိုက်မှာ ဖြန့်ကျက်စေခဲ့ပြီး လွှတ်တော်ထဲကို အမတ်တွေ မဝင်ရောက်နိုင်အောင် တားဆီးထားဖို့ ယွန်ရဲ့ကိုယ်စား အမိန့်ပေးခဲ့ကြကြောင်း စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

တောင်ကိုရီးယား ကြည်းတပ်ရဲ့ အထူးစစ်ဆင်ရေး ဦးစီးဌာန အကြီးအကဲ ကွက်ဂျောင်ကွမ်က ဒီဇင်ဘာ ၃ ရက်နေ့မှာ သူဟာ လွှတ်တော် တံခါးတွေကို ဖျက်ဆီးပစ်ပြီး အမတ်တွေကို ဆွဲထုတ်လာရမယ်ဆိုတဲ့ သမ္မတဆီက အမိန့်ကို ရရှိခဲ့တယ်လို့ လွှတ်တော်ရဲ့ စစ်ဆေးကြားနာမှု ကော်မတီ တစ်ခုဆီမှာ ဒီဇင်ဘာ ၁၀ ရက်နေ့က ထွက်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယား ကွန်မန်ဒိုတွေဟာ လွှတ်တော် အမတ်တွေအပေါ် အင်အားသုံး ဖြိုခွင်းခဲ့ခြင်း မရှိသလို အမတ်တွေဟာလည်း သမ္မတရဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို ပယ်ဖျက်တဲ့ အဆိုကို အောင်အောင်မြင်မြင် မဲခွဲ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။

လက်ရှိ အခြေအနေမှာတော့ တောင်ကိုရီးယားရဲ့ အတိုက်အခံ ဒီမိုကရက်တစ် ပါတီက ဦးဆောင်ပြီး ယွန်ကို လွှတ်တော်မှာ စွပ်စွဲပြစ်တင်ပြီး ရာထူးက ဖယ်ရှားနိုင်ရေး မဲခွဲဆုံးဖြတ်ဖို့ ကြိုးစားနေပါတယ်။ အဲဒီကိစ္စဟာ ပထမအကြိမ်တုန်းက အထမမြောက်ခဲ့ပေမယ့် အခုအခါမှာတော့ အတိုက်အခံတွေဟာ ယွန်ကိုယ်စားပြုတဲ့ ပြည်သူ့စွမ်းအားပါတီ (PPP)ရဲ့ အမတ်တချို့ကိုပါ စည်းရုံးနေပြီး ဒုတိယအကြိမ် မဲခွဲနိုင်ဖို့ စီစဉ်နေတာလို့လည်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကလေးမွေးနှုန်း ကျဆင်းမှု ပြဿနာကို ဖြေရှင်းဖို့ နိုင်ငံခြားသူ အမျိုးသမီးတွေ များများ တင်သွင်းသင့်ကြောင်း တောင်ကိုရီးယား အရာရှိ တစ်ဦးရဲ့ စကားကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

သတင်း

ထိပ်သီးဆွေးနွေးပွဲ အပြီးမှာတော့ ဂျပန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်နှစ်ဦးဟာ အတူတွဲဖက်ပြီး ဒရမ်တီးခဲ့ကြပါတယ်။ ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိရဲ့ မွေးရပ်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ နာရာမှာ ဇန်နဝါရီ ၁၃ ရက်နေ့က ဧည့်သည်တော် တောင်ကိုရီးယား သမ္မတ လီဂျေမြောင်ကို လက်ခံ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။...

သတင်း

တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​ပေါင်း ၉၁ မြို့ရှိ

သတင်း

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ သူတို့ ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ ဒေသတွေကို စစ်အုပ်ချုပ်ရေး ကြေညာမှုဟာ သူတို့ရဲ့ ဂုဏ်သိက္ခာမဲ့မှုကိုရှင်းလင်းစွာ ဖော်ပြခြင်းသာဖြစ်ပြီး စစ်အုပ်စုရဲ့ ခြိမ်းခြောက်မှုတွေကို စောင့်ကြည့်နေမယ်လို့ အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။

Facebook