Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ နျူကလီးယား ကာကွယ်ရေး ထိပ်တန်းစစ်ဗိုလ်ချုပ် ဗုံးခွဲလုပ်ကြံခံရပြီး သေဆုံး

မော်စကို မြို့တော်မှာ ဗုံးခွဲတိုက်ခိုက် တစ်ခုကြောင့် ရုရှားရဲ့ ထိပ်တန်း ဗိုလ်ချုပ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

မော်စကို မြို့တော်မှာ ဗုံးခွဲတိုက်ခိုက် တစ်ခုကြောင့် ရုရှားရဲ့ ထိပ်တန်း ဗိုလ်ချုပ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး အီဂေါ် ကီရီလော့ဗ်ဟာ ရုရှားရဲ့ နျူကလီးယား၊ ဇီဝနဲ့ ဓာတုလက်နက်များ ကာကွယ်ရေးတပ် (NBC) အကြီးအကဲ ဖြစ်ပြီး ရုရှားစစ်တပ်မှာ အရေးအပါဆုံး စစ်ဦးစီး အရာရှိ တစ်ဦးလို့လည်း သတ်မှတ်နိုင်ပါတယ်။

သူဟာ ဒီဇင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းတုန်းက မော်စကိုမှာရှိတဲ့ လူနေတိုက်ခန်း တစ်ခုကနေ အထွက်၊ အနီးမှာရှိတဲ့ စကူတာထဲမှာ ဝှက်ပြီးထောင်ထားတဲ့ ဗုံးပေါက်ကွဲလို့ သေဆုံးသွားခဲ့တာလို့ ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက ပြောကြားခဲ့ပါတယ်။

အဲဒီဗုံးကို အဝေးထိန်း စနစ်နဲ့ ဖောက်ခွဲခဲ့တာလို့ ယုံကြည်ရပြီး ကီရီလော့ဗ်နဲ့အတူ သူ့ရဲ့ ကိုယ်ရေး အရာရှိပါ သေဆုံးခဲ့တယ်လို့ ရုရှား အစိုးရ သတင်းဌာန Tassက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းနဲ့ အနောက်မဟာမိတ် နိုင်ငံတွေက ကီရီလော့ဗ်ဟာ ယူကရိန်း စစ်ပွဲမှာ ဓာတုလက်နက်တွေ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲထားခဲ့ပါတယ်။ သူမသေဆုံးခင် ဇန်နဝါရီ ၁၆ ရက်နေ့မှာတင် ယူကရိန်း ထောက်လှမ်းရေး ဌာန SBUက ကီရီလော့ဗ်ကို တားမြစ် ဓာတုစစ်လက်နက်တွေ အသုံးပြုမှုအတွက် မျက်ကွယ်မှာ စွဲချက်တင်ခဲ့ပါတယ်။

SBUက ရုရှားတပ်တွေဟာ ကီရီလော့ဗ်ရဲ့ ညွှန်ကြားမှုအောက်မှာ ဓာတုလက်နက်တွေကို အကြိမ်ပေါင်း ၄၈၀၀ ထက်မနည်း အသုံးပြုပြီး ယူကရိန်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

အသက် ၅၄ နှစ်အရွယ် ကီရီလော့ဗ် လုပ်ကြံခံရမှုနဲ့ ပတ်သက်လို့ ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက ရာဇဝတ်ကြောင်းအရ အမှုဖွင့် စစ်ဆေးသွားမယ်လို့ ပြောကြားပါတယ်။ ကီရီလော့ဗ်နဲ့ ကိုယ်ရေး အရာရှိတို့ဟာ TNT ယမ်းပျော့ ၃၀၀ ဂရမ်လောက် အသုံးပြု ဖောက်ခွဲမှုကြောင့် သေဆုံးခဲ့တာလို့ ရုရှား စုံထောက်တွေက ယူဆထားပါတယ်။

ကီရီလော့ဗ်ရဲ့ သေဆုံးမှုဟာ ယူကရိန်းလက်ချက်နဲ့ ပတ်သက်နေသလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ SBUဟာ အရင်က ရုရှားရဲ့ အရာရှိတွေနဲ့ စစ်လက်နက် ပညာရှင်တွေကို ပစ်မှတ်ထား လုပ်ကြံတာတွေ ရှိခဲ့ဖူးပေမယ့် အခုကိစ္စအပေါ်မှာတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

မေလတုန်းက ရုရှားတပ်တွေဟာ ယူကရိန်း စစ်မြေပြင်မှာ ဓာတုလက်နက်တွေကို သုံးစွဲခဲ့တယ်လို့ အမေရိကန်က စွပ်စွဲခဲ့ဖူးပြီး နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေကို အတိအလင်း ချိုးဖောက်မှုအဖြစ် ရှုတ်ချခဲ့ပါတယ်။

ယူကရိန်း စစ်တပ်ကလည်း ရုရှား ဓာတုလက်နက် အဆိပ်သင့်မှု လက္ခဏာတွေနဲ့ ဆေးရုံတက်ရတဲ့ ယူကရိန်း တပ်ဖွဲ့ဝင် ၂၀၀၀ ကျော်ရှိခဲ့ပြီး ၃ ဦး သေဆုံးခဲ့တယ်လို့ ပြောကြားဖူးပါတယ်။

ရုရှားကတော့ ယူကရိန်း စစ်ပွဲမှာ ဓာတုလက်နက် သုံးစွဲတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြေ လုံးဝမရှိဘူးလို့ တုံ့ပြန် ငြင်းဆိုထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။