Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တစ်နိုင်ငံလုံးက လေကြောင်းပို့ဆောင်ရေး စနစ်တွေကို လုံခြုံရေး စစ်ဆေးဖို့ တောင်ကိုရီးယား ယာယီ သမ္မတ ညွှန်ကြား

နိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး လေကြောင်း မတော်တဆမှုကြီးနဲ့ ကြုံအပြီး တောင်ကိုရီးယား ယာယီ သမ္မတ ချွိုင်ဆန်မော့ခ်က တစ်နိုင်ငံလုံးရဲ့ လေကြောင်းပို့ဆောင်ရေး စနစ်တွေမှာ အရေးပေါ် လုံခြုံရေး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ အမိန့်ပေးလိုက်ပါတယ်။

နိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး လေကြောင်း မတော်တဆမှုကြီးနဲ့ ကြုံအပြီး တောင်ကိုရီးယား ယာယီ သမ္မတ ချွိုင်ဆန်မော့ခ်က တစ်နိုင်ငံလုံးရဲ့ လေကြောင်းပို့ဆောင်ရေး စနစ်တွေမှာ အရေးပေါ် လုံခြုံရေး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ အမိန့်ပေးလိုက်ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့က မူအန် နိုင်ငံတကာ လေဆိပ်မှာ အရေးပေါ် ဆင်းသက်ရင်း ဂျယ်ဂျူ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ဟာ ပြေးလမ်းအဆုံးက နံရံကို ဝင်တိုက်ပြီး မီးလောင်ခဲ့တာကြောင့် လူ ၁၇၉ ဦး သေဆုံးပြီး ၂ ဦးသာ အသက်ရှင်ခဲ့ပါတယ်။ ဒါဟာ တောင်ကိုရီးယား နိုင်ငံသမိုင်းမှာ အသေအပျောက် အများဆုံး လေကြောင်း မတော်တဆမှုအဖြစ် မှတ်တမ်းဆိုး တွင်ကျန်စေခဲ့ပါတယ်။

လေယာဉ်ဟာ ဘီးချလို့ မရတဲ့ အခြေအနေကြောင့် ပြေးလမ်းပေါ်မှာ ဝမ်းဗိုက်နဲ့ ရှပ်ဆင်းဖို့ ကြိုးစားရင်း အခြေအနေဆိုး ကြုံခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို တိတိကျကျ မကြေညာသေးပေမယ့် ငှက်အုပ်နဲ့ တိုက်မိရာက လေယာဉ်ရဲ့ စနစ်တွေ ချွတ်ယွင်းမှု ကြုံခဲ့တာ ဖြစ်နိုင်ကြောင်း မီဒီယာတွေက ဖော်ပြထားခဲ့ပါတယ်။

လက်ရှိ အခြေအနေမှာတော့ ဦးစားပေး လုပ်ဆောင်ရမှာက သေဆုံးသူတွေ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားနိုင်ဖို့၊ မိသားစုဝင်တွေကို နှစ်သိမ့်ကူညီပေးဖို့၊ အသက်ရှင် ကျန်ရစ်သူတွေကို စောင့်ရှောက် ကုသပေးဖို့ ဖြစ်တယ်လို့ ချွိုင်က ဆိုးလ်မြို့တော်မှာ ပြုလုပ်တဲ့ အစည်းအဝေး တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ဆုံးအဆင့် တရားဝင် စစ်ဆေးအတည်ပြုချက်တွေ ထွက်ပေါ် မလာသေးခင်မှာ ကတည်းက စုံစမ်းသိရှိပြီးသလောက် အကြောင်းအရာတွေကို ကျန်ရစ်သူ မိသားစုတွေဆီ အချိန်နဲ့ တပြေးညီ ပေးပို့နေဖို့ လိုအပ်ကြောင်း၊ လေယာဉ်ပျက်ကျတဲ့ နေရာမှာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြီးဆုံးပြီ ဆိုတာနဲ့ ပို့ဆောင်ရေး ဝန်ကြီးဌာနဟာ လေကြောင်းလိုင်း အားလုံးရဲ့ စနစ်တွေကို အရေးပေါ် လုံခြုံရေး စစ်ဆေးမှုတွေ လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ဒါမှသာ အလားတူ ဆိုးရွားတဲ့ မတော်တဆမှုတွေကို တားဆီးနိုင်မှာဖြစ်ကြောင်း ချွိုင်က ဆိုပါတယ်။

တောင်ကိုရီးယားမှာ သမ္မတ ယွန်ဆွတ်ခ်ယောနဲ့ ဝန်ကြီးချုပ် ဟန်ဒက်ခ်ဆူတို့ဟာ သမ္မတယွန်ရဲ့ စစ်အုပ်ချုပ်ရေး အရေးပေါ် ကြေညာအမိန့်နဲ့ ဆက်စပ်လို့ လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုကို ခံရပြီး ရာထူးကနေ ဆိုင်းငံ့ခံထားရတာကြောင့် စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး ချွိုင်က ယာယီ သမ္မတနဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတာ ဖြစ်ပါတယ်။

ဂျယ်ဂျူ လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် 7C2216 လေယာဉ်ဟာ ခရီးသည် ၁၇၅ ဦးနဲ့ အမှုထမ်း ၆ ဦးကို တင်ဆောင်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ကနေ ပျံသန်းထွက်ခွာလာတဲ့နောက် မူအန်ကို ဆင်းဖို့ ကြိုးစားရင်း ဖြစ်ရပ်ဆိုး ကြုံခဲ့တာပါ။ မူလက ခရီးသည်တစ်ဦးနဲ့ အမှုထမ်းတစ်ဦး အသက်ရှင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့် အခုအခါမှာတော့ အသက်ရှင်သူ နှစ်ဦးစလုံးဟာ လေယာဉ် အမှုထမ်းတွေလို့ အတည်ပြုထားပါတယ်။

အာဏာပိုင်တွေက လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို အတိအကျ မကြေညာသေးပေမယ့် ငှက်အုပ်နဲ့ တိုက်မိတာ၊ ရာသီဥတု ဆိုးရွားတာတွေက ဖြစ်နိုင်ခြေ ညွှန်ကိန်းတွေ ဖြစ်တယ်လို့ မှတ်ချက်ပေးထားပါတယ်။

ပညာရှင်တွေကတော့ လေယာဉ်ဟာ ဆင်းသက်လာချိန်မှာ ဘာကြောင့် အရမ်းအရှိန်များနေသလဲ၊ လေယာဉ်ဘီးတွေ ဘာကြောင့် ချမရသလဲစတဲ့ မေးခွန်းတွေ အများအပြား ရှိနေဆဲလို့ သုံးသပ်ထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယား သမ္မတကို စွပ်စွဲပြစ်တင်မှု နောက်ဆက်တွဲ တရားခွင် ပထမဆုံး ရုံးချိန်းဟာ သမ္မတက မတက်ရောက်တာကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။

နိုင်ငံတကာ

အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့တဲ့ ကိစ္စကို အကြောင်းပြုပြီး လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုကို ခံရတာကြောင့် လောလောဆယ် ရာထူးကနေ ဆိုင်းငံ့ ခံထားရပေမယ့် တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ လုပ်ခလစာ တိုးမြှင့်ခံစားခွင့် ရရှိသွားပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား နိုင်ငံ၊ ဆောင်နမ်မြို့မှာ စီးပွားရေး လုပ်ငန်းတွေ ရုံးစိုက်ရာ အဆောက်အအုံကြီးတစ်ခု မီးအပြင်းအထန် လောင်ကျွမ်းခဲ့တာကြောင့် လူပေါင်း ရာဂဏန်းလောက်ကို အရေးပေါ် ကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

နိုင်ငံတကာ

ပျက်ကျခဲ့တဲ့ ဂျယ်ဂျူ လေကြောင်း ခရီးသည်တင် လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းဆိုင်ရာ ကိရိယာ black boxတွေကနေ ကနဦး ရရှိထားတဲ့ အချက်အလက်တွေကို အမေရိကန်ဆီ ပို့ဆောင်ပြီး စုံစမ်း စစ်ဆေးစေမယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။