Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားမှာ သမ္မတကို ဖမ်းဆီးဖို့ အားထုတ်နေတာကို မြောက်ကိုရီးယားက လှောင်ပြောင်

တောင်ကိုရီးယားမှာ သမ္မတကို ဖမ်းဆီးဖို့ အားထုတ်ပြီး အရှုပ်အထွေး ဖြစ်နေတဲ့အပေါ် မြောက်ကိုရီးယားက လှောင်ပြောင်သွားခဲ့ပါတယ်။

တောင်ကိုရီးယားမှာ သမ္မတကို ဖမ်းဆီးဖို့ အားထုတ်ပြီး အရှုပ်အထွေး ဖြစ်နေတဲ့အပေါ် မြောက်ကိုရီးယားက လှောင်ပြောင်သွားခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ ဒီဇင်ဘာလဆန်းတုန်းက အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန် ကြေညာခဲ့တဲ့ ဖြစ်စဉ် နောက်ဆက်တွဲအဖြစ် လွှတ်တော်ရဲ့ စွပ်စွဲ ပြစ်တင်မှုကို ခံရပြီး ရာထူးကနေ ဆိုင်းငံ့ ခံထားရပါတယ်။ သူဟာ ဆိုးလ်မြို့တော်က သမ္မတ အိမ်တော်မှာ ဆက်ရှိနေပြီး လတ်တလောမှာတော့ စုံစမ်းစစ်ဆေးမှုတွေ ခံယူဖို့ ဆိုးလ်တရားရုံး တစ်ခုက သမ္မတကို ဖမ်းဝရမ်း ထုတ်ထားပါတယ်။ ဒါဟာ တောင်ကိုရီးယား သမိုင်းမှာ လက်ရှိ သမ္မတက ဖမ်းဝရမ်း ထုတ်ခံရတဲ့ ပထမဆုံးအကြိမ် ဖြစ်လာပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့မှာတော့ စုံထောက် အရာရှိတွေက သမ္မတ အိမ်တော်ထဲမှာ ယွန်ကို ဝင်ရောက် ဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့် ယွန်ကို ထောက်ခံသူတွေနဲ့ တချို့ လွှတ်တော် အမတ်တွေ၊ နိုင်ငံရေးသမားတွေက ကြားဝင်ဟန့်တားခဲ့တာကြောင့် အခြေအနေတွေ ရှုပ်ထွေးကုန်ပါတယ်။ နာရီတွေနဲ့ချီ ကြာမြင့်ပြီးတဲ့ နောက်မှာတော့ စုံစမ်းစစ်ဆေးရေး အရာရှိတွေဟာ သမ္မတကို ဖမ်းဆီးဖို့ ကြိုးစားတာကို လက်လျှော့ထားလိုက်တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားမှာ ဖမ်းဝရမ်း တစ်ခု ထုတ်ထားရင် သက်တမ်းက ၇ ရက်ပဲခံပြီး ဒါကြောင့် ယွန်ကို ဇန်နဝါရီ ၆ ရက် မတိုင်ခင် ဖမ်းဆီးနိုင်ဖို့ လိုအပ်ပါတယ်။ အရင်ကလည်း ဖမ်းဝရမ်း ထုတ်ခံရတဲ့ လွှတ်တော် အမတ်တချို့ကို ထောက်ခံသူတွေက အခုလိုပဲ ကြားဝင် ကာကွယ်ပေးခဲ့တာကြောင့် ဖ မ်းဝရမ်းကို လက်တွေ့ အကောင်အထည် မဖော်နိုင်တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက တောင်ကိုရီးယားဟာ အရမ်း ကသောင်းကနင်း ဖြစ်နေပြီး နိုင်ငံရေးအရ အားနည်းဆုတ်ယုတ်နေတယ်လို့ ဇန်နဝါရီ ၃ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ အိမ်နီးချင်း ပြိုင်ဘက်နိုင်ငံရဲ့ နိုင်ငံရေး အရှုပ်အထွေးတွေနဲ့ ပတ်သက်ရင် အတော်လေး နှုတ်ဆိတ်နေခဲ့ပြီး မှတ်ချက်များများ မပေးခဲ့ပါဘူး။

ဒီဇင်ဘာ ၃ ရက်နေ့တုန်းက စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး ရုပ်သေး တောင်ကိုရီးယား နိုင်ငံမှာ သမ္မတကို စွပ်စွဲ ပြစ်တင်မှု ဖြစ်ခဲ့ကြောင်း၊ အခုအခါ သမ္မတကို ဖမ်းဝရမ်းပါ ထုတ်ထားပြီး အဲဒီ အခြေအနေတွေက နိုင်ငံကို အားနည်း ယိမ်းယိုင်မှုတွေ ဖြစ်လာစေလို နောက်ဆက်တွဲ လူမှုရေးနဲ့ နိုင်ငံရေး အကျပ်အတည်းတွေပါ ကသောင်းကနင်း ဖြစ်လာကြောင်း KCNAက ဆိုပါတယ်။

မြောက်ကိုရီးယား အစိုးရ မီဒီယာဟာ တောင်ကိုရီးယားကို အမေရိကန်ရဲ့ ရုပ်သေးဆိုတဲ့ အသုံးအနှုန်းမျိုးနဲ့ တိုက်ခိုက် ညွှန်းဆိုလေ့ ရှိပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့ မနက်ပိုင်း ကတည်းက အမှုစစ် အရာရှိတွေဟာ ယွန်ကို ဝင်ရောက် ဖမ်းဆီးဖို့ ကြိုးစားမှုမှာ ထောက်ခံသူတွေ၊ ယွန်ရဲ့ လုံခြုံရေး အရာရှိတွေရဲ့ ဟန့်တားမှုကြောင့် ရှေ့မတိုးသာဘဲ လက်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။ အတိုက်အခံ အမတ်တွေကတော့ ယွန်ကို အကာအကွယ် ပေးနေသူတွေပါ ဥပဒေကြောင်းအရ အရေးယူမှု စက်ကွင်းထဲ ရောက်လာနိုင်တယ်လို့ ခြိမ်းခြောက်ထားပါတယ်။ သမ္မတကို ဖမ်းဆီးဖို့ ကြိုးစားတာကို ဖမ်းဝရမ်း သက်တမ်း မကုန်ခင် နောက်တစ်ကြိမ် အကောင်အထည် ဖော်ဦးမလား ဆိုတာကိုတော့ မသိရသေးပါဘူး။

သူ့ကို ဖမ်းဝရမ်း ထုတ်ခဲ့တဲ့ အချိန်တုန်းက ယွန်က ဖမ်းဝရမ်းကို လိုက်လျော အလျှော့ပေးမှာ မဟုတ်ကြောင်းနဲ့ အဆုံးထိ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နောက်ပြီး ယွန်ဟာ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု ခံယူဖို့ ဆင့်ခေါ်မှုတွေကိုလည်း ဆက်တိုက် မျက်ကွယ်ပြုထားခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားမှာ တစ်ရက်ကြာ နေထိုင်ပြီးတဲ့နောက် တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ဇွန်လ ၉ ရက်နေ့မှာ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။