Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားမှာ ရှစ်ထပ် အဆောက်အအုံ မီးလောင်၊ လူပေါင်း ရာဂဏန်းကို အရေးပေါ် ကယ်ဆယ်ခဲ့ရ

တောင်ကိုရီးယား နိုင်ငံ၊ ဆောင်နမ်မြို့မှာ စီးပွားရေး လုပ်ငန်းတွေ ရုံးစိုက်ရာ အဆောက်အအုံကြီးတစ်ခု မီးအပြင်းအထန် လောင်ကျွမ်းခဲ့တာကြောင့် လူပေါင်း ရာဂဏန်းလောက်ကို အရေးပေါ် ကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

တောင်ကိုရီးယား နိုင်ငံ၊ ဆောင်နမ်မြို့မှာ စီးပွားရေး လုပ်ငန်းတွေ ရုံးစိုက်ရာ အဆောက်အအုံကြီးတစ်ခု မီးအပြင်းအထန် လောင်ကျွမ်းခဲ့တာကြောင့် လူပေါင်း ရာဂဏန်းလောက်ကို အရေးပေါ် ကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့က မီးလောင်ကျွမ်းမှုမှာ မီးကို ထိန်းချုပ် ငြှိမ်းသတ်ဖို့ မီးသတ်တပ်ဖွဲ့ဝင် ၂၆၀ ကျော်နဲ့ မီးသတ်ကား ၈၀ ကျော် အသုံးပြုခဲ့ရပါတယ်။ မီးဟာ တစ်နာရီခွဲလောက် လောင်ကျွမ်းချိန်အတွင်း အဆောက်အအုံ တစ်ခုလုံးနီးပါးကို ဝါးမျို ဖျက်ဆီးခဲ့ပြီးမှ ငြိမ်းသွားခဲ့ပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ ရှစ်ထပ် အဆောက်အအုံထဲက လူ ၂၄၀ ဝန်းကျင်ကို ကယ်ထုတ်နိုင်ခဲ့ပြီး နောက်ထပ် ၇၀ လောက်ကတော့ အကူအညီ မလိုဘဲ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ ကယ်ဆယ်လာသူ အများစုကို အဆောက်အအုံရဲ့ အမိုးပေါ်ကနေ ရွှေ့ပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။

မီးခိုးမွှန်ပြီး မွန်းကျပ်တာ အပါအဝင် အသေးစား ဒဏ်ရာရသူ ၂၈ ဦးရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူတော့ မရှိခဲ့ပါဘူး။ မီးလောင်မှုမှာ အသေအပျောက် မရှိဘူးလို့ ကနဦး ယူဆထားပေမယ့် အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့ ရုပ်အလောင်းတွေ ရှိနိုင်မလား ဆိုတာကို တာဝန်ရှိသူတွေက လိုက်လံ အတည်ပြု ရှာဖွေနေဆဲ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မီးလောင်မှု ဖြစ်ပွားတဲ့ တိုက်ရဲ့ အောက်ထပ်မှာ စားသောက်ဆိုင် ဖွင့်ထားသလို အပေါ်ထပ်တွေမှာလည်း ရုံးခန်းတွေ ရှိနေပါတယ်။ နောက်ပြီး ကလေးရေကူးသင်တန်းတွေ ဖွင့်လှစ်ထားရာ ရေကူးကန် တစ်ခုလည်း ရှိနေတာကြောင့် လူဝင်လူထွက် များပြားတဲ့ နေရာတစ်ခုပါ။

မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့က လူလုပ်တူးမြောင်း တစ်ခုထဲ ရောက်နေတဲ့ ငါးမန်းတစ်ကောင်ကို လူပေါင်း သိန်းနဲ့ချီပြီး လာရောက် ကြည့်ရှုနေကြပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားရဲ့ ပထမဆုံး ပြည်တွင်းဖြစ် တိုက်လေယာဉ်ဖြစ်တဲ့ KF-21 Boramaeရဲ့ ပထမဆုံး တစ်စီးကို အောင်အောင်မြင်မြင် ထုတ်လုပ်ပြီး လေတပ်ဆီ လွှဲအပ်ပေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

Facebook