Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖမ်းမိထားတဲ့ မြောက်ကိုရီးယား စစ်သားတွေနဲ့ သုံ့ပန်းချင်းလဲဖို့ ယူကရိန်း လိုလား

ဖမ်းဆီး ရမိထားတဲ့ မြောက်ကိုရီးယား စစ်သားတွေကို ရုရှားလက်ထဲက ယူကရိန်း သုံ့ပန်းတွေနဲ့ လဲလှယ်ဖို့ ဆန္ဒရှိကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကမ်းလှမ်းခဲ့ပါတယ်။

ဖမ်းဆီး ရမိထားတဲ့ မြောက်ကိုရီးယား စစ်သားတွေကို ရုရှားလက်ထဲက ယူကရိန်း သုံ့ပန်းတွေနဲ့ လဲလှယ်ဖို့ ဆန္ဒရှိကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကမ်းလှမ်းခဲ့ပါတယ်။

ယူကရိန်း စစ်တပ်က ရုရှားရဲ့ ကာ့စ်ခ်ဒေသမှာ ဖြစ်ပွားတဲ့ စစ်ပွဲတွေအတွင်း ရုရှားဖက်က ကူညီတိုက်ခိုက်ပေးနေတဲ့ မြောက်ကိုရီးယား စစ်သား နှစ်ယောက်ကို အရှင်ဖမ်းမိခဲ့ကြောင်း အတည်ပြုထားပါတယ်။ ဇီလန်စကီးက အဲဒီ မြောက်ကိုရီးယား စစ်သားတွေကို ယူကရိန်း သုံ့ပန်းတွေနဲ့ လဲလှယ်ဖို့ ဆန္ဒရှိသလို တကယ်လို့ မြောက်ကိုရီးယား စစ်သားတွေက နေရပ် မပြန်ချင်ဘူးဆိုရင် သူတို့ကို တခြားရွေးချယ်ခွင့်တွေ ဖန်တီးပေးသွားမယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

အဖမ်းခံထားရသူ မြောက်ကိုရီးယား စစ်သားတွေထဲက တစ်ယောက်က သူဟာ ရုရှားမှာ စစ်သင်တန်း တက်ဖို့သက်သက် ပို့ဆောင်ခံရတာလို့ အထက်အရာရှိတွေရဲ့ လိမ်လည် အသိပေးမှုကို ခံခဲ့ရကြောင်း စစ်ဆေးမေးမြန်းတဲ့ ယူကရိန်း အရာရှိတွေဆီ ထွက်ဆိုခဲ့တယ်လို့ ယူကရိန်း ထောက်လှမ်းရေးဌာန (SBU)က ကြေညာထားပါတယ်။ လက်တွေ့မှာတော့ အဲဒီ စစ်သားဟာ စစ်ရေး အတွေ့အကြုံ ပြည့်ဝနေတဲ့ ယူကရိန်းတပ်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ ရှေ့တန်းကိုပို့တာ ခံခဲ့ရပါတယ်။

အဲဒီ စစ်သားဟာ နာမည် အတုနဲ့ ထုတ်ပေးထားတဲ့ ရုရှား စစ်မှုထမ်းကတ် ကိုင်ဆောင်ထားပြီး နောက်ထပ် အဖမ်းခံရတဲ့ စစ်သားကတော့ စာရွက်စာတမ်း အထောက်အထား မရှိဘူးလို့ ဆိုပါတယ်။ ဒုတိယ စစ်သားဟာ မေးရိုးမှာ ဒဏ်ရာရထားလို့ စကားမပြောနိုင်ဘဲ မေးခွန်းတွေကို စာရေးပြီးပဲ ဖြေနိုင်တယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

SBUက အဲဒီ မြောက်ကိုရီးယား စစ်သား နှစ်ယော်ကကို ဇန်နဝါရီလ ၉ ရက်နေ့တုန်းက ဖမ်းဆီးရမိခဲ့တာလို့ ပြောပါတယ်။ သူတို့ကို စစ်ဆေးမေးမြန်းမှုမှာ တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေးဌာနက (NIS)က အကူအညီ ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ရုရှားဟာ ယူကရိန်းနဲ့ ဖြစ်ပွားတဲ့ စစ်ပွဲတွေအတွင်း မြောက်ကိုရီးယား တပ်တွေကို အသုံးပြုနေကြောင်း စွပ်စွဲချက်တွေကို ငြင်းဆန်မထားပါဘူး။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အဲဒီ မြောက်ကိုရီးယား တပ်တွေကို ဘယ်နေရာ၊ ဘယ်ဒေသမှာ ဖြန့်ကျက်မလဲ ဆိုတာဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံဖြစ်တဲ့ ရုရှားရဲ့ ဆုံးဖြတ်ခွင့်လို့ အောက်တိုဘာလတုန်းက ပြောကြားထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ဇီလန်စကီးဟာ ဖမ်းဆီးရမိထားတဲ့ မြောက်ကိုရီးယား စစ်သားနှစ်ယောက်ရဲ့ ဓာတ်ပုံတွေကို ပြသခဲ့ပြီး တစ်ယောက်က ခေါင်းနဲ့ မေးရိုးတဝိုက်ကို ပတ်တီးစည်းထားတာ တွေ့ရပါတယ်။ နောက်တစ်ယောက်ကတော့ လက်နှစ်ဖက်စလုံးမှာ ပတ်တီးတွေ စည်းထားပါတယ်။

တောင်ကိုရီးယား ထောက်လှမ်းရေးဌာန NISကတော့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်စလို့ ရုရှားမှာ စတင်ဖြန့်ကျက်လာတဲ့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေထဲက အနည်းဆုံး ၃၀၀ လောက်သေဆုံးခဲ့ပြီး ၂၇၀၀ လောက် ထိခိုက်ဒဏ်ရာရထားတယ်လို့ ယုံကြည်ရကြောင်း မှတ်ချက်ပေးထားပါတယ်။

ကိုးကား BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။