Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရာထူးက ဆိုင်းငံ့ခံထားရပေမယ့် တောင်ကိုရီးယား သမ္မတ လစာတိုး

အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့တဲ့ ကိစ္စကို အကြောင်းပြုပြီး လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုကို ခံရတာကြောင့် လောလောဆယ် ရာထူးကနေ ဆိုင်းငံ့ ခံထားရပေမယ့် တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ လုပ်ခလစာ တိုးမြှင့်ခံစားခွင့် ရရှိသွားပါတယ်။

အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့တဲ့ ကိစ္စကို အကြောင်းပြုပြီး လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုကို ခံရတာကြောင့် လောလောဆယ် ရာထူးကနေ ဆိုင်းငံ့ ခံထားရပေမယ့် တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ လုပ်ခလစာ တိုးမြှင့်ခံစားခွင့် ရရှိသွားပါတယ်။

သတ်မှတ်စည်းမျဉ်းတွေအရ ယွန်ဟာ နှစ်ကုန် လစာတိုးမှု ၃ ရာခိုင်နှုန်း ခံစားခွင့် ရရှိခဲ့ပြီး သူ့ရဲ့ တစ်နှစ်လုပ်ခဟာ ဝမ် ၂၆၂.၆ သန်း၊ တစ်နည်းအားဖြင့် ဒေါ်လာ ၁၇၉၀၀၀ လောက်ထိ ရှိလာကြောင်း သိရပါတယ်။

ယွန်ဟာ ဒီဇင်ဘာ ၃ ရက်နေ့တုန်းက သက်တမ်း ၆ နာရီကျော်သာ ကြာမြင့်ပြီး ရုပ်သိမ်းခဲ့ရတဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို ကြေညာခဲ့မှုအတွက် လွှတ်တော်မှာ မဲခွဲပြီး စွပ်စွဲပြစ်တင်မှုကို ခံခဲ့ရသလို လောလောဆယ် ရာထူးကနေ ဆိုင်းငံ့ ခံထားရပါတယ်။ ဒါပေမဲ့ သူဟာ တောင်ကိုရီးယားရဲ့ တရားဝင် သမ္မတ ဖြစ်နေသေးတာကြောင့် သတ်မှတ်စည်းမျဉ်းတွေနဲ့အညီ လစာတိုး ရရှိခဲ့တာ ဖြစ်ပါတယ်။

ယွန်ကို ရာထူးကနေ ဖယ်ရှားတဲ့ အဆင့်ထိ အရေးယူဖို့ ဆိုတာကတော့ တောင်ကိုရီးယား အခြေခံ ဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို လိုအပ်ပါတယ်။ သူ့ကို အာဏာ အလွဲသုံးစားမှု၊ ပုန်ကန်မှု စွပ်စွဲချက်တွေနဲ့ ဖမ်းဝရမ်း ထုတ်တာကို ယွန်က ဖီဆန်ခဲ့သလို စုံစမ်းစစ်ဆေးမှု ခံယူဖို့ ဆင့်ခေါ်တာတွေကိုလည်း အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ယွန်ရဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ့် တရားခွင် ပထမဆုံး ရုံးချိန်းကို ဇန်နဝါရီ ၁၄ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပေမယ့်လည်း လုံခြုံရေး ရှုထောင့်က စိုးရိမ်စရာတွေ ရှိနေတာကြောင့် သမ္မတက တက်ရောက်မှာ မဟုတ်ကြောင်း သူ့ရဲ့ ရှေ့နေက ပြောကြားထားပါတယ်။

ယွန်က စစ်အုပ်ချုပ်ရေး အမိန့် ကြေညာခဲ့တာဟာ ပြည်ဖျက် အင်အားစုတွေက လွှတ်တော်ကို စိမ့်ဝင်ပြီး အစိုးရရဲ့ တိုင်းကျိုးပြည်ပြု လုပ်ငန်းတွေကို နှောင့်ယှက်နေတဲ့အပေါ် တန်ပြန်တဲ့ အစီအစဉ် တစ်ရပ်လို့ ပြောကြားခဲ့ပေမယ့် လေ့လာသူတွေကတော့ လွှတ်တော်ကို အတိုက်အခံတွေ ထိန်းချုပ်ထားပြီး အစိုးရရဲ့ အစီအမံတွေ အကောင်အထည်ဖော်ဖို့ ခက်ခဲသွားတာကို ယွန်က လွန်ကဲတဲ့ နည်းလမ်းနဲ့ တုံ့ပြန်ခဲ့တာသာ ဖြစ်ကြောင်း မှတ်ချက်ပေးထားကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့က လူလုပ်တူးမြောင်း တစ်ခုထဲ ရောက်နေတဲ့ ငါးမန်းတစ်ကောင်ကို လူပေါင်း သိန်းနဲ့ချီပြီး လာရောက် ကြည့်ရှုနေကြပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားရဲ့ ပထမဆုံး ပြည်တွင်းဖြစ် တိုက်လေယာဉ်ဖြစ်တဲ့ KF-21 Boramaeရဲ့ ပထမဆုံး တစ်စီးကို အောင်အောင်မြင်မြင် ထုတ်လုပ်ပြီး လေတပ်ဆီ လွှဲအပ်ပေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

Facebook