Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားမှာ ခရီးသည်တင်လေယာဉ် မီးလောင်၊ ခရီးသည်နဲ့ အမှုထမ်းအားလုံး အသက်ရှင်လွတ်မြောက်

တောင်ကိုရီးယားမှာ ခရီးသည်တင် လေယာဉ်တစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပေမယ့် ခရီးသည်တွေရော၊ အမှုထမ်းတွေ အားလုံးကိုပါ အချိန်မီ ဘေးကင်းကင်းနဲ့ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။

တောင်ကိုရီးယားမှာ ခရီးသည်တင် လေယာဉ်တစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပေမယ့် ခရီးသည်တွေရော၊ အမှုထမ်းတွေ အားလုံးကိုပါ အချိန်မီ ဘေးကင်းကင်းနဲ့ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။

ဘူဆန် လေကြောင်းလိုင်းရဲ့ Airbus A321 အမျိုးအစား ခရီးသည်တင် လေယာဉ်ဟာ ဘူဆန်မှာရှိတဲ့ ဂင်မ်ဟေး နိုင်ငံတကာ လေဆိပ်မှာ ဇန်နဝါရီ ၂၈ ရက်နေ့ ညပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တာပါ။

လေယာဉ်ဟာ ဟောင်ကောင်ဆီ ပျံသန်းမယ့် ခရီးစဉ်အတွက် ပျံမတက်သေးခင် အမြီးပိုင်း နေရာကနေ မီးစလောင်ခဲ့တာ ဖြစ်ပြီး ကိုယ်ထည်အနှံကို မြန်မြန်ဆန်ဆန် ပျံ့နှံ ကူးစက်သွားခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ ရှိနေတဲ့ ခရီးသည် ၁၆၉ ဦးနဲ့ အမှုထမ်း ၇ ဦးကို အချိန်မီ ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး အဲဒီထဲက ၁ ဦးသာ အသေးစား ဒဏ်ရာတချို ရရှိခဲ့ပြီး ဆေးရုံပိုဆောင်ပေးထားတယ်လို ယွန်ဟပ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်မီးလောင်မှုရဲ့ အကြောင်းရင်းကို မသိရသေးသလို လေကြောင်းလိုင်း အာဏာပိုင်တွေကလည်း လတ်တလော ဘာမှတ်ချက်မှ မပေးသေးပါဘူး။

တောင်ကိုရီးယား နိုင်ငံသမိုင်းမှာ အဆိုးဆုံး လေကြောင်း မတော်တဆမှုကြီးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဂျယ်ဂျူ လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် ပျက်ကျပြီး ပေါက်ကွဲမီးလောင်တဲ့ ဖြစ်ရပ်အပြီး တစ်လအကြာမှာ အခုဖြစ်စဉ် ကြုံတွေ့လာခဲ့တာပါ။ ဒီဇင်ဘာ ၂၉ ရက်နေ့တုန်းက ဂျယ်ဂျူလေကြောင်းလိုင်းရဲ့ လေယာဉ်ဟာ ဘီးချလို မရတဲ့ အခြေအနေနဲ့ အရေးပေါ် ဆင်းသက်ရင်း ပြေးလမ်းအဆုံးက ကွန်ကရစ် အတားအဆီး နံရံကို အရှိန်နဲ့ ဝင်တိုက်ခဲ့တာကြောင့် မီးလောင်ကျွမ်းပြီး ၁၇၉ ဦးသေ၊ ၂ ဦးသာ အသက်ရှင်ခဲ့ပါတယ်။

ဘူဆန် လေကြောင်းလိုင်းဟာ တောင်ကိုရီးယားရဲ့ Asiana လေကြောင်းလိုင်း လက်အောက်ခံ ဘတ်ဂျတ် လေကြောင်းလိုင်း တစ်ခုဖြစ်ပါတယ်။ ဘူဆန်လေကြောင်းလိုင်းရဲ့ လေယာဉ် အားလုံးဟာ Airbus ကုမ္ပဏီက ထုတ်လုပ်ထားတာပါ။ Airbusကတော့ ဘူဆန်မှာ လေယာဉ်မီးလောင်တဲ့ သတင်းကို သိရှိထားပြီး လေကြောင်းလိုင်းဆီက ဆက်သွယ်မှုကို စောင့်ဆိုင်းနေကြောင်း ကနဦး ပြောကြားထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ