Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းနဲ့ တိုက်ခိုက်နေတဲ့ မြောက်ကိုရီးယားတပ်တွေ ဆုတ်ခွာသွားတယ်လို့ဆို

ရုရှားတပ်တွေကို ကူညီပေးပြီး ယူကရိန်းကို တိုက်ခိုက်နေတဲ့ မြောက်ကိုရီးယား စစ်သားတွေထဲက အတော်များများ ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

ရုရှားတပ်တွေကို ကူညီပေးပြီး ယူကရိန်းကို တိုက်ခိုက်နေတဲ့ မြောက်ကိုရီးယား စစ်သားတွေထဲက အတော်များများ ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဲဒီ မြောက်ကိုရီးယား စစ်သားတွေဟာ ယူကရိန်း နယ်စပ်နားက ရုရှားပိုင် ကက်စ်ခ်ဒေသထဲမှာ ယူကရိန်းတပ်တွေနဲ့ စစ်ခင်း တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။ စစ်မြေပြင်မှာ မြောက်ကိုရီးယား စစ်သားတွေ သေဆုံးမှုကို အတည်ပြုဖို့ DNA စစ်ဆေး ရယူတဲ့ တာဝန် ယူထားတဲ့ ယူကရိန်း အထူးတပ်ဖွဲ့ တပ်မှူးတစ်ယောက်က မြောက်ကိုရီးယား စစ်သားတွေ ကက်စ်ခ်ကနေ ရုတ်တရက် ဆုတ်ခွာသွားမှုကို အတည်ပြုခဲ့ပါတယ်။

အဲဒီလိုမျိုး မြောက်ကိုရီးယား စစ်သားတွေ ရုတ်တရက် ဆုတ်ခွာကုန်ကြတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် စစ်မြေပြင် ထိခိုက်ကျဆုံးမှုတွေ ဆိုးရွား ပြင်းထန်လို့ ဖြစ်နိုင်ကြောင်း ယူကရိန်း အထူးတပ်ဖွဲ့ရဲ့ တပ်မှူး ဗိုလ်မှူးကြီး အိုလက်ဇန္ဒာ ကင်ဒရက်တန်ကိုက ပြောပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကာ့စ်ခ်မှာ ဖြန့်ကျက်ထားတဲ့ မြောက်ကိုရီးယား စစ်သား ၁၁၀၀၀ ဝန်းကျင်ထဲက သုံးပုံတစ်ပုံလောက်ထိ သေဆုံး၊ ဒဏ်ရာရခဲ့ကြပြီး ဖြစ်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကင်ဒရက်တန်ကိုကတော့ မြောက်ကိုရီးယားတပ်တွေ ရှေ့တန်းကနေ ဆုတ်ခွာသွားတာဟာ ယာယီ ဖြစ်နိုင်သလို တပ်အင်အား ဖြည့်တင်းပြီး ပြန်ရောက်လာနိုင်ခြေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။

ယူကရိန်း စစ်တပ်က မြောက်ကိုရီးယား တပ်ဖွဲ့တွေဟာ လေကြောင်းကနေ တိုက်ခိုက်လာနိုင်ခြေ အန္တရာယ်တွေနဲ့ ပတ်သက်ရင် နိုးကြားသတိရှိမှု အားနည်းတာကြောင့် အဓိက သေဆုံးကြကြောင်း၊ တချို့ မြောက်ကိုရီးယား စစ်သားတွေဟာ အဖမ်းမခံရဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြပြီး ဒါဟာ သူတို့ကို အစွန်းရောက် မူဝါဒရေးရာ ရိုက်သွင်းထားမှုတွေ ရှိတယ်ဆိုတာ မြင်သာစေကြောင်း မှတ်ချက်ပေးထားပါတယ်။

မြောက်ကိုရီးယား စစ်သားတွေဟာ ဒုတိယ ကမ္ဘာစစ်တုန်းက မြင်ကွင်းမျိုးဆန်ဆန် အယောက် ၆၀ လောက် စုဝေးနေတတ်ပြီး ယူကရိန်း တပ်တွေအတွက် လွယ်ကူတဲ့ ပစ်မှတ်မျိုး ဖြစ်နေတတ်တယ်လို့လည်း ကင်ဒရက်တန်ကိုက ဆက်ပြောခဲ့ပါတယ်။

လက်ရှိ ယူကရိန်း စစ်မြေပြင်မှာတော့ ရုရှားတပ်တွေဟာ ယူကရိန်း အရှေ့ပိုင်း ဧရိယာတွေမှာ အသာစီး အခြေအနေ ရယူပြီး တဖြည်းဖြည်းချင်း ရှေ့တိုး ချီတက်လာနေကြောင်း သိရပါတယ်။

ကိုးကား: Indepedent

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက မဟာဗျူဟာအရ အထူးအရေးကြီးတဲ့ မြို့တစ်မြို့နားမှာ ရုရှားတပ်တွေ စုဝေးနေတဲ့နောက် ယူကရိန်းရဲ့ ဒေသတွင်း ထိန်းချုပ်နယ်မြေတွေ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။