Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပင်တဂွန်ထက် ၁၀ ဆကြီးတဲ့ စစ်ရေးကွပ်ကဲမှု ဌာနတစ်ခုကို တရုတ်တည်ဆောက်နေ

တရုတ်ဟာ စစ်ဖြစ်နေတဲ့ ကာလတွေမှာ တိုက်ရိုက် အမိန့်ပေး ညွှန်ကြားဖို့ ရည်ရွယ်ထားတဲ့ ဧရာမ စစ်ရေးကွပ်ကဲမှု ဌာနကြီး တစ်ခုကို ဘေဂျင်းမြို့တော်မှာ တည်ဆောက်နေကြောင်း အမေရိကန် ထောက်လှမ်းရေးက ပြောပါတယ်။

တရုတ်ဟာ စစ်ဖြစ်နေတဲ့ ကာလတွေမှာ တိုက်ရိုက် အမိန့်ပေး ညွှန်ကြားဖို့ ရည်ရွယ်ထားတဲ့ ဧရာမ စစ်ရေးကွပ်ကဲမှု ဌာနကြီး တစ်ခုကို ဘေဂျင်းမြို့တော်မှာ တည်ဆောက်နေကြောင်း အမေရိကန် ထောက်လှမ်းရေးက ပြောပါတယ်။

အဲဒီ စစ်ရေးကွပ်ကဲမှု ဌာနချုပ် အသစ်ကို ဧက ၁၅၀၀ လောက် ကျယ်ဝန်းတဲ့ မြေပြင်မှာ တည်ဆောက်နေပြီး အဆောက်အအုံ အရွယ်အစားဟာ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ထက် ၁၀ ဆလောက် ပိုကြီးနိုင်တယ်လို့ ဆိုပါတယ်။ ပင်တဂွန် စစ်ဌာနချုပ် တည်ရှိရာ မြေပြင်ဟာ ၃၃.၈ ဧကပဲ ကျယ်ဝန်းပါတယ်။

တရုတ်က စစ်ကာလ ကွပ်ကဲရေး ဌာနချုပ်အသစ် တည်ဆောက်နေတယ်ဆိုတဲ့ သတင်း အချက်အလက်ကို ဇန်နဝါရီ ၃၀ ရက်နေ့တုန်းက အမေရိကန် ထောက်လှမ်းရေး အရာရှိ တချို့က Financial Timesနဲ့ အင်တာဗျူးမှာ ထုတ်ပြောခဲ့တာပါ။

အဲဒီ စစ်စခန်း အသစ်မှာ ခိုင်မာလှတဲ့ ခံတပ်စခန်းတွေပါ ပါဝင်ပြီး နျူကလီးယား တိုက်ခိုက်မှု အပါအဝင် စစ်ဖြစ်နေတဲ့ ကာလအတွင်း တရုတ် စစ်ဘက် ထိပ်တန်း အရာရှိတွေကို ကာကွယ်ပေးထားနိုင်ဖို့ စီမံထားကြောင်း အဲဒီ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် အမျိုးသား မြေမျက်နှာပြင် အချက်အလက် ထောက်လှမ်းရေး အေဂျင်စီမှာ မှတ်တမ်းဓာတ်ပုံတွေကို ဆန်းစစ်လေ့လာတဲ့ သုတေသန ပညာရှင်အဖြစ် တာဝန်ယူခဲ့သူ ရန်နီ ဘာဘီရက်ဇ်က အဲဒီ အခြေစိုက် စခန်းသစ်ထဲမှာ မြေအောက် အဆောက်အအုံတွေ တော်တော်များများ ပါဝင်ဖွယ်ရှိပြီး မြေအောက် ဥမင်တွေနဲ့ ချိတ်ဆက်ထားမယ်လို့ ယုံကြည်ရကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ ၂၀၂၄ နှစ်လယ်မှာ စတင်ခဲ့တယ်လို့ ယုံကြည်ရပြီး အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းမှာတော့ ဘေဂျင်း စစ်မြို့တော်လို့ ခေါ်ဝေါ်ကြကြောင်း Financial Timesရဲ့ သတင်းမှာ ဖော်ပြထားခဲ့ပါတယ်။

အဲဒီ မြေအောက် အဆောက်အအုံတွေဟာ သမ္မတ ရှီကျင့်ဖျင်နဲ့ စစ်တပ်ခေါင်းဆောင်တွေကို သမားရိုးကျ စစ်လက်နက်တွေအပြင် ခေတ်အမီဆုံး နျူကလီးယား တိုက်ခိုက်မှုတွေ ဒဏ်ကပါ ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ် ဆောက်လုပ်ထားတာလို့ ယုံကြည်ရကြောင်း စီအိုင်အေ ထောက်လှမ်းရေးဌာနရဲ့ တရုတ်ရေးရာ သုတေသနမှူးဟောင်း ဒန်းနစ် ဝိုင်လ်ဒါကလည်း ပြောပါတယ်။

Financial Timesဟာ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဝါရှင်တန် ဒီစီမှာရှိတဲ့ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးဆီ ဆက်သွယ် မှတ်ချက်တောင်းခဲ့ပေမယ့် သံရုံးကတော့ အသေးစိတ် ကိစ္စတွေကို သတိမပြုမိကြောင်း မယုတ်မလွန် တုံ့ပြန်ခဲ့ပါတယ်။ နောက်ပြီး တရုတ်အနေနဲ့ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ကာကွယ်ရေး မူဝါဒကိုပဲ လက်ကိုင်ပြုထားပြီး တရုတ်ရဲ့ စစ်ရေး အစီအမံ အများစုဟာလည်း ကာကွယ်ရေး အတွက်ပဲ အဓိက ရည်ရွယ်တယ်လို့ သံရုံးဖက်က ပြောကြားခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Financial Times

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

Facebook