Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားလိုလားတဲ့ ယူကရိန်း စစ်ခေါင်းဆောင် တစ်ဦး မော်စကိုက ပေါက်ကွဲမှုမှာ သေဆုံး

ရုရှားကို လိုလားတဲ့ ယူကရိန်း စစ်ခေါင်းဆောင် တစ်ဦးဟာ မော်စကိုမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုအတွင်း ဒဏ်ရာရခဲ့ပြီး ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

ရုရှားကို လိုလားတဲ့ ယူကရိန်း စစ်ခေါင်းဆောင် တစ်ဦးဟာ မော်စကိုမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုအတွင်း ဒဏ်ရာရခဲ့ပြီး ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့က အာဘတ် တပ်ရင်းရဲ့ ခေါင်းဆောင် အာမန် ဆားစ်ဂျန် သေဆုံးသွားတဲ့ သတင်းကို ရုရှားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ သူဦးဆောင်တဲ့ တပ်ရင်းဟာ ယူကရိန်း အရှေ့ပိုင်း နယ်မြေတွေမှာ အဓိက လှုပ်ရှားပြီး ရုရှားအတွက် အရန်တပ် တစ်ခုအဖြစ် ကူညီ တိုက်ခိုက်ပေးနေပါတယ်။

ဆားစ်ဂျန်ဟာ မော်စကို အနောက်မြောက်ပိုင်းက လူနေအဆောက်အအုံ တစ်ခုကနေ အပြင်ထွက်ခါနီး တံခါးဝနားမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တာလို့ ဆိုပါတယ်။ အဲဒီနေရာဟာ ကရင်မလင် နန်းတော်နဲ့ ၇ မိုင်သာ ဝေးပါတယ်။

သူ့ကို လူနာတင် ရဟတ်ယာဉ်ပေါ်တင်ပြီး ဆေးရုံကို အမြန်ဆုံး ရွှေ့ပြောင်းပေးခဲ့ပေမယ့် ဒဏ်ရာတွေ ပြင်းလွန်းတာကြောင့် သေဆုံးသွားခဲ့တယ်လို့ ရုရှားစစ်တပ်ကို ထောက်ခံတဲ့ Telegram channel တချို့မှာပါ ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှု အတွင်းမှာ ဆားစ်ဂျန်ရဲ့ သက်တော်စောင့် တချို့ပါ အပြင်းအထန် ဒဏ်ရာရခဲ့ပြီး အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သူတို့ထဲက တစ်ဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ယူကရိန်းဖက်ကတော့ လောလောဆယ် ဘာမှတ်ချက်ပေး တုံ့ပြန်တာမှ မရှိသေးဘဲ နှုတ်ဆိတ်နေပါတယ်။

ယူကရိန်း ထောက်လှမ်းရေးဌာန SBUက ဒုစရိုက်ခေါင်းဆောင် ဆားစ်ဂျန်ဟာ ယူကရိန်း စစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်ဖို့ အကျဉ်းထောင်တွေထဲ လှည့်လည်ပြီး ရာဇဝတ်သားတွေကို လူစုခဲ့တယ်လို့ သံသယရှိကြောင်း စွပ်စွဲ ဖော်ပြခဲ့ဖူးပါတယ်။

ဆားစ်ဂျန်ဟာ ပြည်ပြေး ယူကရိန်း သမ္မတဟောင်း ဗစ်တာ ယာနူကိုဗစ်ချ်ရဲ့ အတွင်းစည်း အသိုင်းအဝန်းထဲ ပါဝင်သူ တစ်ဦးဖြစ်တယ်လို့လည်း SBUက ပြောပါတယ်။

ဆားစ်ဂျန်ရဲ့ အာဘတ် တပ်ရင်းဟာ လက်ရှိမှာတော့ ယူကရိန်း တပ်တွေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ပြီး နယ်မြေတွေ သိမ်းပိုက်ထားရာ ရုရှားနိုင်ငံ အနောက်ပိုင်း၊ ကာ့စ်ခ်ဒေသက စစ်ဆင်ရေးတွေမှာ အဓိက လှုပ်ရှားနေတယ်လို့လည်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။