Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘောဒီးယားမှာ စစ်လက်ကျန် RPG ကျည်ဖူးဟောင်း ပေါက်ကွဲပြီး ၂ နှစ်အရွယ် ကလေးနှစ်ဦး သေဆုံး

သက်တမ်း ၂၅ နှစ်လောက် ရှိပြီလို့ ယုံကြည်ရတဲ့ စစ်လက်နက် ခဲယမ်းဟောင်း ပေါက်ကွဲမှုကြောင့် ကမ္ဘောဒီးယား နိုင်ငံမှာ အသက် ၂ နှစ်အရွယ် ကလေးငယ် နှစ်ဦး သေဆုံးခဲ့ကြရပါတယ်။

သက်တမ်း ၂၅ နှစ်လောက် ရှိပြီလို့ ယုံကြည်ရတဲ့ စစ်လက်နက် ခဲယမ်းဟောင်း ပေါက်ကွဲမှုကြောင့် ကမ္ဘောဒီးယား နိုင်ငံမှာ အသက် ၂ နှစ်အရွယ် ကလေးငယ် နှစ်ဦး သေဆုံးခဲ့ကြရပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့တုန်းက ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း၊ ဆီယန်ရပ် ပြည်နယ်ရဲ့ ဆာဗေလျူ ခရိုင်မှာ အဲဒီ ဖြစ်ရပ်ဆိုး ပေါ်ပေါက်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ကျေးလက်ဒေသက နေအိမ်နားမှာ ဆော့ကစားနေခဲ့ပြီး ဝမ်းကွဲ မောင်နှမ တော်စပ်တဲ့ ယောက်ျားလေးနဲ့ မိန်းကလေးငယ်တို့ဟာ ပခုံးထမ်း လောင်ချာ (RPG) ကျည်ဖူးဟောင်းလို့ ယူဆရတဲ့ ခဲယမ်းလက်နက် ပေါက်ကွဲမှုမှာ အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီ RPG ကျည်ဖူးဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေကနေ ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း ကမ္ဘောဒီးယား အစိုးရနဲ့ လက်နက်ကိုင် ပုန်ကန်တဲ့ အင်အားစုတွေကြား စစ်မက် ဖြစ်ပွားနေချိန်တွေအတွင်း ကြွင်းကျန်နေခဲ့တဲ့ ခဲယမ်းလက်နက် အဟောင်းတစ်ခုလို့ ယုံကြည်ရပါတယ်။

မူယိုလီဆာနဲ့ သွမ်ယန်းတို့ နှစ်ယောက်ဟာ ဝေးလံ ခေါင်သီတဲ့ ခရန်ဟွန်ရွာထဲမှာ နေထိုင်ပြီး မိဘတွေက လယ်လုပ်နေတဲ့အချိန် အိမ်နားမှာ ဆော့ကစားရင်း RPG ကျည်ဖူးဟောင်းနဲ့ ထိတွေ့မိရာက ထပေါက်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းတုန်းက မြေမြှုပ်မိုင်း ပေါက်ကွဲမှုလို့ ကနဦး ယူဆခဲ့ပေမယ့် ကမ္ဘောဒီးယား မိုင်းရှင်းပညာရှင်တွေက အစအနတွေကို စစ်ဆေးပြီးတဲ့နောက် RPG ကျည်ဖူးဟောင်း တစ်ခုလို့ အတည်ပြုခဲ့ပါတယ်။

အဲဒီရွာဟာ စစ်မြေပြင်ဟောင်း တစ်ခုဖြစ်ခဲ့ကြောင်း၊ ကလေးတွေရဲ့ မိဘတွေကတော့ အခြေချ နေထိုင်ဖို့ မြေတွေရှင်းလင်းချိန်မှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အဟောင်းတွေ ရှိနေမယ့် အလားအလာ မတွေ့ခဲ့ဘူးလို့ ပြောကြောင်း၊ ငယ်ရွယ်လှတဲ့ ကလေးတွေဟာ အခုလို ဖြစ်ရပ်ဆိုးနဲ့ သေဆုံးခဲ့ရတာက ကြေကွဲစရာ ကောင်းကြောင်း ကမ္ဘောဒီးယား မိုင်းရှင်းစင်တာ (CMAC)ရဲ့ ညွှန်ကြားရေးမှူးချုပ် ဟန်ရာတာနာက ပြောပါတယ်။

၁၉၇၀ ပြည့်နှစ်က စတင်ခဲ့ပြီး ၁၉၉၈ မှာ အဆုံးသတ်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကမ္ဘောဒီးယားရဲ့ ကျေးလက် ဧရိယာတွေမှာ ခန့်မှန်းခြေ အရေအတွက် ၄ သန်းနဲ့ ၆ သန်းကြားရှိတဲ့ မြေမြှုပ်မိုင်းတွေ၊ တခြား မပေါက်ကွဲသေးတဲ့ ခဲယမ်းမီးကျောက်တွေ ပျံ့နှံ့နေခဲ့ပါတယ်။ ကမ္ဘောဒီးယားမှာ စစ်ပွဲတွေ ချုပ်ငြိမ်းသွားတဲ့ နောက်ပိုင်းမှာလည်း စစ်လက်နက် အကြွင်းအကျန်တွေကြောင့် လူ ၂၀၀၀၀ နီးပါး သေဆုံးခဲ့ပြီး ၄၅၀၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမဲ့ စစ်လက်နက် မိုင်းနဲ့ ခဲယမ်းမီးကျောက်တွေကြောင့် မတော်တဆ သေဆုံးသူ အရေအတွက်ဟာ နှစ်အလိုက် လျော့နည်းလာခဲ့ပြီး ၂၀၂၄ တစ်နှစ်လုံးမှာ ၄၉ ဦး ရှိခဲ့ပါတယ်။

လဆန်းပိုင်းလောက်တုန်းက အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ ထောက်ပံ့ရေး အသုံးစရိတ် ဖြတ်တောက် လျှော့ချမှုတွေမှာ ကမ္ဘောဒီးယားရဲ့ ပြည်နယ် ၈ ခုထဲက မိုင်းရှင်းမှု လုပ်ငန်းတွေအတွက် ရန်ပုံငွေတွေပါ စာရင်းပါသွားခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ အမေရိကန် အစိုးရက ၂၀၂၂ မတ်လကနေ ၂၀၂၅ နိုဝင်ဘာလထိ ကမ္ဘောဒီးယားမှာ မိုင်းရှင်းမှုတွေ လုပ်ဆောင်ဖို့ သတ်မှတ်ထားတဲ့ ဒေါ်လာ ၆.၃၆ သန်းကို မူလ သဘောတူထားတဲ့အတိုင်း ဆက်လက် ထောက်ပံ့မယ်လို့ အသိပေးထားပြီးဖြစ်ကြောင်း ရာတာနာက ပြောကြားသွားပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က အထိုင်စခန်းချခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ကျေးရွာမှာ ဒီ နေ့ ဩဂုတ် ၂၀ ရက် မနက်ပိုင်းက စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးငယ် ၁၀ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး အချို့မှာ စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook