Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းနိုင်ငံနဲ့ နယ်စပ်နားက ကျားဖြန့်လုပ်ငန်း တစ်ခုကို ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ စီးနင်း၊ ဝန်ထမ်း ၂၁၅ ဦးကို ကယ်ဆယ်

ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ဟာ နယ်စပ်အခြေစိုက် ကျားဖြန့် ငွေလိမ်ဂိုဏ်း ဒုစရိုက် ကွန်ရက်တစ်ခုမှာ ခိုင်းစေခံထားရသူ နိုင်ငံခြားသား ၂၁၅ ဦးကို ကယ်ဆယ်ခဲ့ကြောင်း သိရပါတယ်။

ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ဟာ နယ်စပ်အခြေစိုက် ကျားဖြန့် ငွေလိမ်ဂိုဏ်း ဒုစရိုက် ကွန်ရက်တစ်ခုမှာ ခိုင်းစေခံထားရသူ နိုင်ငံခြားသား ၂၁၅ ဦးကို ကယ်ဆယ်ခဲ့ကြောင်း သိရပါတယ်။

ထိုင်းနဲ့ နယ်စပ်နားမှာရှိတဲ့ ပွိုက်ပက်မြို့က ကျားဖြန့်ဂိုဏ်းတွေ အခြေစိုက်ရာ နေရာအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဧရိယာ တစ်ခုကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ စီးနင်းခဲ့တဲ့နောက် ထိုင်းနိုင်ငံသား ၁၀၉ ယောက် အပါအဝင် နိုင်ငံခြားသားတွေကို ကယ်ဆယ်နိုင်ခဲ့တာလို့ ကမ္ဘောဒီးယား အစိုးရက ပြောပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ဟာ ကျားဖြန့် ဂိုဏ်းတွေကို ပိုပြီး ထိထိရောက်ရောက် ချေမှုန်းနိုင်ရေး ပူးပေါင်း ဆောင်ရွက်သွားကြဖို့ ညှိနှိုင်း သဘောတူခဲ့ပြီးတဲ့နောက် ပွိုင်ပက်မှာရှိတဲ့ သုံးထပ် အဆောက်အအုံကို ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ရဲ့ စီးနင်းမှု အကောင်အထည် ပေါ်လာတာပါ။

တရုတ် ဒုစရိုက်ဂိုဏ်း တချို့ဟာ အဲဒီအဆောက်အအုံကို ငှားရမ်းပြီး အွန်လိုင်းကနေ ငွေလိမ်တဲ့ ကျားဖြန့်လုပ်ငန်းတွေ၊ တရားမဝင် အွန်လိုင်း ကာစီနိုတွေ လည်ပတ်နေတယ်ဆိုတဲ့ သတင်းပေး တိုင်ကြားမှု တစ်ခုအရ စီးနင်း ရှာဖွေခဲ့တာလို့ အစိုးရ ပြောရေးဆိုခွင့် အရာရှိ ဂျီရာယူ ဟွန်ဆက်ဘ်က ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

အဆောက်အအုံ တည်ရှိတဲ့ မြေနေရာကို ဘန်တီယေ မန်ချေး ပြည်နယ် အစိုးရအဖွဲ့ရဲ့ အဆင့်မြင့် အရာရှိကြီး တစ်ဦး ပိုင်ဆိုင်ထားတာလို့လည်း သူက ဆိုပါတယ်။

ကယ်ထုတ်လာတဲ့ နိုင်ငံခြားသားတွေထဲမှာ အမျိုးသားရော၊ အမျိုးသမီးတွေပါ ပါဝင်ပြီး ထိုင်း ၁၀၉ ယောက်၊ ပါကစ္စတန် ၅၀၊ အိန္ဒိယ ၄၈ ယောက်၊ ထိုင်ဝမ် ၅ ယောက်နဲ့ အင်ဒိုနီးရှား ၃ ယောက်တို့ ပါဝင်တယ်လို့လည်း သိရပါတယ်။ ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ဟာ အဲဒီ၂၁၅ ယောက်ရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို စုံစမ်းမေးမြန်းနေပြီး ကျားဖြန့်ဂိုဏ်းတွေအတွက် ကိုယ့်သဘောနဲ့ကိုယ် ဝင်ရောက် အလုပ်လုပ်သူတွေ ပါမပါ ဆိုတာကို စိစစ်နေတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့ စစ်ဆင်ရေးဟာ နိုင်ငံပိုင်နက်ထဲမှာ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး ဖိအားပေး ခိုင်းစေခံရသူတွေကို စံချိန်တင် အရေအတွက် အများဆုံး ကယ်တင်နိုင်မှု ဖြစ်ခဲ့တယ်လို့ ကမ္ဘောဒီးယား လုံခြုံရေးနဲ့ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။

တစ်ဖက်မှာတော့ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေက တရုတ်နိုင်ငံသား ဝန်ထမ်း ၆၂၁ ဦးကို ထိုင်းနိုင်ငံကနေတဆင့် ဖေဖော်ဝါရီ ၂၀ ကနေ ၂၂ ရက်အတွင်း တရုတ်နိုင်ငံဆီ လေကြောင်းခရီးစဉ်တွေနဲ့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ် မြ၀တီမြို့နယ်၊ ဖလူး(မင်းလက်ပံ)ဒေသမှာDKBA(ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်)ရဲ့အကာအကွယ်အောက် လည်ပတ်နေတဲ့ကျားဖြန့်လုပ်ငန်း​တွေကို ကရင်အမျိုးသားအစည်းအရုံး(KNU) ကဖမ်းဆီးပြီး​နောက်ကျားဖြန့်လုပ်ကိုင်သူ ရာ​ပေါင်းများစွာဟာ​သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲ ဝင်ဖို့ကြိုးစားတာကို ထိုင်းလုံခြုံ​ရေးတပ်ဖွဲ့​တွေက ဝင်ခွင့်မပြုတဲ့အတွက်ရာ​ပေါင်းများစွာ​သောင်းရင်မြစ်ကမ်းတ​လျှောက်​​သောင်ပြင်မှာပိတ်မိ​နေကြပါတယ် ။

သတင်း

မြန်မာ အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းမှာ အခြေစိုက် လုပ်ငန်းလည်ပတ်နေတဲ့ ဆိုက်ဘာ ရာဇဝတ် ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေကို ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို အမေရိကန်က ကြေညာခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံကချင်းမိုင်တက္ကသိုလ် (CMU)မှာ တက်ရောက်နေတဲ့ ကျောင်းသား ၁၀ ယောက်ထိ တစ်နေ့တည်းနဲ့တင် ငွေကြေးလိမ်လည်တာ ခံခဲ့ရတယ်လို့ ချင်းမိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေမှာ ခိုင်းစေခံခဲ့ရတဲ့ တရုတ်နိုင်ငံသား ဝန်ထမ်းတွေကို လေကြောင်းကနေ တရုတ်နိုင်ငံဆီ ပြန်လည်ပို့ဆောင်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။