Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နှစ် ၂၀ ကျော်မှာ ပထမဆုံးအဖြစ် အစ္စရေး တင့်ကားတွေ အနောက်ဖက် ကမ်းခြေဒေသကို ဝင်ရောက်

ပါလက်စတိုင်း နယ်မြေ တစ်ခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသကို ဆယ်စုနှစ် နှစ်ခုကျော် ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် အစ္စရေး တင့်ကားတွေ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ပါလက်စတိုင်း နယ်မြေ တစ်ခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသကို ဆယ်စုနှစ် နှစ်ခုကျော် ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် အစ္စရေး တင့်ကားတွေ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အနောက်ဖက် ကမ်းခြေဒေသထဲက ပါလက်စတိုင်း ဒုက္ခသည် စခန်းတွေမှာ ခိုအောင်းနေတဲ့ အကြမ်းဖက်သမားတွေကို ရှာဖွေ နှိမ်နင်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အစ္စရေးက စစ်ဆင်ရေး လှုပ်ရှားမှုတွေ တောက်လျှောက် အရှိန်မြှင့်တင်လာခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာတော့ တင့်ကားတွေကိုပါ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ပါလက်စတိုင်း အာဏာပိုင်တွေက အနောက်ဖက် ကမ်းခြေဒေသမှာ အစ္စရေးရဲ့ ရန်လိုမှုတွေ ပိုမို ဆိုးရွားလာကြောင်း စွပ်စွဲခဲ့ပြီး အဲဒီ လုပ်ရပ်ကြောင့် ဒေသတွင်း တင်းမာမှုတွေကို မြင့်တက်လာစေနိုင်ကြောင်း ထောက်ပြထားခဲ့ပါတယ်။

ဂါဇာမှာ အပစ်အခတ် ရပ်စဲပြီး ၂ ရက်အကြာ၊ ဇန်နဝါရီ ၂၁ ရက်နေ့ကစလို့ အနောက်ဖက် ကမ်းခြေဒေသရဲ့ မြောက်ပိုင်းနယ်မြေတွေကို အဓိက ပစ်မှတ်ထားတဲ့ Operation Iron Wall စစ်ဆင်ရေးကို အစ္စရေးက အစပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တစ်လလောက်အကြာ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာတော့ အနောက်ဖက် ကမ်းခြေဒေသရဲ့ ဂျီနင်မြို့ထဲကို အစ္စရေး တင့်ကား တပ်စုတစ်ခု ဝင်ရောက် နေရာယူထားတယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က အတည်ပြု ပြောကြားခဲ့ပါတယ်။

အဲဒီ တင့်ကားတပ်စုဟာ ဂျီနင်မှာ အချိန်ကြာကြာ တပ်စွဲ နေရာယူထားဖွယ် ရှိကြောင်း၊ ဒုက္ခသည်တွေ ပြန်လာမှာနဲ့ လက်နက်ကိုင် သောင်းကျန်းမှုတွေ ပေါ်ပေါက်လာမှာကို တားဆီးဖို့ ရည်ရွယ် တပ်ဖြန့်ထားတာဖြစ်ကြောင်း ကတ်ဇ်က ဆိုပါတယ်။

အခုဆိုရင် ဂျီနင်၊ တူလ်ကမ်နဲ့ နျူရှမ်စ် ဒုက္ခသည် စခန်း ၃ ခုမှာ လူသူနေထိုင်မှု မရှိတော့ဘဲ ဒုက္ခသည် ၄၀၀၀၀ ဝန်းကျင်လောက်ကို ဖယ်ရှားထားကြောင်းလည်း ကတ်ဇ်က ပြောကြားသွားပါတယ်။

ဂျီနင်မြို့ ဒုက္ခသည် စခန်းကနေ ထွက်ခွာလာသူ တချို့ကတော့ အစ္စရေး စစ်သားတွေဟာ သူတို့ကို ရွှေ့ပြောင်း ထွက်ခွာဖို့ ဖိအားပေး ညွှန်ကြားခဲ့ပြီး ဘယ်အချိန် ပြန်ခွင့်ရမလဲ ဆိုတာကိုလည်း တိတိကျကျ အသိမပေးခဲ့ကြောင်း CNN သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လတုန်းက အစ္စရေးရဲ့ စစ်ဆင်ရေးတွေ စတင်ခဲ့တဲ့နောက် ဂျီနင်မှာ ၂၇ ယောက် အပါအဝင် အနောက်ဖက် ကမ်းခြေဒေသ တစ်ခုလုံးမှာ သေဆုံးသူ ၇၀ ထက်မနည်း ရှိခဲ့ပြီးဖြစ်ကြောင်း ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ အစ္စရေးတပ်တွေ စတင် ဝင်ရောက်ခဲ့တဲ့နောက်ပိုင်း အနောက်ဖက် ကမ်းခြေဒေသမှာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ တိုက်ပွဲငယ် တချို့ ဖြစ်ပွားခဲ့သလို အသေအပျောက်တွေ ရှိလာခဲ့တာပါ။

အခုအခါမှာတော့ အစ္စရေးဟာ ခြေလျင် တိုက်ခိုက်ရေး တပ်တွေသာ မကဘဲ တင့်ကားတွေကိုပါ အနောက်ဖက် ကမ်းခြေဒေသဆီ ပို့ဆောင်လာတဲ့ သဘောပါပဲ။ အနောက်ဖက် ကမ်းခြေဒေသမှာ အစ္စရေး တင့်ကားတွေကို နောက်ဆုံးအကြိမ် တွေ့ခဲ့ဖူးတာဟာ ၂၀၀၂ ခုနှစ်တုန်းကဖြစ်ပြီး အဲဒီတုန်းက Operation Defensive Shieldရဲ့ အစိတ်အပိုင်းအဖြစ် တင့်ကားတပ်တွေ ဝင်ရောက် နေရာယူခဲ့တာပါ။

ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ တင့်ကားတပ်တွေ တကျော့ပြန် ဝင်ရောက်ခြင်းနဲ့အတူ ဂျီနင် တဝိုက်က တခြားမြို့ငယ်တွေမှာပါ စစ်ဆင်ရေးတွေ အကောင်အထည် ဖော်နေတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အစ္စရေး စစ်တပ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဂျီနင်မြို့နဲ့ ပါလက်စတိုင်း ဒုက္ခသည် စခန်းတွေကို ရံဖန်ရံခါ ပစ်မှတ်ထား စီးနင်းမှုတွေ လုပ်ဆောင်နေခဲ့ပေမယ့် အမြဲတမ်း တပ်ဖြန့်ထားတာမျိုးတော့ မရှိခဲ့ပါဘူး။

အစ္စရေးဟာ ၁၉၆၇ ခုနှစ် စစ်ပွဲမှာ ဂျီနင်ကို သိမ်းပိုက်ခဲ့ပေမယ့်လည်း ၁၉၉၅ ခုနှစ်မှာ ပါလက်စတိုင်း အာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းတုန်းက ဂါဇာအခြေစိုက် ပါလက်စတိုင်း ပြောက်ကျားတပ်ဖွဲ့ ဟားမားစ်နဲ့ အစ္စရေး စစ်တပ်တို့ကြား စစ်ပွဲကြီး အစပြုခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ အစ္စရေးဟာ အနောက်ဖက် ကမ်းခြေဒေသထဲက လက်နက်ကိုင် အင်အားစုတွေကို ပစ်မှတ်ထား ဖြိုခွင်းတာတွေ ပိုမို အရှိန်မြှင့်လာခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ ပါလက်စတိုင်း အရပ်သားတွေပါ အများအပြား သေဆုံးမယ်ဆိုတာ သိလျက်နဲ့ အစ္စရေး စစ်တပ်က အသုံးပြုခဲ့တဲ့ တိုက်ခိုက်မှု နည်းလမ်းတွေအကြောင်း မှတ်တမ်းရုပ်ရှင်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း နယ်မြေဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသမှာ ဂျူးအခြေချ နေထိုင်သူတွေက တရားမဝင် ဆောက်လုပ်ထားတဲ့ စခန်းတွေကို ဖယ်ရှားဖို့ အစ္စရေး ဝန်ကြီးချုပ်က အမိန့်ပေးထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

Facebook