Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားမှာ ဆောက်လုပ်ဆဲ မိုးပျံတံတား ကျိုးကျ၊ အနည်းဆုံး ၄ ဦးသေ

တောင်ကိုရီးယား နိုင်ငံမှာ ဆောက်လုပ်ဆဲ မိုးပျံတံတားတစ်စင်း ကျိုးကျတဲ့ ဖြစ်စဉ်ကြောင့် ဆောက်လုပ်ရေး ဝန်ထမ်း ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

တောင်ကိုရီးယား နိုင်ငံမှာ ဆောက်လုပ်ဆဲ မိုးပျံတံတားတစ်စင်း ကျိုးကျတဲ့ ဖြစ်စဉ်ကြောင့် ဆောက်လုပ်ရေး ဝန်ထမ်း ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဆိုးလ်မြို့တော်ရဲ့ တောင်ဖက်၊ ချိုနန်ဒေသမှာ ကားလမ်း တစ်ခုပေါ်ကနေ သွယ်တန်း ဖောက်လုပ်ဖို့ တည်ဆောက်နေတဲ့ မိုးပျံတံတား အပိုင်းလိုက် ကျိုးကျခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အချိန်ထိ အသေအပျောက် ၄ ဦး စာရင်းရထားပြီး ၅ ယောက်က အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ တရုတ်နိုင်ငံသား ၂ ဦးလည်း ပါဝင်ခဲ့ပါတယ်။

ကားလုံခြုံရေး black box ကင်မရာ တစ်ခုက ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ရက် မီဒီယာပေါ် ပျံ့နှံ့လာရာမှာတော့ မြင့်မားတဲ့ ထောက်တိုင်တွေပေါ် တင်ဆောက်ထားတဲ့ မိုးပျံတံတားကြီးရဲ့ အပိုင်းနှစ်ခု ရုတ်တရက် ကွေးညွတ်လာပြီး အောက်ဖက်မှာ ရှိတဲ့ လမ်းပေါ် ကျိုးကျသွားတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ကျယ်ပြောတဲ့ လမ်းတံတား ပရောဂျက်ဟာ ဆောက်လုပ်ဆဲ အဆင့်မှာသာ ရှိနေပြီး အောက်ဖက်မှာ ခရီးသည်ယာဉ်တွေ ဖြတ်သန်း မောင်းနှင်မနေခဲ့ဘူးလို့ ဆိုပါတယ်။

ပြည်ထဲရေးနဲ့ လုံခြုံရေး ယာယီဝန်ကြီး ကိုကီဒေါင်က သက်ဆိုင်ရာ ဌာန အသီးသီး အနေနဲ့ ကယ်ဆယ်ရေး ကဏ္ဍမှာ အင်တိုက်အားတိုက် ကြိုးစား ဆောင်ရွက်ပေးကြဖို့ ညွှန်ကြားထားပါတယ်။

တံတားကြီး ရုတ်တရက် ကျိုးကျရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့က လူလုပ်တူးမြောင်း တစ်ခုထဲ ရောက်နေတဲ့ ငါးမန်းတစ်ကောင်ကို လူပေါင်း သိန်းနဲ့ချီပြီး လာရောက် ကြည့်ရှုနေကြပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားရဲ့ ပထမဆုံး ပြည်တွင်းဖြစ် တိုက်လေယာဉ်ဖြစ်တဲ့ KF-21 Boramaeရဲ့ ပထမဆုံး တစ်စီးကို အောင်အောင်မြင်မြင် ထုတ်လုပ်ပြီး လေတပ်ဆီ လွှဲအပ်ပေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

Facebook