Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေး၊ နယ်မြေ ပိုင်းခြားရေးတွေအတွက် ပူတင်နဲ့ ဆွေးနွေးမယ်လို့ ထရမ့်ပြော

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေး တွန်းအားပေးဖို့အတွက် သူဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ ဖုန်းဆက် ဆွေးနွေးသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေး တွန်းအားပေးဖို့အတွက် သူဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ ဖုန်းဆက် ဆွေးနွေးသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

စစ်အပြီး ယူကရိန်းမှာ ပိုင်ဆိုင်မှုဆိုင်ရာ ခွဲဝေရေး သဘောတူညီချက် တချို့ကို ကြိုတင် ရရှိထားပြီး ဖြစ်တယ်လို့ မတ်လ ၁၆ ရက်နေ့မှာ ထရမ့်က ပြောကြားခဲ့ပြီး သူနဲ့ ပူတင်ဟာ မတ်လ ၁၈ ရက်နေ့မှာ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ယူကရိန်းဟာ အမေရိကန် အစိုးရ အဆိုပြုတဲ့ ရက်ပေါင်း ၃၀ ကြာ ကနဦးအဆင့် အပစ်အခတ် ရပ်စဲရေး အစီအမံကို လိုက်နာသွားမယ်လို့ ကြေညာခဲ့ပြီး အမေရိကန်က ရုရှားကိုပါ အဲဒီ အဆိုအတွက် သဘောတူဖို့ တွန်းအားပေးနေပါတယ်။ ရုရှား သမ္မတ ပူတင်က စစ်ရပ်ဆိုင်းရေးအတွက် အမေရိကန်ရဲ့ အားထုတ်မှုကို မူအားဖြင့် လက်ခံပေမယ့် အသေးစိတ် ညှိနှိုင်းရမယ့် အပိုင်းတွေတော့ ရှိနေဆဲလို့ အစောပိုင်းတုန်းက မှတ်ချက်ပေးထားပါတယ်။

ထရမ့်ကတော့ လက်ရှိ အခြေအနေမှာ ရုရှားနဲ့ ကောင်းမွန်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေကြောင်း၊ အင်္ဂါနေ့ (မတ်လ ၁၈) ရက်နေ့မှာ သူဟာ ရုရှား သမ္မတ ပူတင်နဲ့ စကားပြောမှာဖြစ်ပြီး တစ်ခုခုကိုတော့ ကြေညာနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း သမ္မတ စီးတော်လေယာဉ် Air Force Oneပေါ်မှာ ထရမ့်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ ဖလော်ရီဒါမှာရှိတဲ့ မာအာလာဂို စံအိမ်ကြီးမှာ ပိတ်ရက်တွေ အနားယူခဲ့တဲ့နောက် အိမ်ဖြူတော်ကို ပြန်မယ့် ခရီးစဉ်အတွင်း သတင်းထောက်တွေကို အဲဒီကိစ္စ ထုတ်ပြောခဲ့တာပါ။

သီတင်းပတ်ကုန် နှစ်ရက်တာအတွင်း အလုပ်တွေ အများကြီး ပြီးစီးခဲ့ကြောင်း၊ ယူကရိန်း စစ်ပွဲကို အမှန်တကယ် အဆုံးသတ်နိုင်တော့မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ကြောင်း၊ ဒီကိစ္စက လက်တွေ့ ဖြစ်နိုင်ခြေရော၊ မဖြစ်မြောက်နိုင်သေးတာပါ ကြုံလာနိုင်ကြောင်း၊ ဒါပေမဲ့ အခြေအနေတွေကတော့ ကောင်းနေတယ်လို့ ယုံကြည်ကြောင်း ထရမ့်က ဆိုပါတယ်။

သူက စစ်ပွဲအပြီးမှာ နယ်မြေပိုင်ဆိုင်မှုတွေ ခွဲဝေသတ်မှတ်ရေး ကိစ္စကိုလည်း ပူတင်နဲ့ အသေအချာ ဆွေးနွေးရလိမ့်မယ်လို့ ဆက်ပြောပါတယ်။ စစ်ပွဲ မတိုင်ခင်တုန်းက အခြေအနေတွေနဲ့ ယှဉ်ရင် နယ်မြေ အများအပြားရဲ့ အခြေအနေတွေက လုံးဝဥဿုံ ကွဲပြား ခြားနားသွားပြီ ဖြစ်ကြောင်း၊ နယ်မြေတွေ၊ ဓာတ်အားပေး စက်ရုံတွေရဲ့ အကြောင်းကို သေချာ ဆွေးနွေးရမှာဖြစ်ပြီး အဲဒီအပိုင်းမှာ မေးခွန်းထုတ်စရာတွေလည်း အများကြီး ကျန်နေသေးကြောင်း ထရမ့်က မှတ်ချက်ပေးသွားပါတယ်။

တစ်ဖက်မှာလည်း အဲဒီကိစ္စတွေရဲ့ အခြေခံကျတဲ့ အပိုင်းတွေကို ယူကရိန်းရော၊ ရုရှားနဲ့ပါ အမေရိကန်က တော်တော်များများ ဆွေးနွေး ညှိနှိုင်းပြီးပြီလို့ သတ်မှတ်နိုင်ကြောင်း၊ တချို့ ပိုင်ဆိုင်မှု ခွဲဝေရေး ကိစ္စတွေက အဖြေကြိုထွက်ထားပြီး ဖြစ်ကြောင်းလည်း ထရမ့်က ပြောကြားသွားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်ဖို့ အကောင်းမြင် မျှော်လင့်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။